Published_10 Oct 2024
ပအိုဝ်းအမျိုးသားတို၏အေးချမ်းသာယာဖွံဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတိုကိုရှေ့ရှုလျက် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲချုပ်၏ ဖွဲစည်းပုံအခြေခံဥပဒေများနှင့်အညီ အရေးပေါ်အခြေအနေတွင် ဦးဆောင်နာယ အနေ ဖြင့် ဥက္ကဋ္ဌ တာဝန်ယူ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)(NCA-S)ကို ပြန်လည်ဖွဲစည်း ဆောင်ရွက်ကာတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လမ်းစဉ်နှင့်အညီ ဆက် လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်(PNLO)က ထုတ်ပြန်လိုက် သည်။
ယမန်နေ့ အောက်တိုဘာလ ( ၉ )ရက်က ထုတ်ပြန်သည့်အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိဥက္ကဋ္ဌသည် အဖွဲ ၏မူဝါဒလမ်းစဉ်များနှင့် သွေဖယ်လျက် (NCA)ကိုပစ်ပယ်ပြီး ပအိုဝ်းအမျိုးသားတို၏ အေးချမ်းသာယာ ဖွံဖြိုးမှုကို ထိခိုက်စေသော ဒေသတွင်းတိုက်ပွဲများဖော်ဆောင်လာသောကြောင့် ပအိုဝ်းအမျိုးသား ဒေသအများ စုတည် ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ဆုံးရှုးခဲ့ရကြောင်း ဖော်ပြထား သည်။
ယင်းကြောင့် လက်တလောအခြေအနေအရ ဦးဆောင်အဖွဲကို ပြန်လည်ဖွဲစည်းရာတွင် ဥက္ကဌအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် နန်း ယဉ်ယဉ်စိုးတို က တာဝန်ယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားတို၏ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်မှုကိုအခြေခံ၍ ပအိုဝ်းအမျိုးသားခေါင်း ဆောင် ကြီးများက ၁၉၄၉ခုနှစ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ PNLOကို စတင်ဖော် ဆောင်ခဲ့ ကြကာ ၁၉၅၈ ခုနှစ်တွင် ဖြားဗွာဦးလှဖေ ဦးဆောင်၍ ဒီမိုကရေစီနှင့် လက်နက် လဲလှယ်ခဲ့ကြောင်းလည်း သိရသည်။
၁၉၇၆ခုနှစ်တွင် PNLO ကို PNO/PNA သို အမည်ပြောင်းခဲ့ပြီး ၁၉၉၁ ခုနှစ် ဧပြီလတွင် ဦးအောင်ခမ်းထီ ခေါင်း ဆောင်သော PNO/PNAသည် ဥပဒေဘောင်အတွင်းသို ဝင်ရောက်ခဲ့ကြောင်း၊ ၁၉၉၁ခုနှစ် အောင်တိုဘာလ တွင်ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်၍ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ (PPLO) ကိုဖွဲစည်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် PNLO အဖွဲအဖြစ်သို ပြန်လည်ဖွဲစည်းခဲ့ကြောင်းလည်း သိရသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော PNLO သည် ၂ဝ၁၅ ခုနှစ်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူ စာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တရားဝင်မှုရယူပြီး ပအိုဝ်းအမျိုးသားတို၏ တန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးကို ဆက်လက်ဆောင်ရွက် ခဲ့ကြောင်း၊PNLOသည် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်မှုကို စတင်ခဲ့ပြီး ဒီမိုကရေစီ နည်းလမ်းတ ကျဖြင့် အလှည့်ကျ ဥက္ကဋ္ဌများကို ရွေးချယ်တင် မြှောက်ကာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ဦးဆောင်နာယက အဖြစ်သာ မူဝါဒကို ထိန်းသိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Yangon_Times/PP