#World_News
Published 07 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မက်စ်တို့ အငြင်းပွားကြပြီးနောက် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို ရီပတ်ဘလစ်ကန်ပါတီက စိုးရိမ်ပူပန်နေပြီး အငြိုးအတေးကြာရှည်လာရင် ဆိုးကျိုးဖြစ်ပေါ်လာမှာကို စိုးရိမ်သဖြင့် တင်းမာမှုဖြေလျှော့ကြဖို့ လွှတ်တော်အမတ်များနဲ့ ကွန်ဆာဗေးတစ်ပုဂ္ဂိုလ်များက တိုက်တွန်းနေကြပါတယ်။
▪️ အနိမ့်ဆုံးအနေဖြင့် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကြား မုန်းတီးမှုများဖြစ်ပေါ်ပါက ထရမ့်ရဲ့ အခွန်မြင့်မားမှုနဲ့ နယ်စပ်အသုံးစရိတ်ဥပဒေများအတွက် ရှေ့သို့လှမ်းရာလမ်းကြောင်းမှာ ရှုပ်ထွေးသွားစေနိုင်ပါတယ်။
▪️ လုပ်ရမယ့် အလုပ်တွေကနေ အာရုံမပြောင်းသွားဖို့ မျှော်လင့်တယ်လို့ ဝါရှင်တန်ပြည်နယ်မှ ရီပတ်ဘလစ်ကန် ဒန်နယူးဟောက်စ်က ပြောပါတယ်။
▪️ မက်စ်က သမ္မတအမျက်ထွက်အောင် လုပ်မယ့်အစား ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့စီးပွားရေးတွေအကြောင်းပဲ တင်နေခဲ့ပါတယ်။
▪️ သောကြာနေ့မွန်းလွဲပိုင်းမှာ ထရမ့်က အိမ်ဖြူတော်ကနေ ထွက်လာပြီး အီလွန်မက်စ်နဲ့အကြောင်း မေးနေတဲ့သတင်းထောက်တွေကို မပြောဘဲနေခဲ့ပါတယ်။
▪️ ယင်းတို့နှစ်ယောက် အတူတကွ လုပ်ကိုင်နေတဲ့အခါ အမေရိကားအတွက် အလုပ်တွေအများကြီး လုပ်နိုင်မှာဖြစ်တာကြောင့် ပြန်အဆင်ပြေကြဖို့ မျှော်လင့်ကြောင်း တက္ကဆပ်စ်ရီပတ်ဘလစ်ကန် တက်ဒ်ခရုဇ်က Fox News ကို ပြောပြသွားပါတယ်။
▪️ ထရမ့်နဲ့ မက်စ်တို့ကြား အငြိုးထားမှုတွေက တင်းမာမှုမြင့်တက်လာနိုင်သလို ပြေလျော့လာနိုင်ခြေလည်း ရှိနေတယ်လို့ ပြောလို့ရပါတယ်။
▪️ အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က မက်စ်နဲ့ ထရမ့်တို့ပြန်လည်ပေါင်းစည်းရန် မျှော်လင့်နေကာ ဒါမှသာ တိုင်းပြည်နဲ့ပါတီအတွက် ကောင်းစားမယ်လို့ ပြောသွားပါတယ်။
#Source: AP News