#Local_News
Published 7 October 2024


▪️ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဟောင်ကောင် အမျိုးသမီးအသင်းများ ခြေစမ်းပွဲကို ရန်ကုန်မြို့၌ ယခုရက်ပိုင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း  MFF မှ သိရသည်။

 

▪️ အဆိုပါ ခြေစမ်းပွဲအားအောက်တိုဘာ (၂၃)ရက်နှင့်(၂၆)ရက်တို့တွင်နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။

 

▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့်ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့သည် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင်နောက်ဆုံးတွေ့ဆုံခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါပွဲ၌  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိထားကြောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမလူစာရင်တွင်လည်း အ တွေ့အကြုံရှိ ကစားသမားများနှင့်  လူငယ်ကစားသမားများကိုလည်း ထည့်သွင်းရွေးချယ်ထားကြောင်း သိရသည်။

 

▪️ ထို့အပြင် ပဏာမ မြန်မာ့လက်‌ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဖိလစ်ပိုင် နိုင်ငံကနိုဝင်ဘာ ၁၆မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်မှုများကို စက်တင်ဘာ ၃၀ ရက်က စတင်ပြုလုပ်ခဲ့သည်။

 

▪️ အဆိုပါပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် နေထိုင်ပြီး MFF Futsal Stadium၌ လေ့ကျင့်မှုများ ပြုလုပ်သွားလျှက်ရှိကြောင်း  သိရသည်။

 

#YMG/NN #Yangon_Times