#Local_News
Published 11 October 2024

▪️ မန္တလေးမြို့တွင်ယနေ့ မနက် ၁၁နာရီ၁၁ မိနစ် ဝန်းကျင် အချိန်၌ ပြင်းအား 4.6 Mag ရှိ ငလျင် လှူပ်ခတ်မှုရှိခဲ့ ကြောင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့  - မန္တလေးတိုင်းဒေသကြီး ကော်မတီမှ သိရသည်။

 

▪️"မန္တလေးမှာ ငလျင်လှုပ်သွားတာဟုတ်ပါတယ်၊ သိပ်ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပါဘူး၊ တစ်ချို့ဆိုလှုပ်တာတောင် မသိလိုက်ဘူး၊ လူအသေအပျောက်မရှိ နိုင်ပါဘူး၊ စစ်ကိုင်းလည်းပါတယ်လို့တစ်ချို့‌ပြောပါတယ်၊ ကျွန်တော်တို့ ဆက်လက်အတည်ပြုနေပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့  -မန္တလေးတိုင်းဒေသကြီး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရုကိုအတည်ပြုပြောကြားသည်။

 

▪️ ထို့အပြင်  မိမိတို့ပတ်ဝန်းကျင်တွင် ထူးခြားမှုဖြစ်စဉ်များ ရှိခဲ့ပါက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့  - မန္တလေးတိုင်းဒေသကြီး ကော်မတီသို့ ဆက်သွယ် အကူညီတောင်းခံနိုင်ကြောင်း သိရသည်။

 

▪️ ကမ္ဘာပြတ်ရွေ့ရပ်ဝန်းများတစ်နေရာ ၄၈ နာရီကျော်ဝန်းကျင် အင်အားပြင်းမြေငလျင် မဂ္ဂနီကျု ၆.၅ နှင့်အထက် အထူးသတိပြုရန်မြေငလျင်သတင်းများစင်တာ မှ အောက်တိုဘာလ ၁၀ ရက် နေ့ကလည်း သတိပေးထားသည်။

 

▪️ ထို့အပြင် ယင်းနေ့မနက် ၇နာရီ ၄၀မိနစ် အချိန်က မြန်မာနိုင်ငံပြင်ပ၊ ရန်ကုန်တိုင်းဒေသကြီးမှတောင်ဘက်ပိုင်း၊ ရန်ကုန်မြို့မှအ‌နောက်တောင်ဘက် ၃၄၀ မိုင်ခန့်အကွာ၊ ဖျာပုံမြို့မှအနောက်တောင်ဘက်ပိုင်း ၂၈၇ မိုင် ခန့်ဝေးသည့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းအလွန် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်အနက် ၅၀ မိုင်ကိုဗဟိုပြုကာ မဂ္ဂနီကျု  ၄.၂ အဆင့် မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times