#World_Science
Published 08 June 2025
▪️ လူတွေရဲ့သွားတွေ နုတ်လိုက်တာနဲ့ ပြန်မပေါက်နိုင်တော့ဘဲ အပေါက်ဖြစ်ကျန်ခဲ့ရင်ကျန် ဒါမှမဟုတ် သွားတုထည့်သွင်းရပါတယ်။
▪️ ဒါပေမဲ့ ဂျပန်သိပ္ပံပညာရှင်တွေကတော့ သွားတွေပြန်ထွက်လာစေမယ့် ဆေးကိုစမ်းသပ်နေပြီး လူသားအဆင့်စမ်းသပ်မှုတွေတောင် ပြုလုပ်နေပါပြီ။
USAG-1 ဆိုတဲ့ ပဋိဇီဝပစ္စည်းဟာ ကြွက်တွေမှာ သွားပြန်ပေါက်ခြင်းကို တားဆီးတယ်လို့ တွေ့ခဲ့ကြပါတယ်။
▪️ ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကတော့ BMP လို့ခေါ်တဲ့ အရိုးပရိုတိန်းတစ်မျိုးက USAG-1 ကို တားဆီးနိုင်တာ တွေ့ခဲ့ကြပါတယ်။
▪️ ဒါကြောင့် USAG-1 ကို ပိတ်ပင်လိုက်ရင် သွားပြန်ထွက်ခြင်းကို အားပေးနိုင်မှာ ဖြစ်ပေမယ့် လုံလောက်နိုင်ပါ့မလားဆိုတာတော့ မသိကြကြောင်း ကတ်ဆုတာကာဟာရှီက ပြောသွားပါတယ်။
▪️ လူသားစမ်းသပ်မှုက ၁၁ လကြာမှာဖြစ်ပြီး အသက် ၃၀ မှ ၆၄ နှစ်ကြား ယောက်ျားအယောက် ၃၀ ကို သွေးကြောထဲ ဆေးထိုးသွင်းမှာဖြစ်ပါတယ်။
▪️ လူသားစမ်းသပ်မှု အောင်မြင်ရင် အသက် ၂ နှစ်မှ ၇ နှစ်ကြား ကလေးတွေမှာ ပေးမှာဖြစ်ပြီး ၂၀၃၀ အရောက်မှာ သွားပြန်ထွက်နိုင်မယ့်ဆေးရရှိရန် မျှော်မှန်းနေကြပါတယ်။
▪️ အရင်ဆုံးတော့ မွေးရာပါ သွားချို့ယွင်းသူတွေကိုသာ အရင်ပေးသွားမှာဖြစ်ပါတယ်။
▪️ သွားပြန်ပေါက်တဲ့ သတ္တဝါအချို့တော့ တွေ့ရှိဖူးကာ ငါးမန်းတွေဆိုရင် သွားပြန်ပေါက်နိုင်ပါတယ်။
▪️ ငါးမန်းတွေရဲ့ မေးရိုးမှာ သွားအသစ်အမြဲတမ်းရှိနေပြီး ရှေ့ကသွားက မကောင်းတော့တဲ့အခါ ထွက်လာကြပါတယ်။
#Source: WION