#World_Health
Published 08 June 2025
▪️ ရေမွှေးစွတ်တာ လိုးရှင်းလိမ်းတာတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။
▪️ ရေမွှေးထဲက ပါဝင်ပစ္စည်းတွေက လူ့အရေပြားတဝိုက် လေတွေကို သန့်စင်စစ်ထုတ်ပေးတဲ့ အကာအကွယ်အလွှာကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပထမဆုံးအနေနဲ့ တွေ့ရှိထားပါတယ်။
▪️ အနံ့တွေကိုယ်တိုင်က လူ့ကျန်းမာရေးကို ထိခိုက်စေတာမဟုတ်ဘဲ အရေပြားမှ အကာအကွယ်လွှာကို နှောင့်ယှက်စေတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်ထားပါတယ်။
▪️ ကယ်လီဖိုးနီးယားအာဗင်းနဲ့ မက်စ်ပလန့်ခ်တက္ကသိုလ်မှ သုတေသီတွေက ၂၀၂၂ မှာ ဓာတ်တိုးစက်ကွင်းလို့ခေါ်တဲ့ အဆိုပါ အရေပြားအကာအကွယ်လွှာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ အရေပြားမျက်နှာပြင်ရှိ သဘာဝအဆီတွေက လေထဲက အိုဇုန်းနဲ့ဓာတ်ပြုကာ OH radical တွေ ဖြစ်လာစေပြီး သန့်စင်ပေးတဲ့အာနိသင်ရှိပါတယ်။
CK One ရေမွေးဆိုရင် အဆိုပါ အကာအကွယ်လွှာကို ၈၆ ရာခိုင်နှုန်း ပျက်စီးစေတယ်လို့ ဆိုပါတယ်။
▪️ အရေပြားရဲ့ အကာအကွယ်လွှာ ပျက်စီးခြင်းက ကျန်းမာရေးအတွက် ဆိုးစေလား ကောင်းစေလားဆိုတာ သေချာမသိရသေးပါဘူး။
▪️ ဒါပေမဲ့လည်း မွှေးပျံ့တဲ့အနံ့အားလုံးက သက်ရောက်မှုရှိစေတာ မဟုတ်ပါဘူး။
▪️ လာဗင်ဒါဆီမှာ ၃ ပုံ ၁ ပုံမျှပါဝင်တဲ့ လီနာလူဆိုရင် OH အလွှာကို ၁၀ ရာခိုင်နှုန်းလောက်သာ လျော့နည်းစေပါတယ်။
▪️ ယခင်လေ့လာချက်တွေမှာတော့ အကာအကွယ်လွှာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက အသက်ရှူလမ်းကြောင်း ပိုကောင်းစေခြင်း၊ ရောင်ရမ်းမှုလျှော့ချပေးခြင်း၊ ဇီဝဗေဒဖိစီးမှု လျှော့ချခြင်း၊ သွေးကြောများကျန်းမာစေခြင်းနဲ့ သွေးဖိအားတိုးတက်စေခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
#Source: The Telegraph