#World_Health
Published 09 June 2025
▪️ ဗိုက်တာမင်-ဒီ ဖြည့်စွက်အားဆေးတွေက အသက်ကြီးလာတဲ့အခါ တိုတောင်းသွားတဲ့ ခရိုမိုဆုန်းအဆုံးသတ်နားက ဒီအင်န်အေဆက်ကြောင်း တီလိုမယ်ရာတွေ ဆုံးရှုံးလာခြင်းကို တားဆီးပေးပြီး ဆဲလ်အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ VITAL လို့ခေါ်တဲ့ စမ်းသပ်မှုကြီးတစ်ခုမှာ ဗိုက်တာမင်-ဒီ ဖြည့်စွက်ဆေးတွေက အသက်အရွယ်နဲ့ သက်ဆိုင်တဲ့ရောဂါများအပေါ် ကာကွယ်ပေးနိုင်စွမ်းရှိပုံကို တွေ့ရှိခဲ့ကြတယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျိုအန်မန်ဆန်က ပြောသွားပါတယ်။
▪️ ဗိုက်တာမင်-ဒီက ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် အဆင့်မြင့်ကင်ဆာများနဲ့ အသက်အန္တရာယ်၊ ကိုယ်ခံအားဆိုင်ရာ ရောဂါများကိုပါ လျှော့ချပေးနိုင်တာကို သိပြီးသားဖြစ်ပါတယ်။
▪️ VITAL စမ်းသပ်ချက်ထဲမှာ အသက် ၅၅ နှစ်နဲ့အထက် အမျိုးသမီးတွေနဲ့ အသက် ၅၀ နဲ့အထက် အမျိုးသား စုစုပေါင်း ၂၆,၀၀၀ နီးပါးကို ဗိုက်တာမင်-ဒီ အားဆေးများ၊ ငါးကြီးဆီများတိုက်တဲ့အဖွဲ့နဲ့ နှစ်မျိုးစလုံးတိုက်တဲ့အဖွဲ့ဆိုပြီး ခွဲခဲ့ပါတယ်။
▪️ တီလိုမယ်ရာတွေ အလွန်တိုတောင်းသွားပြီး ဆဲလ်မကွဲနိုင်တော့ဘဲ သေဆုံးသွားတဲ့အခါ ခန္ဓာကိုယ်မှာ အိုမင်းလာပါတယ်။
▪️ တစ်နေ့ကို ဗိုက်တာမင်-ဒီ ၂,၀၀၀ IU ပေးတဲ့သူတွေမှာ တီလိုမယ်ရာတွေ တိုတောင်းမှုပမာဏ နည်းသွားတာတွေ့ရပြီး ငါးကြီဆီကတော့ သက်ရောက်မှုမရှိပါဘူး။
▪️ စတင်စမ်းသပ်ချိန်မှာ စမ်းသပ်ခံသူတွေမှာ ဒီအင်န်အေတီလိုမယ်ရာအစုံ ၈,၇၀၀ ခန့်ကို အရှည်တိုင်းတာခဲ့ရာ ဗိုက်တာမင်-ဒီကြောင့် လေးနှစ်အတွင်း အစုံ ၁၄၀ ခန့်လောက်က တိုသွားတာ တွေ့ရပါတယ်။
▪️ ယူကေမှ အသက် ၆၀ အထက်လူတွေကို လေ့လာရာမှာ သွေးထဲမှာ ဗိုက်တာမင်-ဒီပမာဏ အလွန်မြင့်မားပေမယ့် တီလိုမယ်ရာတွေ တိုတောင်းတာတွေ့ရတာကြောင့် များတိုင်းလည်း ပိုကောင်းတာ မဟုတ်ပါဘူး။
▪️ ဒါကြောင့် စမ်းသပ်မှုတွေကို သေချာအောင် အမျိုးမျိုးသောနမူနာတွေနဲ့ လေ့လာဖို့လိုအပ်ပါသေးတယ်။
#Source: SCI AM