#World_Science
Published 06 October 2024


▪️ နယူးယော့ခ်အခြေစိုက် ဉာဏ်ရည်တုနဲ့ ဇီဝနည်းပညာကုမ္ပဏီ Immunai Inc က ဆေးဝါးကုမ္ပဏီကြီး အက်စ်ထရာဇန်နီကာနဲ့ ပူးပေါင်းကာ ကင်ဆာလက်တွေ့စမ်းသပ်ချက်များ တိုးမြှင့်လုပ်ဆောင်မယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

 

▪️ Immunai ရဲ့ခုခံအားဆဲလ်တွေနဲ့ ခုခံအားစနစ် AI ပုံစံ Immunodynamics Engine အပေါ် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

▪️ သဘောတူညီချက်များအရ အက်စ်ထရာဇန်နီကာက Immunai ရဲ့ စက်ပစ္စည်း နည်းပညာများကို အသုံးချကာ ကင်ဆာလက်တွေ့စမ်းသပ်ချက်အချို့ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

▪️ အစပိုင်းအဆင့်တွေမှာ စမ်းသပ်ချက် ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်တွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။

 

▪️ Immunai အနေနဲ့ ဒီအဆင့်အတွက် ဒေါ်လာ ၁၈ သန်းရရှိနိုင်မှာဖြစ်ပြီး အက်စ်ထရာဇန်နီကာက ပူးပေါင်းဆောင်ရွက်မှု အချိန်တိုးချဲ့မယ့် အခွင့်အရေး ရှိနေပါတယ်။

 

▪️ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကင်ဆာနဲ့ ခုခံအားစနစ်တို့ရဲ့ ဖွံ့ဖြိုးမှုပိုင်းမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဖြစ်တယ်လို့ Immunai စီအီးအို နွမ်ဆိုလိုမွန်က ပြောပါတယ်။

 

▪️ အက်စ်ထရာဇန်နီကာ ကင်ဆာသုတေသနမှ အစ်ကာဟွာဂါက Immunai ထံမှ ဆန်းသစ်နည်းပညာများ အသုံးပြုပြီး ပူးပေါင်းခွင့်ရတာကို အလွန်ကျေနပ်မိကြောင်း ပြောပါတယ်။

 

▪️ ထိုကုမ္ပဏီနှစ်ခုဟာ ၂၀၂၂ တည်းက ဆက်တိုက်ပူးပေါင်းဆောင်ရွက်လာပြီး လက်တွေ့စမ်းသပ်ချက်များအတွက် အဖိုးတန်တဲ့ အချက်အလက်တွေ ရရှိထားပြီး ဖြစ်ပါတယ်။

 

▪️ Immunai ကုမ္ပဏီက ဇီဝနည်းပညာနယ်ပယ်မှာ အလျင်အမြန် နာမည်ရလာသူဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၇၀ ပါဝင်ကာ ဆေးဝါးဦးဆောင်ကုမ္ပဏီများ၊ အဖွဲ့အစည်းများနဲ့ မိတ်ဖက်မှုပေါင်း ၃၀ ကျော် ရယူထားပါတယ်။

 

▪️ ယခုအချိန်ထိ ရန်ပုံငွေ ဒေါ်လာသန်း ၂၇၀ နီးပါး ရရှိထားကာ ဆေးဝါးရှာဖွေ ထုတ်လုပ်မှုပိုင်းမှာ AI ရဲ့လုပ်ဆောင်နိုင်စွမ်းကို ဆက်လက်ချဲ့ထွင်နေပါတယ်။

 

#Source: The Jerusalem Post