#Local_News
Published 14 February 2025
▪️ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင်(ခ) ဒေါ်မြင့်မြင့်ကြူ ၏ KBZ bank Special account Mobile banking မှ သိန်း ၁၂၀ ကျော် ကို ၁၂.၂.၂၀၂၅ မနက် ၁၁:၃၀ တွင် အကောင့်ဟက်ခံရပြီး တခြားအကောင့်ထဲသို့ လွှဲသွင်းခံလိုက်ရကြောင်း သိရသည်။
▪️ ရုပ်ရှင်သရုပ်ဆောင်ဒေါ်မြင့်မြင့်ခိုင်၏ သမီးဖြစ်သူက ဖူးမေမေ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင် (ခ) ဒေါ်မြင့်မြင့် ကြူ ရဲ့ **(Kpay မဟုတ်!!) KBZ bank Special account Mobile banking** က နေ မှ သိန်း ၁၂၀ ကျော် ကို ၁၂.၂.၂၀၂၅ မနက် ၁၁:၃၀ မှာ အကောင့်ဟက်ခံလိုက်ရပြီးတခြားအကောင့်ထဲကိုလွှဲသွင်းခံလိုက်ရပါတယ်ရှင်! OTP ကုတ်ကို MPT SIM card ထဲကျလာတဲ့ အချိန်မှာတော့ ဖူးမေမေက ဆေးခန်းမှာရှိနေခဲ့ပီး message ကို အဲ့အချိန်နဲ့ သိပ်မကြာခင်အိမ်ပြန်ရောက်တဲ့အချိန်တွေ့လိုက်တဲ့အချိန်မှာ ဘဏ်အကောင့်ထဲဝင်စစ်ကြည့်တော့သိန်း ၁၂၁ သိန်း ၉ သောင်း ၄ ထောင်က ဖူးတို့လုံးဝမသိတဲ့အကောင့်တခုထဲလွှဲထားပါတယ်! သိသိချင်း ကျန်ငွေ တွေကိုတော့ ဖူးအကောင့်ထဲအမြန်လွှဲခဲ့လို့ သိန်း၁၂၀ ကျော်ပါသွားတယ်ပဲမှတ်ပါတယ်။
▪️ မေမေက KBZ bank မှာ လွန်ခဲ့တဲ့တလကမှ လုပ်ငန်းသုံးကိစ္စလေးရှိလို့ Special အကောင့် ဖွင့်ထားတာပါ! တလ မပြည့်ခင်ဒီလိုဖြစ်တာကိုခံလိုက်ရပါတယ်ရှင်! သတင်းတွေကြားနေကျမို့ သတိကြီးကြီးထားနေရင်း နဲ့မှဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်! Kpay နဲ့ အဲ့ဒီအကောင့်ကိုလဲလုံးဝ Link မလုပ်ထားပါ! OTP လဲဘယ်သူမှမပေးပါ! ပိုသေချာတာက အကောင့်အသစ်မို့ အဲ့ထဲက Transactions ဆိုတာက ဖူးအကောင့်တခုထဲကိုပဲလွှဲထားတာဖြစ်တဲ့အတွက် အဲ့ဒီ transaction အသစ် က အရမ်းကို သိသာပါတယ်!! Facebook တောင်မေမေက သိပ်မသုံးတဲ့သူမို့ ဘာLink မှလဲ မနှိပ်မိပါဘူးရှင်!
