#Local_News
Published 5 June 2024
▪️ ဒေါပုံမြို့နယ် ဂျပန်တံတားအဆင်းတွင် ကျောင်းကားနှင့်လိုက်ထရပ်ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
▪️ ဇွန်လ ၅ ရက် ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျောင်းသားငါးဦးနှင့်ကျောင်းသူသုံးဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဒဏ်ရာရသည့်ကျောင်းသား၊ ကျောင်းသူများကို လူမှုကူညီရေးအသင်းများက ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
မကွေးတိုင်းဒေသကြီးအတွင်း ရေသွင်းနှမ်းစုပေါင်းရောင်းချပွဲကို လာမယ့်ဇူလိုင်လအတွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_05 June 2024
#ရေသွင်းနှမ်းစုပေါင်းရောင်းချပွဲ #တောင်သူဖွံ့ဖြိုးရေးအဖွဲ့
#YMG/LW #Yangon_Times
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေနေ့စဉ်ဖွင့်လှစ်ပေးဖို့နဲ့ သတ်မှတ်ဈေးနှုန်းတွေနဲ့ ရောင်းချပေးဖို့လိုအပ်ပြီး မရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာနဲ့အရေးယူသွားမယ်လို့ ရန်ကုန်ရွှေအသင်းကဒီကနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published_05 June 2024
#ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ် #ထိရောက်စွာအရေးယူသွားမယ်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိ စက်ရုံနဲ့ဂိုဒေါင်ငှားရမ်းမှုဈေးကွက်အေးနေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_05 June 2024
#စက်ရုံဂိုဒေါင်အငှားဈေးကွက်အေး #မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း
#YMG/LW #Yangon_Times
မွန်ပြည်နယ်၊ မော်လမြိုင််မြို့မှာရှိတဲ့ သံလွင်မြစ်အတွင်းမှာ မုန်တိုင်းဘေးအန္တရာယ်တုံပြန်ရေး ကြိုတင်စုပေါင်းလေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ကဦးဆောင်ပြီး ပရဟိအသင်းတွေ အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စုပေါင်းပြုလုပ်ခဲ့တယ်လို့မွန်ပြည်နယ် ပရဟိတအသင်းတွေဆီက သိရပါတယ်။
#Local_News
Published_05 June 2024
#မုန်တိုင်းဘေးအန္တရာယ်တုံပြန်ရေး #ကြိုတင်စုပေါင်းလေ့ကျင့်ခြင်း
#YMG/NN #Yangon_Times
ချောင်းသာလာတဲ့သူနည်းနေသေးတယ်။ ချောင်းသာကမ်းခြေကို သွားဖို့အရင်က ပိတ်ရက်စနေတနင်္ဂနွေမှာ ကားခဈေးတွေ ၃၀၀၀၀ အထိရှိခဲ့ပြီး အခု၂၅၀၀၀ကျပ်သာရှိတော့တယ်။ တည်းခိုခန်း၊ Guest House တွေဟာ ဈေးနှုန်းသက်သာနေတယ်။
#Local_News
Published_05 June 2024
#ချောင်းသာကမ်းခြေ #ခရီးသွားသူနည်းနေ
#tthl #Yangon_Times
#Local_News
Published 5 June 2024
▪️ ရန်ကုန်တိုင်းအတွင်း၌ ရွှေသတ်မှတ်ရည်ညွှန်း ဈေးထက်ကျော်လွန်ရောင်းချနေသည့် ဆိုင် ၁၄ ဆိုင်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ချက်အရ သိရသည်။
▪️ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း YGEA သည် အကယ်ဒမီမီးလင်းရွှေ ဈေးနှုန်းများအား နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေပြီး ယင်းဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုရန် အသိပေးထားကာ ဇွန်၅ ရက်ယနေ့တွင် အခေါက်ရွေတစ်ကျပ်သားကို ကျပ် ၄,၈၁၅,၀၀၀ သိန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
▪️ သို့သော် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်များရှိနေပြီး မင်္ဂလာဒုံမြို့နယ်၌ ၂ ဆိုင်ရှိကာ ၁၅ပဲရည်အား ၄,၉၀၀,၀၀၀ကျပ် ဖြင့်ရောင်းချနေကြောင်း သိရသည်။
