#Local_News
Published 18 July 2024
▪️ ပြည်သူများသုံးစွဲသည့်ဆေးဝါးများ ဘေးကင်းလုံခြုံစေရေးအတွက်ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်အား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှတာဝန်ရှိသူများယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ရွှေပြည့်စုံဈေးအတွင်း ဆေးဝါးဖြန့်ချီရေးဆိုင်အား ရှောင်တခင် စစ်ဆေးရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည်မြို့နယ်ဆေးဆိုင်ဆေးခန်းကြီးကြပ်ရေးကော်မတီနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#NN #Yangon_Times
#World_Science
Published 18 July 2024
▪️ ကျွန်ုပ်တို့ နေစကြဝဠာအဖွဲ့အစည်းမှာ ဂြိုဟ် ၈ ခုရှိပြီး ပလူတိုဆိုတဲ့ ဂြိုဟ်သိမ်တစ်ခုရှိတာကို သိရှိထားပါတယ်။
▪️ အခုတော့ ကမ္ဘာဂြိုဟ်အနီးရှိ အော့တ်တိမ်တိုက်တွေထဲမှာ နောက်ထပ်ဂြိုဟ်တစ်ခု ပုန်းကွယ်တည်ရှိနေနိုင်ခြေ ၇ ရာခိုင်နှုန်းရှိတယ်လို့ နက္ခတ္တပညာရှင်များ သံသယရှိနေပါတယ်။
▪️ အော့တ်တိမ်တိုက်ဆိုတာက အာကာသထဲက လုံးဝန်းတဲ့နေရာတစ်ခုဖြစ်ပြီး ရေခဲချွန်များ ကျောက်တုံးများဖြင့်ပြည့်နေကာ နေကနေ အဆပေါင်းသိန်းချီ ဝေးကွာပါတယ်။
▪️ ဒီလိုပုန်းကွယ်နေတဲ့ ဂြိုဟ်တွေက သေချာပေါက် တည်ရှိသင့်ပေမယ့် သိပ်ပြီးအလေးမထားခဲ့ကြဘူးလို့ ဂြိုဟ်သိပ္ပံအင်စတီကျုမှ နက္ခတ္တပညာရှင် နေသန်ကိတ်ဘ်က ပြောပါတယ်။
▪️ ဒီလိုဂြိုဟ်တွေက ကြီးမားတဲ့ဆွဲငင်အားရှိပြီး အခြားဂြိုဟ်ကို လှုပ်ခတ်စေနိုင်ပါတယ်။
▪️ ဂြိုဟ်တစ်ခုက နေစကြဝဠာထဲကနေ အပြင်ဘက်ကို လုံးဝရောက်သွားနိုင်ပါတယ်။
▪️ အော့တ်တိမ်အတွင်းရှိ ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ရဲ့ လည်ပတ်မှုပုံစံနဲ့ အလွန်ကွဲပြားနိုင်ခြေလည်း ရှိပါတယ်။
▪️ ယင်းဂြိုဟ်တွေက အလွန်ဝေးတာကြောင့် သိပ္ပံပညာရှင်များ ရှာတွေ့ဖို့ ခက်ခဲပါတယ်။
▪️ နပ်ကျွန်းအရွယ်အစားရှိတဲ့ ဂြိုဟ်သာ ဒီတိမ်တိုက်မှာရှိရင် တွေ့ရှိနိုင်မှာမဟုတ်ဘူးလို့ MIT Malena Rice မှ နက္ခတ္တပညာရှင်က ပြောသွားပါတယ်။
▪️ တစ်ခါတလေမှာ အလင်းနှစ်ရာချီဝေးတဲ့ ဂြိုဟ်တွေကို အလွယ်တကူ ရှာတွေတတ်တယ်လို့လည်း ဆိုပါတယ်။
#Source: WION
#Local_News
Published -18 July 2024
▪️ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း၊နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်းသိရသည်။
▪️ နစကဥက္ကဋ္ဌက အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ယင်းနောက် နစက ဒုဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာ တော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့် ဇနီး၊နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#Yangon -Times/PP
#World_Health
Published 18 July 2024
▪️ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိန်းသိမ်းဖို့က လူ့ဘဝရဲ့ ကဏ္ဍအသီးသီးအတွက် အရေးကြီးပါတယ်။
▪️ လမ်းလျှောက်ခြင်းဖြင့် နှလုံးသွေးကြော ကျန်းမာရေးကောင်းစေတဲ့အပြင် ကြွက်သားများ သန်မာစေခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်း၊ အသက်ရှူစနစ် ကောင်းမွန်ခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