▪️ ဖူးတို့ သိန်း၁၂၀ ကျော်ပါသွားတာသိရခြင်းခြင်း call center ကိုလဲဆက်သွယ်ခဲ့ပါတယ်! ဘဏ်သွားမယ်လုပ်ပေမယ့် ဘဏ်ပိတ်ရက်မို့ ဘဏ်ကဒီနေ့ ၁၃ ရက်နေ့ မှာ ရုံးချုပ်ကိုသွားခဲ့ပါတယ်!! Fraud case ကိုလွှဲပေးမယ်ပဲပြောခဲ့ပါတယ်.ရဲစခန်းမှာအမှုဖွင့်ရမယ်ပြောပါတယ်! ရဲစခန်းလဲသွားခဲ့ပါတယ်ရှင်! ဖူးတို့ရဲ့ အားနည်းချက်တခုကတော့ ရဲစခန်းမှ ပြစ်မှုဖွင့်ပါလို့ပြောပေမယ့် မေမေ့ဖုန်းက လုပ်ငန်းကိစ္စတွေ ရှိနေတဲ့အတွက်အမှုဖွင့်ရင် ဖုန်းပေးလိုက်ရပြီး ကြာနိုင်လို့မဖွင့်ခဲ့လိုက်ရတာကြောင့် အခုပိုက်ဆံသိန်း၁၂၀ ကျော်ကဆုံးပြီလို့ပဲသတ်မှတ်လိုက်ရတော့မယ်အခြေနေရှိပါတယ်! မေမေကလဲ အသက်ကြီး သူဖြစ်တဲ့ သူ မို့ ရေရှည် ကိစ္စတွေမဖြေရှင်းနိုင်တာတကြောင်းမို့ စောင့်ကြည့်ရမှာပါရှင့် ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
▪️ ပြီးခဲ့သည့် လပိုင်းက KBZ pay မှတဆင့်အကောင့်ဟက်ကာ ငွေကြေးခိုးယူခံရမှုများရှိခဲ့ခြင်းကြောင့် KBZ ဘဏ်က နည်းပညာပိုင်းပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ငွေကြေးခိုးယူလွဲပြောင်းခံရသူများကို ငွေကြေးပြန်လည်စိုက်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 14 February 2025
▪️ လူ ၆ ဦးမှာ ၁ ဦးနှုန်းနီးပါးလောက် ခံစားနေရတဲ့ စိတ်ကျရောဂါဟာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်ပြီး လူသားတွေ စိတ်ဒုက္ခခံစားရတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။
▪️ ဒါပေမဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိပ်ပြီးနားမလည်ဘဲ ဖြစ်နေကြပါတယ်။
▪️ ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်မှ စိတ်ပညာရှင်များက ရောင်ရမ်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာဖော်ပြထားကြပြီး Neurotransmitterလို့ခေါ်တဲ့ အာရုံကြောဓာတ်များအကြောင်း ယူဆချက်တွေ ပါဝင်နေပါတယ်။
▪️ ဆယ်စုနှစ်များကြာအောင် သုတေသနလုပ်ထားရာမှာ ကိုယ်ခံအားစနစ် မမျှတခြင်းက စိတ်ဓာတ်ကျရောဂါ အဖြစ်နိုင်ဆုံးသူတွေမှာ လက္ခဏာများ ဖြစ်ပေါ်တတ်တယ်လို့ ယူဆထားပြီး ယခုသုတေသနက သမားရိုးကျ ကုသနည်းနဲ့ အလုပ်မဖြစ်သူတွေမှာ ရောင်ရမ်းခြင်းကို ကုသသွားမယ့်လမ်းစ ဖြစ်နေပါတယ်။
▪️ သမားရိုးကျ စိတ်ကျအခြေအနေ ယူဆချက်တွေမှာ ဆယ်ရိုတိုနင်နဲ့ နော်အက်ပီနက်ဖရင်းတို့လို အာရုံကြောဓာတ်တွေကို အလေးထားပြီး ဦးနှောက်ထဲက ထိုဓာတုပစ္စည်းများ ချို့တဲ့ပါက စိတ်ကျလက္ခဏာ ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။
▪️ သာမန်စိတ်ကျရောဂါပျောက်ဆေးများဖြင့် လူနာအများစု မသက်သာတဲ့ အခါမှာတော့ ဒါတွေနဲ့ မရှင်းပြနိုင်တော့ပါဘူး။
