#World_Health
Published 19 August 2025

▪️ ဆန်ဆေးရေဖြင့် ရှေးခေတ်အလှထိန်းသိမ်းခြင်းနည်းလမ်းဟာ ဆိုရှယ်မီဒီယာတွေမှာ ခေတ်စားလာပြီး ကမ္ဘာတဝှမ်း လူပြောများလာပါတယ်။

▪️ အရှေ့အာရှရိုးရာနည်းလမ်းတွေကနေ အစပြုခဲ့တာဖြစ်ကာ ဆံကေသာအားကောင်းခြင်းကနေ ဆံကေသာတောက်ပတဲ့အထိ အကျိုးပြုနိုင်ပါတယ်။

▪️ ဆန်ဆေးရေမှာ ကစီဓာတ်၊ အမိုင်နိုအက်ဆစ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကယ်စီယမ် ဇင့်လိုသတ္တုဓာတ်များ၊ ဗိုက်တာမင်-ဘီနဲ့ အီးအုပ်စုများ ကြွယ်ဝပါတယ်။

▪️ ဆံပင်မွေးညင်းပေါက်များကို အားဖြည့်ပေးပြီး ဆံကေသာကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

▪️ တရုတ်နဲ့ဂျပန်အမျိုးသမီးတွေဟာ မျိုးဆက်တွေတိုင်အောင် ဆန်ဆေးရေဖြင့် ဆံပင်ထိန်းသိမ်းခဲ့ကြပါတယ်။

▪️ ဆန်ဆေးရေက ဆံပင်ကိုအားဖြည့်ပေးသလို ပုံမှန်အသုံးပြုပေးပါက ပထမဆုံးအပတ်ကစပြီး အာနိသင်ပေါ်လာကာ ပျော့ပျောင်းသန်မာစေပါတယ်။

▪️ ဆန်ဆေးရေရဖို့အတွက် ဆန်တစ်ခွက်ခန့်ကို ရေ ၂ ခွက် ၃ ခွက်ဖြင့် မိနစ် ၃၀ ကြာအောင် စိမ်ထားရပါမယ်။

▪️ နောက်တစ်နည်းက ဆန်ကို ရေဖြင့် ဖြည်းညင်းစွာပြုတ်ပြီး ရေတွေနောက်လာတဲ့အထိ ထားရပါမယ်။

▪️ ဒီနောက် ဆန်ဆေးရေကို ချက်ချင်းအသုံးပြုနိုင်သလို အခန်းအပူချိန်မှာ ၂၄ မှ ၄၈ နာရီအတွင်း အချဉ်ဖောက်ထားပါက ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှု မြင့်တက်စေပါတယ်။

▪️ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပြီးတဲ့အခါ ဆန်ဆေးရေဖြင့် ဆေးကြောနိုင်ပါတယ်။

▪️ အလွန်အကျွံအသုံးပြုရင်တော့ ပရိုတိန်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ဦးရေပြားနဲ့ ဆံပင်ကို ခြောက်သွေ့စေနိုင်ပါတယ်။

Source: The Jerusalem Post