#World_Health
Published 07 June 2025

▪️ အိပ်စက်ခြင်းဆိုတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ မရှိမဖြစ် အရေးကြီးပြီး ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်စွမ်းရည်၊ တစ်ရှူးပြုပြင်ခြင်း၊ ကိုယ်ခံအားစနစ် ထိန်းသိမ်းခြင်း၊ အာရုံစူးစိုက်ခြင်း၊ ဟော်မုန်းထိန်းညှိခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့အတွက်လည်း အရေးကြီးပါတယ်။

▪️ အိပ်ရေးမလုံလောက်ပါက ကိုယ်ခံအားနည်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နာတာရှည်ရောဂါများဖြစ်ခြင်းတို့နဲ့ ဆက်စပ်လာပါတယ်။

▪️ နယ်သာလန်မှ အိပ်စက်မှုကျန်းမာရေး ပညာရှင် မာဂျင်ဗန်ဒီလာက ကျောက်ခေတ်ကလိုမျိုး အိပ်စက်ဖို့ အကြံပြုလိုက်ပါတယ်။

▪️ အိပ်တာနဲ့ပတ်သက်လာရင် ကျောက်ခေတ်မှာ လိုဏ်ဂူတွေထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့သလိုမျိုး ကွာခြားမှုသိပ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

▪️ ထိုခေတ်က ကျားရန်ကိုသာ စိုးရိမ်ခဲ့ရပေမယ့် ယနေ့ခေတ်မှာတော့ ဖိစီးစရာကိစ္စတွေ အလွန်များလာပါတယ်။

▪️ ဗန်ဒီလာက ညဘက်ကောင်းစွာ အိပ်စက်နိုင်မယ့် နည်းလမ်း ၄ မျိုးကို မျှဝေသွားပါတယ်။

▪️ ပညာရှင်တွေက တစ်နေ့ကို ၇ နာရီမှ ၉ နာရီကြားအိပ်စက်ဖို့ အကြံပြုထားပေမယ့် ဗန်ဒီလာကတော့ တစ်နေ့ကို ပျမ်းမျှအားဖြင့် ၆ နာရီအောက်မှ အများဆုံး ၇ နာရီခွဲလောက်သာ အိပ်စက်သင့်တယ်လို့ ဆိုပါတယ်။

▪️ နောက်တစ်ချက်က ညဘက်နိုးနေတတ်တာဟာ သာမန်ဖြစ်ပြီး ပူပန်စိတ်တွေရှိနေမှသာ ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။

▪️ မကြာခဏနိုးနေပြီး စိတ်မငြိမ်သက်ဘူးဆိုရင်တော့ ဒီလိုနိုးနိုးနေတာမျိုး တိုတောင်းအောင် အရင်လုပ်သင့်ပါတယ်။

▪️ ခန္ဓာကိုယ်တွင်း ၂၄ နာရီစက်ဝန်းက အိပ်စက်မှုနိုးကြားမှုစက်ဝန်းအပြင် ဟော်မုန်း၊ စားချင်စိတ်၊ အစာခြေခြင်း၊ ကိုယ်အပူချိန်တို့ကို ထိန်းညှိပေးတာကြောင့် အလင်းအမှောင်တွေက ဒီဖြစ်စဉ်တွေကို သက်ရောက်နေပါတယ်။

#Source: New York Post