▪️ ကင်ဆာနဲ့ အသည်းရောင်ကုသခြင်းတို့အတွက် ကိုယ်ခံအားမြှင့်တင်ကုသနည်းတွေက လူနာတွေမှာ စိတ်ကျလက္ခဏာများ အပြင်းအထန် ဖြစ်စေတယ်လို့ အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။
▪️ စမ်းသပ်ချက် ပြုလုပ်ရာမှာ ကိုယ်ခံအားလှုံ့ဆော်စေတဲ့ ဆေးအနည်းငယ်ကို ကျန်းမာတဲ့သူတွေမှာ ထိုးနှံခဲ့ရာ ယာယီစိတ်ကျအခြေအနေ ခံစားရတာ တွေ့ရပါတယ်။
▪️ အသည်းရောင်ပြီး သွေးထဲမှာ CRPပမာဏများတဲ့ သူတွေမှာလည်း စိတ်ဓာတ်ကျလက္ခဏာများ တွေ့ရပါတယ်။
▪️ ဖိစီးမှုက ဦးနှောက်ထဲက ကိုယ်ခံအားစနစ်ကို ကိုယ်စားပြုတဲ့ မိုက်ခရိုဂလီယာဆဲလ်တွေကို သက်ရောက်စေကာ ရောင်ရမ်းခြင်း ဖြစ်စေတယ်လို့ ဟီဘရူးတက္ကသိုလ်မှ စိတ်ရောဂါအထူးကု ယာမီယာနဲ့အဖွဲ့က ပြသနိုင်ခဲ့ပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးဘဝတည်းက ဒုက္ခကြုံလာရသူတွေ၊ စိတ်ကျရောဂါ ကုသနည်းနဲ့ မတိုးသူတွေမှာ ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ စိတ်ကျအခြေအနေ ပိုဖြစ်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
▪️ ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း သုတေသနတွေအရ စိတ်ကျရောဂါမှာ ကိုယ်ခံအားစနစ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေတာ တွေ့ခဲ့ကြောင်း၊ စိတ်ကျလက္ခဏာများအပြင် နောက်ခံအကြောင်းအရင်းပါ ဖြေရှင်းရမှာဖြစ်ကြောင်း ပြောသွားပါတယ်။
#Source: The Jerusalem Post
#World_Health
Published 14 February 2025
▪️ ဆံပင်ကျွတ်တာနဲ့ ပတ်သက်ပြီး ဦးထုပ်ဆောင်းတာကြောင့် မကြာခဏ ခေါင်းလျှော်ခြင်းကြောင့်လို့ ယူဆနေကြတာတွေဟာ မဟုတ်မှန်ဘူးလို့ နယူးယော့ခ်စီးတီးမှ ဒေါက်တာ ရော့စ်ကိုပယ်မန်းက ပြောပါတယ်။
▪️ အမျိုးသား ၈၀ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသမီးတဝက်နီးပါးလောက်ဟာ ဘဝတလျှောက် ဆံပင်ကျွတ်ခြင်း ခံစားရပါတယ်။
▪️ မျိုးဗီဇအချက်အလက်နဲ့ ဆိုင်တယ်ဆိုပေမယ့် အခြားအရာတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်း ပါးခြင်း ဖြစ်ရတယ်လို့ ကိုပယ်မန်းက မှတ်ချက်ပြုလိုက်ပါတယ်။
ထိုထဲမှာ ဖိစီးမှု၊ အာဟာရဓာတ် ချို့တဲ့ခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ အမျိုးသမီးများ ဓမ္မတာဆုံးခြင်းနဲ့ နောက်ခံရောဂါများလည်း ပါဝင်ပါတယ်။
▪️ Rogaineအမှတ်တံဆိပ်နဲ့ ရောင်းချတဲ့ Minoxidilကို ဆံပင်ကျွတ်ခြင်း ကုသဖို့သုံးနေကြပေမယ့် ဆေးသုံးနေတာကို ရပ်တန့်လိုက်ရင် ဆံပင်ကျွတ်ခြင်းလက္ခဏာများ ပြန်ဖြစ်လာပါတယ်။
▪️ အသုံးပြုပုံက ဦးရေပြားမှာ နေ့စဉ်တိုက်ရိုက်လိမ်းပေးရတာ ဖြစ်ပါတယ်။
