#Local_News
Published -7Oct 2024


▪️ ဒေါက်တာဇော်မြင့်မောင် ၏ရုပ်အလောင်းကို မနက်ဖြန် အောက်တိုဘာလ ၈ ရက်အင်္ဂါနေ့နံနက် ၁၀ နာရီအချိန်တွင် ကျွဲဆည်ကန် (၃)လမ်း ‌နေအိမ်မှ
တောင်အင်းမြောက်အင်း သုဿာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေရသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီအချိန်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 

▪️ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၉ နှစ်ထိ ချမှတ်ခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်သောကြောင့်မန္တလေး အိုဘိုအကျဉ်းထောင်ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးဆိုးရွားလာသောကြောင့် မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းလည်းဖြစ်သည်။

 

▪️ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့အောက်တိုဘာလ ၆ ရက်က အိုဘိုအကျဉ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။

 

▪️ ဒေါက်တာဇော်မြင့်မောင်သည်ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 

#Yangon -Times/PP