#World_News
Published 19 August 2025
▪️ ဒေါ်နယ်ထရမ့်၊ ဇယ်လန်စကီနဲ့ ဥရောပထိပ်သီးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့တို့ကြား အိမ်ဖြူတော်မှာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်တစ်နေ့မှာ ပူတင်နဲ့ ဇယ်လန်စကီတို့ အစည်းအဝေးပြုလုပ်ရန် စီစဉ်နေကြပြီလို့ ထရမ့်ကပြောပါတယ်။
▪️ ထရမ့်က ပူတင်နဲ့ ပြောဆိုခဲ့ပြီးဖြစ်ကာ အစည်းအဝေးပြုလုပ်မယ့်နေရာ သတ်မှတ်သွားရမယ်လို့ ဆိုရှယ်မီဒီယာမှာ ကြေညာသွားပါတယ်။
▪️ ဇယ်လန်စကီ၊ ထရမ့်၊ ဥရောပ ၅ နိုင်ငံမှ ခေါင်းဆောင်များ၊ ဥရောပကော်မရှင်ဥက္ကဌ၊ နေတိုးအတွင်းရေးမှူးချုပ်တို့ကြား နာရီများစွာတိုင်အောင် ဆွေးနွေးပြီးနောက် အခုလိုကြေညာလာတာ ဖြစ်ပါတယ်။
▪️ ယူကရိန်း၊ ရုရှား၊ အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုလုပ်နိုင်ရင် စစ်ပွဲအဆုံးသတ်နိုင်မယ့် အခွင့်အရေးရှိကြောင်း ထရမ့်ဆိုပါတယ်။
▪️ ငြိမ်းချမ်းရေးရေရှည်တည်မြဲအောင် တတ်နိုင်သမျှအားလုံးနဲ့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
▪️ အမေရိကန်က ယူကရိန်းနဲ့ ဥရောပနိုင်ငံများထံ လက်နက်များရောင်းချပြီး ထောက်ပံ့ကူညီသွားနိုင်တယ်လို့လည်း ပြောပါတယ်။
▪️ ငြိမ်းချမ်းရေးထိန်းသိမ်းရာမှာ ဥရောပနိုင်ငံတွေက ပထမဆုံးခံစစ်တံတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
▪️ စစ်ပွဲနဲ့သတ်ဖြတ်တာတွေကို ရပ်တန့်ဖို့ ကြိုးစားအားထုတ်မှုမှန်သမျှအတွက် ကျေးဇူးတင်ရှိကြောင်း ယူကရိန်းသမ္မတဇယ်လန်စကီက ပြောပါတယ်။
Source: NPR