▪️ Redensylဟာလည်း ဆံပင်ကျွတ်ခြင်းအတွက် ကုသနည်းဖြစ်ပြီး သဘာဝပစ္စည်းများဖြစ်တဲ့ DHQG ၊ ဂလစ်ဆင်း၊ ဇင့်ကလိုရိုက်၊ မက်တာ-ဘိုင်ဆာလ်ဖိုက်၊ EGCG 2 ၊ ရေ၊ ဂလစ်ဆရင်း၊ သစ်သားဆီတို့ ပါဝင်ပါတယ်။
▪️ လက်ရှိမှာတော့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့အတွက် သဘာဝကုသနည်းတွေ ရှိလာပါတယ်။
▪️ Red cloverပန်းဆီမှာ အိုင်ဆိုဖလေဗိုနက်စ် များပြားစွာပါဝင်ပြီး အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ခြင်းကို ကူညီပေးပါတယ်။
▪️ Saw palmettoက ဦးရေပြားမွေးညင်းပေါက်များကို ကျုံ့သွားစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။
▪️ Ashwagandhaက သွေးလည်ပတ်မှု ကောင်းစေပြီး ဦးရေပြားနဲ့ မွေးညင်းပေါက်များကို ကျန်းမာစေပါတယ်။
▪️ ကဖင်းက သွေးစီးဆင်းမှု ကောင်းစေသဖြင့် ဆံကေသာကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။
▪️ ကာကူမင်ဓာတ်က နနွင်းမှာပါဝင်ပြီး ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးကာ ဆံပင်ကျွတ်ခြင်းဖြစ်စေတဲ့ ဟော်မုန်းကို လျော့ကျစေပါတယ်။
▪️ လာ့ချ်ထင်းရှူးသားဆီမှာ ပိုလီဖီနောလ်ပါဝင်ပြီး ဆံကေသာ ဖွံ့ဖြိုးစေကာ ဦးရေပြားကို ကျန်းမာစေပါတယ်။
▪️ ရို့စ်မယ်ရီဆီက ဆံကေသာဖွံ့ဖြိုးမှုကို သဘာဝအတိုင်း လှုံ့ဆော်ပေးပြီး ဦးရေပြား ခြောက်သွေ့ယားယံခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
Megapacks လို့သိကြတဲ့ ဓာတ်အားလိုင်းချိတ်ဆက် စွမ်းအင်သိုလှောင်ဘက်ထရီများ ထုတ်လုပ်ဖို့ ရည်ရွယ်ကာ ရှန်ဟိုင်းရှိ တက်စ်လာရဲ့ မဂ္ဂါစက်ရုံသစ်ကြီးကနေ အင်္ဂါနေ့မှာ စတင်ထုတ်လုပ်မှုပြုလုပ်ပြီဖြစ်ပြီး တရုတ်ပြည်မှာ အမေရိကန်အခြေစိုက် သန့်စင်စွမ်းအင်ကုမ္ပဏီကြီး တိုးချဲ့လာတာ မြင်တွေ့ရပါတယ်။
#World_Development
Published 13 February 2025
#Megapacks #ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 February 2025
၁။ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ်၅,၀၀၀ ခန့် ထုတ်ပေးနေ
၂။ EV တက္ကစီဖြင့် ရန်ကုန် - မော်လမြိုင်ခရီးစဉ် အော်ဒါများနေ၊ တိုးချဲ့ပြေးဆွဲရန်ရှိ
၃။ ခရီးသွားလုပ်ငန်းမြင့်တင်ရေး မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ ကျင်းပမည်
၄။ Tesla က မဂ္ဂါစက်ရုံသစ်ကြီး ရှန်ဟိုင်း၌စတင်ထုတ်လုပ်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 February 2025