▪️ တိုက်ကြီးမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်၉ ဆိုင်ရှိပြီး ၁၆ပဲရည်အား ၄,၉၀၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
▪️ လှိုင်မြို့နယ်၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၁ ဆိုင်ရှိပြီး ၁၅ ပဲရည်အား ၅,၁၇၀,၀၀၀နှင့် ၁၅ပဲရည်အား ၅,၃၉၀,၀၀၀ ကျပ်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၂ ဆိုင် ရှိပြီး ၁၅ပဲရည်အား ၅,၀၀၀,၀၀၀ နှင့် ၅,၀၈၀,၀၀၀ တို့ဖြင့်လည်းကောင်း၊ ၁၆ ပဲရည်အား ၅,၃၀၀,၀၀၀ ကျပ်လည်းကောင်း ရောင်းချပေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_05 June 2024
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ယနေ့ဇွန်လ(၅)ရက်တွင် ရန်ကုန်မြို့ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရသည်။
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီးဦးတင်ဦး၏ ဈာပနအခမ်းအနားသို့ တရုတ်သံရုံးအပါအဝင် သံရုံးအသီးသီးမှ လွမ်းသူ့ပန်းခြင်းများ ပေးပို့ကြကြောင်းနှင့် နစကအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့လည်း တက်ရောက်ကြသလို ယခင်သမ္မတဟောင်း ဦးဝင်းမြင့်၏ အမျိုးသမီး ဒေါ်ချိုချိုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက မိတ်ဆွေများလည်းတက်ရောက်ခဲ့ကြသည် ဟုဆိုသည်။
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးသည်ကျန်းမာရေးချို့ယွင်းလာသဖြင့် ရန်ကုန်ဆေးရုံကြီး၌ကုသမှုခံယူခဲ့ပြီး ဇွန်လ ၁ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
▪️ ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်ကာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေး ကုသခံယူရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။
#tthl #Yangon_Times
၅ ဇွန် ၂၀၂၄
ပါလက်စတိုင်းလူမျိုးတွေတင်တဲ့ အင်စတာဂရမ်ပို့စ်တွေကို နှိမ်နှင်းပစ်တဲ့ ကွန်ပျူတာပိုးBugတွေကို ပြင်ပေး တဲ့အတွက် သူ့ကိုအလုပ်ကထုတ်လိုက်တယ်လို့ဆိုပြီး အလုပ်ထုတ်ခံရတဲ့ Meta ကုမ္ပဏီရဲ့ အင်ဂျင်နီယာ တစ်ဦးက ကုမ္ပဏီကို ဇွန်လ ၄ရက်နေ့က တရားစွဲလိုက်ပါတယ်။
Meta ရဲ့ စက်သင်နည်းပညာ machine learning အဖွဲ့မှာ ၂၀၂၁ခုနှစ်ကတည်းက အလုပ်ဝင်ခဲ့တဲ့ မစ္စတာ ဖာရာ့စ်ဟာမက်က ကာလီဖိုနီးယားအခြေစိုက် ဖေ့စ်ဘုတ်နှင့်အင်စတာဂရမ်တွေရဲ့ မိခင်ကုမ္ပဏီ Meta ကို ပြည်နယ်တရားရုံးမှာ ခွဲခြားဆက်ဆံခြင်း၊မှားယွင်းစွာ အလုပ်ရပ်ဆိုင်းခြင်းနှင့် ဖေဖော်ဝါရီလက သူ့ကို အလုပ်ထုတ်ပစ်တဲ့အပေါ် မှားယွင်းပြုကျင့်မှုများအပေါ် တရားစွဲလိုက်တာဖြစ်ပါတယ်။
Meta ဟာ ဝန်ထမ်းတွေ ကုမ္ပဏီတွင်း အချင်းချင်းအပြန်အလှန်ဆက်သွယ်ပေးပို့ရာမှာ ဂါဇာမှာသေဆုံး ကြရတဲ့ သူတို့ဆွေမျိုးသားချင်းတွေအကြောင်းဖော်ပြတာတွေကို ဖျက်ပစ်ခဲ့ပါတယ်။အဲဒီအပြင် ပါလက် စတိုင်းအလံ အီမိုဂျီကိုသုံးတဲ့ဝန်ထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ကုမ္ပဏီဟာ အစ္စရေး ဒါမှမဟုတ် ယူကရိန်းအလံ အီမိုဂျီတွေတင်တဲ့ ဝန်ထမ်းတွေကိုတော့ မည်သည့် စုံစမ်းစစ်ဆေးမှုတွေမှမလုပ်ခဲ့ပါဘူးလို့ တရားစွဲဆိုတိုင်းတန်းချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာဟာမက်ရဲ့တရားစွဲမှုနှင့်ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်အပေါ် ကုမ္ပဏီက မတုန့်ပြန်ပါဘူး။