▪️ ဒါ့အပြင် စိတ်ဖိစီးမှု၊ ပူပန်မှုတို့ကိုလည်း လျော့ကျစေတာကြောင့် လမ်းလျှောက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုထောက်ကူပေးလဲဆိုတာ ဖော်ပြသွားပါမယ်။
▪️ (၁) အင်ဒေါ်ဖင်းဟော်မုန်း ထွက်တဲ့အတွက် ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မြှင့်တင်ပေးပါတယ်။
▪️ (၂) စိတ်အခြေအနေကို တိုးတက်စေပြီး စိတ်ဓာတ်ကျခြင်း လက္ခဏာကို သက်သာစေပါတယ်။
▪️ (၃) ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်အနေအထားကို ထိန်းသိမ်းနိုင်ကာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာစေပါတယ်။
▪️ (၄) ဖိစီးမှုနဲ့ ပူပန်မှုကို လျှော့ချပေးတာကြောင့် အိပ်စက်မှုကိုလည်း ကောင်းမွန်စေကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
▪️ (၅) အပေါင်းအပါတွေနဲ့ လမ်းလျှောက်တဲ့အခါ အထီးကျန်မှု မခံစားရဘဲ ပေါင်းသင်းဆက်ဆံရေး တိုးတက်စေပါတယ်။
▪️ (၆) ဦးနှောက်လုပ်ဆောင်ချက်များကို လှုံ့ဆော်ပေးပြီး စွမ်းဆောင်ရည်များကို မြှင့်တင်ပေးပါတယ်။
▪️ (၇) စိတ်ပိုင်းဆိုင်ရာကို ရှင်းလင်းပေးကာ တီထွင်ဖန်တီးမှုကို မြှင့်တင်ပေးပါတယ်။
▪️ (၈) ဦးတည်ချက်တစ်ခုကို ခိုင်မာစေပြီး ကျန်းမာတဲ့အလေ့အကျင့်များ လုပ်ဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။
▪️ (၉) စိတ်ကို သတိကပ်စေပြီး လက်ရှိကို အာရုံစိုက်နိုင်အောင် ကူညီပေးကာ ကိုယ်တွင်းလုပ်ဆောင်ချက်များကို ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
တရုတ်သဘာဝကျောက်နံရံတောင်တက်ပွဲဖြစ်တဲ့ ၂၀၂၄ ပိုမီဂရဲနိတ်ဖလားကို တရုတ်ပြည် ကန်ဆုပြည်နယ် တင်ရှီမြို့မှာ စနေတနင်္ဂနွေနေ့တွေမှာ ကျင်းပခဲ့ပြီး ပြည်နယ်နဲ့ဒေသပေါင်း ၁၃ ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
#Asia_Sport
Published 17July 2024
#တင်ရှီမြိုကျဲ့ယန်တောင် #တောင်တက်ပြိုင်ပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 July 2024
၁။ သက်သာသည့်ဈေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချမှုစတင်
၂။ မိုးခေါင်ခြင်း၊ မြစ်ရေနစ်မြုပ်ခြင်းကြောင့် မိုးမြေပဲနှင့်သီးနှံအချို့ ဆုံးရှုံးမှုရှိ၍ ပြန်စိုက်ပျိုးရမည်
၃။ 'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ'သို့ မြန်မာလှေလှော်အသင်း ပါဝင်ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲစပြိုင်မည်
၄။ တရုတ်သဘာဝကျောက်နံရံတောင်တက်ပြိုင်ပွဲကြီး တင်ရှီမြို့ကျဲ့ယန်တောင်၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တွေကို လှော်ကားရေလှောင်ကန်အပါအဝင် ရေသန့်စင်စက်ရုံများမှ နေ့စဉ်ရေဂါလန် ၂၃၇ သန်း ဖြန့်ဝေပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က သိရပါတယ်။
#Local_News
Published 17 July 2024
#ရေသန့်စင်စက်ရုံ #နေ့စဉ်ရေဂါလန်၂၃၇သန်း
#NN #Yangon_Times
