#Local_News
Published 10 October 2024

▪️ ဧရာဝတီလင်းပိုင်သားအမိအား ကယ်တင်၍ ရေနက်ပြီး ဘေးကင်းရာနေရာသို့ပြန်လွတ်နိုင်ခဲ့ကြောင်းဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်းမှ
သိရသည်။

 

▪️ ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူများသည် မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄နာရီ ၂၉ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ် ၊ ဇုက္ကလိကျေးရွာအုပ်စု ၊ ကျွန်းသာယာ အပြင်သောင်အတွင်း ဧရာဝတီလင်းပိုင် သားအမိ ၂ ကောင်အား စတင်တွေ့ရှိပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြရာ ဧရာဝတီလင်းပိုင်အမကြီးမှာ အလျား ၅.၆ ပေခန့်ရှိပြီး ၊ ၎င်း၏ကလေးငယ်မှာ ၂.၅ ပေခန့်ရှိကြောင်းသိရသည်။

 

▪️ အဆိုပါ သားအမိအားရေနက်ပြီး ဘေးကင်းရာနေရာသို့ ရွေ့ပြောင်းရန် မုသင်ကျေးရွာဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်များ စုပေါင်း၍ လှေဖြင့်တင်ဆောင်ကာ ရေကြောင်းနက်သည့်နေရာသို့ ရွေးချယ်ရွေ့ပြောင်းကာပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း၊  ညနေ ၄ နာရီ ၅၂ မိနစ်အချိန်တွင် အောင်မြင်စွာ လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

▪️ ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ် )နှင့် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့သည့် အရေးကြီးထိန်းသိမ်းရမည့် မျိုးစိတ်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times