၂၀၂၃ခုနှစ် စစ်ဖြစ်ကတည်းက Meta ဟာ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဖော်ပြချက်တွေကိုနှိပ်ကွပ်တယ် ဆိုပြီး များလှစွာသောစွပ်စွဲချက်တွေနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ကုမ္ပဏီရဲ့ ဝန်ထမ်း၂၀၀နီးပါကးကလည်း အဲဒီပြဿနာကို အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ထံ နှင့် ကုမ္ပဏီခေါင်းဆောင်တွေထံ အိပ်ဖွင့်စာတစ်စောင်ပေးခဲ့ဖူးပါတယ်။
Source Reuters
#Local_News
Published_05 June 2024
▪️ ရန်ကုန်တိုင်းရှိ သီလရှင်(၁၁၁၁)ပါးကို ဗီယက်နမ်အလှူရှင်များမှအလှူငွေနှင့်ဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်ပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းတိုက်( ၁၂၃) တိုက်မှ သီလရှင်ဆရာလေး (၁၁၁၁) ပါးတို့အား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များ နှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံအလှူရှင်များက အလှူငွေနှင့် ဆွမ်းဆန်တော်များ လောင်းလှူကြခြင်းဖြစ်သည်။
▪️ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး ၁၁၁၁ ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋက ဓရဓမ္မဘဏ္ဍာဂါရိကဆရာတော်များ၊ ဗီယက်နမ်ဆရာတော်ဘဒ္ဒန္တ သီလဂုဏနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာလေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်ပတိုင်းပြည်များ၌ နေထိုင်သော ဗီယက်နမ်အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
▪️ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ ဖွင့်လှစ်ပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်၊ တိပိဋကဂန္ဓဝင် ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရား တော်ကို ရိုသေစွာနာယူကြသည်။
▪️ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆရာတော်ကြီး ၄၅ ပါးနှင့် သီလရှင်ဆရာလေး ၁၁၁၁ ပါးတို့အတွက် အလှူတော်ငွေ ၁၂၀,၀၀၀,၀၀ဝိ/- (ကျပ်သိန်းတစ်ထောင့်နှစ်ရာ တိတိ) လှူဒါန်း၍ ဗီယက်နမ်အလှူရှင်များက ဆရာတော်ကြီးများ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်ဟု ဆိုသည်။
▪️ ဆက်လက်၍ ဗီယက်နမ်ရဟန်းတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိက ကျေးဇူးတင်ဝမ်းမြောက်စကားလျှောက်ထားပြီး ရက္ခိတစွမ်းအား ပရဟိတအဖွဲ့ဥက္ကဋ္ဌ အခမ်း အနားကျင်းပရေး အကျိုးတော်ဆောင် ဦးဝင်းမောင်မောင်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားခဲ့သည်။
▪️ ထို့နောက်ဆရာတော်ကြီးများက ဗီယက်နမ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တ သီလဂုဏက ဝမ်းမြောက်ဩဝါဒစကား မိန့်ကြားတော်မူသည်။
▪️ ယင်းနောက် စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
▪️ ဗီယက်နမ်အလှူရှင်များသည် ရွှေတိဂုံစေတီတွင် သံဃာတော် ၅၅၅၅ပါးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
#tthl #Yangon_Times
#World_News
Published 05 June 2024
▪️ နိုင်ငံတကာ ရာဇဝတ်ရေးရာတရားရုံး (ICC)အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမယ့် ဥပဒေကို ရီပတ်ဘလစ်ကန် ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
