#Local_News
Published 11 October 2024

▪️ ကလေးရရှိရန် ခက်ခဲသောစုံတွဲများအတွက် အခုနှစ်အတွင်းဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး) တွင် LEVEL-2 FERTILITY CLINIC ဖွင့်လှစ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ LEVEL-2 FERTILITY CLINIC ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၇)ရက်အထိ စုစုပေါင်းလူနာ (၁၃) ဦး ကြည့်ရှုခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ 

 

▪️ အဆိုပါ LEVEL-2 FERTILITY CLINIC ကို ပါမောက္ခ၊ဌာနမှူး (သားဖွားမီးယပ်)မှ ကြီးကြပ်၍ အထူးကုဆရာဝန် (မီးယပ်မှန်ပြောင်းကြည့်)နှင့် လက်ထောက်ဆရာဝန် (သားဖွားမီးယပ်)တို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန် (သားဖွားမီးယပ်)များမှ ကလေးရရှိရန် ခက်ခဲသော စုံတွဲများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုပေးလျက်ရှိကြောင်းလည်း သိရသည်။

 

#YMG/tthl #Yangon_Times