#World_News
Published 09 June 2025

▪️ အမေရိကန်မှာ သဘောထားကွဲလွဲတဲ့ လူဝင်မှုနှိမ်နင်းရေးတွေအပေါ် အကြီးအကျယ် ဆန္ဒပြနေကြတဲ့အချိန်မှာ သမ္မတဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မှာ အမျိုးသားကာကွယ်ရေးတပ်များ ဖြန့်ကျက်ပြီးနောက် တနင်္ဂနွေနေ့က ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေ စကားလုံးတွေနဲ့ အပြန်အလှန်ထိုးနှက်ခဲ့ကြပါတယ်။

▪️ "ထရမ့်ဟာ ငြိမ်းချမ်းရေးကို စောင့်ထိန်းနေတာမဟုတ်ဘဲ ကွဲပြားအောင် လုပ်ချင်နေတယ်ဆိုတာ အမှတ်ရနေဖို့ အရေးကြီးတယ်။ သူတို့ဟာအခွင့်ရရင် ဥပဒေစည်းမျဉ်းတွေကို အဆုံးသတ်သွားလိမ့်မယ်" လို့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ခရစ္စမာဖီက တိုက်ရိုက်ပြောဆိုလိုက်ပါတယ်။

▪️ လွှတ်တော်အမတ် ကိုရီဘွတ်ကာကလည်း ကယ်လီဖိုးနီးယား ခွင့်ပြုချက်မရဘဲ တပ်ဖြန့်ကျက်ခဲ့တဲ့ထရမ့်ကို ရှုတ်ချလိုက်ကာ ဒီလုပ်ရပ်ဟာ တင်းမာမှုမြင့်တက်စေရုံပဲရှိတယ်လို့ သတိပေးလိုက်ပါတယ်။

▪️ ဒါ့အပြင် ထရမ့်ကို သူတော်ကောင်းယောင်ဆန်သူလို့ စွပ်စွဲလိုက်ပြီး ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန် ကပ်ပီတိုလ်ကို ထရမ့်ထောက်ခံသူထောင်နဲ့ချီ ကျူးကျော်ခဲ့ခြင်းနဲ့ နောက်ပိုင်းမှာ ဒီကိစ္စကြောင့် အဖမ်းခံရသူများကို ထရမ့်ပြန်လွှတ်တဲ့ လုပ်ရပ်တွေကိုလည်း ထောက်ပြလိုက်ပါတယ်။

▪️ ဗီဒီယိုဖော်ပြချက်တွေထဲမှာ တနင်္ဂနွေနေ့က လော့စ်အိန်ဂျလိစ်ရှိ ဖက်ဒရယ်အဆောက်အအုံမှာ စစ်ဖက်ဆိုင်ရာယာဉ် ဒါဇင်ဝက်ခန့်နဲ့ အကာအကွယ်ဒိုင်းတွေ မြင်တွေ့ရပြီး အစိုးရရဲတပ်ဖွဲ့တွေက ဆန္ဒပြသူများထံ မျက်ရည်ယိုဗုံးများ ပစ်နေခဲ့ကြပါတယ်။

▪️ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂေဗင်နယူးဆမ်က ထရမ့်ဟာ အလွန်အကျွံတုံ့ပြန်ခဲ့တယ်လို့ ရှုတ်ချလိုက်သလို ထရမ့်ကတော့ နယူးဆမ်ဟာ တည်ငြိမ်းအေးချမ်းရေး မထိန်းသိမ်းနိုင်ဘူးလို့ စွပ်စွဲလိုက်ပါတယ်။

▪️ အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ခုခံသွားကာ အဓိကက အင်အားသုံးပြီး တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်ဖြစ်တယ်လို့ ပြောသွားပါတယ်။

▪️ လူဝင်မှုကိစ္စများ၊ ဆန္ဒထုတ်ဖော်ခွင့်များ၊ ပြည်တွင်းရေးမှာ အစိုးရမှအင်အားသုံးမှုများအပေါ် အငြင်းပွားနေကြရာမှာ ဆန္ဒပြတာတွေက အချက်အခြာဖြစ်လာပြီး သမ္မတလုပ်ပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ ငြင်းဆန်ပိုင်ခွင့်တွေအကြောင်း ဆက်လက်အငြင်းပွားစရာ ဖြစ်လာပါတယ်။

#Source: Reuters