▪️ ဒါဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးလ်အရာရှိတွေကို ဖမ်းဝရမ်းထုတ်ရန် စီစဥ်နေတဲ့ ICC မှ အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။
▪️ မဲပေးမှုရလဒ် ၂၄၇ - ၁၅၅ ရရှိခဲ့ကာ ဒီမိုကရက် ၄၂ ဦးလည်း ပါဝင်ခဲ့ပြီး အရေးယူပိတ်ဆို့မယ့် အစီအစဥ်ကို ပါဝင်ထောက်ခံလာတာ ဖြစ်ပါတယ်။
▪️ ဒီဆုံးဖြတ်ချက်က ဥပဒေတစ်ရပ် ဖြစ်လာဖို့မရှိပေမယ့် ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးဆင်နွှဲနေလို့ နိုင်ငံတကာမှ ဝေဖန်ခံနေရတဲ့ အစ္စရေးလ်ကို လွှတ်တော်မှာ ဆက်လက်ထောက်ခံတဲ့သဘော ပြသနေပါတယ်။
▪️ ဖမ်းဝရမ်းထုတ်မယ့် ICC ရဲ့ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်ကလည်း ပြီးခဲ့တဲ့လက ဝေဖန်ခဲ့ပါသေးတယ်။
▪️ ဥပဒေကြမ်းက ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာတော့ မဲပေးဆန္ဒပြုတဲ့အထိ ဖြစ်လာဖွယ်မရှိပါဘူး။
▪️ ထိုဥပဒေက ICC အဖွဲ့ဝင်မဟုတ်တဲ့ အမေရိကန် မဟာမိတ်တွေရဲ့ နိုင်ငံသားတွေ၊ အမေရိကန်လူမျိုးတွေအပေါ် စွဲချက်တင်တဲ့ ICC မှလူတွေကို ဒဏ်ခတ်ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။
▪️ ICC အရာရှိတွေ အမေရိကန်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားမှာဖြစ်သလို ယင်းတို့ရဲ့ အမေရိကန်ဗီဇာများ ရုပ်သိမ်းခြင်း၊ အမေရိကန်မှ ပိုင်ဆိုင်မှု အရောင်းအဝယ်များ ပြုလုပ်ခြင်းမှ ကန့်သတ်ခြင်းတို့လည်း ချမှတ်လာနိုင်ပါတယ်။
▪️ ICC ရှေ့နေ ကာရင်ခန်းက ဂါဇာစစ်ပွဲ ၇ လကျော် ကြာမြင့်လာတဲ့အချိန်မှာ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ၊ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး၊ ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ဟာ စစ်ရာဇဝတ်မှုများနဲ့ လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တရားရေးအရ တာဝန်ယူသင့်တယ်လို့ ထင်မြင်ယူဆကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
▪️ ICC ရှေ့နေရဲ့ဆုံးဖြတ်ချက်က အဓိပ္ပာယ်မရှိဘဲ အစ္စရေးလ်အားလုံးကို ပစ်မှတ်ထားဖို့ ရည်ရွယ်နေတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က ဆိုပါတယ်။
▪️ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ အစ္စရေးလ်ရပ်ကွက်တွေထဲ ဝင်ရောက်ကျူးကျော် တိုက်ခိုက်ကာ ဓားစာခံများ ခေါ်ဆောင်သွားတဲ့အတွက် အစ္စရေးလ်တို့က လက်တုန့်ပြန်မယ်လို့ ကြုံးဝါးထားပြီး ဂါဇာကို စစ်ဆင်ရေး ပြုလုပ်နေခဲ့ပါတယ်။
#Source: Reuters
#Local_News
Published_05 June 2024
▪️ ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူ (၃၉) ဦးကို အရေးယူထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှဇွန်(၄)ရက်၌ ထုတ်ပြန်သည်။
▪️ မေလ(၂၄) ရက်နေ့မှ ဇွန်(၄)ရက်အထိ(၁၀)ရက် ကျော်ကာလအတွင်း နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူ (၃၉) ဦးအား စိစစ်ဖော်ထုတ်ပြီး အရေးယူထားခြင်းဖြစ်သည်။
▪️ ထုတ်ပြန်ချက်၌မေလ(၂၄) ရက်နေ့မှ ဇွန်(၄)ရက်အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါလူပုဂ္ဂိုလ် (၃၉)ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သည်ဟုဆိုသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြထားသည်။
▪️ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်း အဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထပ်မံအသိပေးထားကြောင်း သိရသည်။
#tthl #Yangon_Times
Page 385 of 1683