နယ်ကနေတိုက်ပွဲရှောင်ရင်း ရန်ကုန်ရောက်လာသူတွေရှိလို့ ရန်ကုန်မှာ ထူးထူးခြားခြား ဒီနှစ်မှာဝါမဝင်ခင် အိမ်ငှားရမ်းသူ၊ (၆)သောင်း(၇) သောင်းတန်အိမ်ထောင်သည် အဆောင်ငှားသူတွေ အပြည့်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 July 2024
#နေအိမ်နှင့်အဆောင်ငှားရမ်းသူ #အိမ်ခြံမြေအကျိုးဆောင်
#tthl #Yangon_Times
#Local_News
Published 17 July 2024
▪️ ယခုလ ၁၀ရက်ကျော်ကာလအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူ လူနာ(၈၀၀)ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ယမန်နေ့(တစ်ရက်အတွင်း)လူနာသစ် (၇၄)ဦးထိရှိခဲ့ရာ(၁၀)ရက်တာကာလအတွင်း ဆေးရုံတက်ကုသရသည့်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူ လူနာ(၈၅၃)ဦးထိရှိခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးရှိဆေးရုံများ၌ ဝမ်းပျက်ဝမ်းလျော ရောဂါဖြင့်ဆေးရုံ တက်ရောက်ကုသသူ လူနာဦးရေမှာ ဇူလိုင်၆ ရက်တွင် လူနာသစ် (၆၃) ဦး ၇ ရက်တွင် လူနာသစ် (၄၄)ဦး၊ ၈ရက်တွင်လူနာသစ်(၆၀)ဦး၊ ၉ ရက်တွင် လူနာသစ် (၆၄)ဦး၊ ၁၀ ရက်တွင်လူနာသစ် (၁၁၅)ဦး၊ ၁၁ ရက်တွင် လူနာသစ် (၈၄)ဦး၊ ၁၂ ရက်တွင် လူနာသစ် (၁၀၄)ဦး၊ ၁၃ ရက်တွင် လူနာသစ် (၇၂)ဦး ၊၁၄ ရက်တွင် လူနာသစ် (၇၇)ဦး ၊ ၁၅ ရက်တွင် လူနာသစ် (၉၆)ဦး၊ ၁၆ရက်တွင်လူနာသစ် (၇၄)ဦးရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် ဇူလိုင် ၆ ရက်မှ ၁၆ ရက် အထိဆေးရုံ တက်ရောက်သူ ၈၅၃ ရှိခဲ့ပြီး ပြန်ဆင်းသူ ပေါင်း(၇၀၅)ဦးထိရှိခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင်မူစာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဈေးများတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NN #Yangon_Times
မြန်မာလှေလှော်အသင်းဟာ ရုရှားမှာကျင်းပခဲ့တဲ့ နဂါးလှေလှော်ပြိုင်ပွဲမှာ ရွှေဆုနှစ်ဆုနဲ့ နိုင်ငံအလိုက်ပထမဆု ဆွတ်ခူးခဲ့တဲ့ အတွက် တရုတ်မှာကျင်းပမယ့် 'ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ'မှာလည်း ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 July 2024
#'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ' #လက်ရည်စစ်ပွဲစပြိုင်
#tthl #Yangon_Times
မကွေးမှာ မိုးခေါင်တာ၊ မြစ်ရေနစ်မြုပ်တာတွေကြောင့် မိုးမြေပဲများ ဆုံးရှုံးမှုရှိလို့ ပြန်လည် စိုက်ပျိုးရမှာ ဖြစ်တယ်လို့ မြေပဲစိုက်တောင်သူတွေထံမှ သိရပါတယ်။
#Local_News
Published 17 July 2024
#မိုးမြေပဲနှင့်သီးနှံအချို့ #ဆုံးရှုံးမှုရှိ၍ပြန်စိုက်ပျိုးရ
#tthl #Yangon_Times
ဆေးကုမ္ပဏီတွေကနေပြည်သူတွေ လိုအပ်နေတဲ့ဆေးဝါးတွေကို တိုက်ရိုက်ရောင်းချပေးမှု ဒီကနေ့ ရန်ကုန်မြို့မှာစတင် ရောင်းချပေးနေပြီလို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) ကနေ ထုတ်ပြန်လာပါတယ်။
“ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်မှာရှိတဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အဦးမှာ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်ကစပြီး ပြုလုပ်သွားမှာပါ။
#Local_News
Published 17 July 2024
#ဆေးပစ္စည်းလုပ်ငန်းရှင်များ #တိုက်ရိုက်ရောင်းချမှုစတင်
#NN #Yangon_Times
Page 389 of 1734