#Local_News
Published 11 October 2024


▪️ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့ မနက်ပိုင်း၌ အဝေးပြေးယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံပို့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ အောက်တိုဘာ ၁၁ ရက်နေ့၊ မနက်၄နာရီ ခွဲ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅)နှင့်(၂၃၄/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ ထို့နောက် ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၁)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၅)ဦးအနက် ယာဉ်ပေါ်ပါ ကျား(၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times