#World_News
Published 10 October 2024


▪️ အစ္စရေးလ်နဲ့ အီရန်တို့ တင်းမာမှုမြင့်တက်နေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူတို့ ဗုဒ္ဓဟူးနေ့က ဖုန်းပြောဆိုခဲ့ကြပါတယ်။

 

▪️ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က အီရန်ကို တိကျပြတ်သားစွာဖြင့် မထင်မှတ်တဲ့အချိန်မှာ တိုက်ခိုက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

 

▪️ အစ္စရေးလ်တို့ဟာ အီရန်နဲ့ အီရန်နောက်ခံပြု ဟက်ဇ်ဘိုလာ၊ ဟားမတ်စ်တို့နဲ့ ပဋိပက္ခများ မြင့်တက်နေချိန်မှာ ဩဂုတ်လနောက်ပိုင်း ဘိုင်ဒင်နဲ့ နေတန်ညာဟူတို့ မိနစ် ၃၀ ကြာ ပထမဆုံးပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 

▪️ ဖုန်းပြောဆိုမှုက အလွန်အကျိုးရှိခဲ့သလို ခေါင်းဆောင်နှစ်ဦး သဘောထား ကွဲလွဲမှုများရှိခဲ့ပြီး ပွင့်လင်းစွာ ပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော် စာနယ်ဇင်း အတွင်းရေးမှူး ကာရင်ရှောင်ပီယာရဲက သတင်းထောက်တွေကို ပြောသွားပါတယ်။

 

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီရန်ဘက် ဒုံးကျည်ပစ်ခတ်မှုတစ်ခုကို အစ္စရေးလ်တို့ ဘယ်လိုလက်စားချေမလဲဆိုတာ စောင့်ကြည့်နေရပါတယ်။

 

▪️ ဂဲလန့်က "ကျွန်ုပ်တို့ကို လာတိုက်ခိုက်တဲ့သူမှန်သမျှ ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။ တိုက်ခိုက်မှုက တိကျပြတ်သားပြီး ဘယ်အချိန် ဘာဖြစ်သွားမှန်း သိလိုက်မှာ မဟုတ်ပါဘူး" လို့ ပြောကြားသွားပါတယ်။

 

▪️ နေတန်ညာဟူကလည်း အီရန်ကို တုန့်ပြန်သွားမှာဖြစ်တယ်လို့ ကြုံးဝါးထားရာ ဒေသတွင်းမှာ အပျက်အစီးများပြီး အမေရိကန် ပါဝင်လာမှာကို စိုးရိမ်လာရပါတယ်။

 

▪️ ဂါဇာအရေး၊ ဟက်ဇ်ဘိုလာပဋိပက္ခတို့မှာ အစ္စရေးလ်ခေါင်းဆောင်ပိုင်းက ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး ဘိုင်ဒင်နဲ့ နေတန်ညာဟူတို့ကြား ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

 

▪️ အစ္စရေးလ်တို့ ဘေးမကင်းသေးသရွေ့ စစ်ရေးလုပ်ဆောင်ချက်များ ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

 

▪️ ဗုဒ္ဓဟူးနေ့ ဖုန်းပြောဆိုမှုက အကျိုးရှိပြီး အမေရိကန်ရဲ့ ထောက်ပံ့မှုကို အသိအမှတ်ပြုပါတယ်လို့ ကုလဆိုင်ရာ အစ္စရေးလ်သံအမတ် ဒန်နီဒါနန်က သတင်းထောက်များကို ပြောသွားပါတယ်။

 

▪️ အစ္စရေးလ်တို့ စစ်ရေးဆောင်ရွက်နေတာတွေကို အမေရိကန်အရာရှိများ ကြိုတင်မသိရှိရတဲ့အတွက်လည်း ယင်းတို့ကြား ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

 

#Source: Reuters