#World_Health
Published 07 June 2025
▪️ Mycobacterium tuberculosis ကြောင့်ဖြစ်ရတဲ့ တီဘီရောဂါက တစ်ကမ္ဘာလုံးမှာ အသက်အန္တရာယ်အများဆုံး ကူးစက်ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
▪️ ဆေးယဉ်ပါးသလို ကုသမှုကြာရှည်လွန်းတာကြောင့် သဘာဝဆေးနည်းတွေကို ရှာဖွေလာကြပါတယ်။
▪️ သဘာဝဆေးနည်းတွေက ကိုယ်ခံအားတက်စေပြီး ရောဂါလက္ခဏာတွေကို ထိန်းချုပ်စေနိုင်ပေမယ့် လုံးဝကုသနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
(၁) ကြက်သွန်ဖြူ
▪️ သူ့မှာပါဝင်တဲ့ အယ်လီဆင်ဓာတ်က ရောဂါပိုးမွှားသေစေနိုင်ပြီး ကိုယ်ခံအားထောက်ကူပေးနိုင်ပေမယ့် တီဘီကို ကုသနိုင်တယ်လို့တော့ မတွေ့ရှိထားပါဘူး။
(၂) နနွင်း
▪️ နနွင်းမှာပါတဲ့ ကာကူမင်ဓာတ်က ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်တာကြောင့် တီဘီကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ပေမယ့် ပိုးသတ်ဆေးနေရာမှာတော့ အစားမထိုးနိုင်ပါဘူး။
(၃) ကုလားဆီးဖြူ
▪️ ဗိုက်တာမင်-စီ ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေပြီး တစ်ရှူးပြုပြင်နိုင်ပေမယ့် ဒီတစ်ခုတည်းနဲ့တော့ မကုသနိုင်ပါဘူး။
(၄) ဆေးဖက်ဝင်ပင်စိမ်း
▪️ ဒီပင်စိမ်းကိုကြိုသောက်ရင် လည်ချောင်းရှင်းစေပြီး ချောင်းဆိုးသက်သာစေနိုင်ပေမယ့် ရောဂါကိုတော့ မကုသနိုင်ပါဘူး။
(၅) ငရုတ်ကောင်းနှင့်ပျားရည်
▪️ ပျားရည်နဲ့ ငရုတ်ကောင်းရောစပ်သောက်သုံးတာက တီဘီလူနာတွေမှာ ချောင်းဆိုးသက်သာနိုင်ပေမယ့် ဆီးချိုသမားတွေဆိုရင် ပျားရည်ကို သတိထားသင့်ပါတယ်။
(၆) ပရိုတိန်းကြွယ်ဝသောစားစရာ
▪️ အာဟာရဓာတ်ချို့တဲ့ရင် ကိုယ်ခံအားနည်းစေတာကြောင့် ကြက်ဥ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတို့ စားပေးရင် ရောဂါဝင်လာတာတွေကို တိုက်ဖျက်နိုင်ပါတယ်။
(၇) လုံလောက်အနားယူ၍ ရေဓာတ်ဖြည့်ခြင်း
▪️ အနားယူခြင်း၊ ရေဓာတ်ဖြည့်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ မပါဘဲနဲ့ အိမ်တွင်းကုထုံးတွေက မပြည့်စုံတာကြောင့် ဆေးတွေစုပ်ယူနိုင်ပြီး ခွန်အားရှိဖို့ ဒါတွေလိုအပ်ပါတယ်။
#Source: DoctorNDTV