▪️ အင်းစိန်မြို့နယ်ဖော့ကန်ရပ်ကွက် ရှိ ကောင်းဆေးရုံရှေ့ ၌ သံတွဲကားတစ်စီးမှ လမ်းသွားသူနှင့်ယာဉ်များအားဝင်တိုက်၍ ကျောင်းသူတစ်ဦးသေဆုံးမှုတစ်ခု ယနေ့ ညနေ ၃နာရီ ကျော်၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ သံချောင်းများတင်ဆောင်လာသည့် ၁၂ ဘီးတွဲကားသည် ဖော့ကန်ကား
မှတ်တိုင်အနီး၌ လမ်းတဖက်ရှိ လမ်းသွားလမ်းလာ တစ်ဦးအပါအဝင်ယာဉ်များကိုပါ ဆင့်တိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
▪️ "၁၂ဘီးကားက သံချောင်းတွေတင်လာတာ ၊လမ်းဘေးမှာကျောင်းဆင်းလာတဲ့ လို့လမ်းလျှောက်လာနေတဲ့ ကျောင်းသူလေးကို နောက်ကနေ ဝင်တိုက်တာ
တစ်စဆီဖြစ်သွားတယ်၊ ရှေ့ကလမ်းဘေးရပ်ထားတဲ့ကားတွေကိုပါဆက်တိုက်ချသွားတယ် ၊ကျွန်မသမီးလေးတောင် လိုက်ဆွဲလိုက်လို့ လွတ်သွားတယ်၊ ကားသမားကိုတော့ ဖမ်းသွားပြီ၊ တိုက်ပြီးဆင်းပြေးသေးတာ၊ မူးနေတာလားမသိဘူး၊ ပုံရက်လဲကျသွားတာနဲ့ ဝိုင်းဖမ်းလိုက်ကြတယ်၊ လမ်းဟိုဘက်ခြမ်းမှာပဲ ပြီးခဲ့တဲ့ ရက်ကပဲ အဒေါ်ကြီးတစ် ယောက်ကိုဝင်တိုက်လို့ ေ_သသွားသေးတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ အဆိုပါ ယာဉ်မောင်းအားသက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှုဖွင့်၍ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
▪️ ဖော့ကန်မှတ်တိုင်အနီး၌ ယခုလပိုင်းအတွင်း ၁၀ဘီး အုတ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားကာ လူညှပ်သည့်ဖြစ်စဉ်တစ်ခုအပြင် ယခုရက်ပိုင်းအတွင်း လမ်းလျှောက်သူတစ်ဦးကိုလည်း ယာဉ်တိုက်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများကပြောသည်။
#YMG/NN #Yangon_Times
တောင်သူများအတွက် လိုအပ်တဲ့ လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေကို ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ဖို့အတွက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။
#Local_News
Published 13 February 2025
#အရည်အသွေးပြည့်မီ #လယ်ယာသုံးစက်ပစ္စည်း
#YMG/SW #Yangon_Times
မြန်မာနိုင်ငံက ခရီးစဉ်ဒေသတွေကို ကမ္ဘာကသိရှိပြီး ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုတိုးတက်ဝင်ရောက်လာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံခရီးသွားပြပွဲ ၂၀၂၅ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 13 February 2025
#မြန်မာနိုင်ငံခရီးသွားပြပွဲ #ပြည်ပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို EV တက္ကစီဖြင့် သွားလာနိုင်တဲ့ ခရီးစဉ်စတင်နေပြီဖြစ်ရာအော်ဒါရရှိတာများနေပြီး တိုးချဲ့ပြေးဆွဲဖို့လည်းရှိတယ်လို့ EV တက်စီ ဝန်ဆောင်မှုကနေ သိရပါတယ်။
#Local_News
Published 13 February 2025
#ရန်ကုန်-မော်လမြိုင်ခရီးစဉ် #EVတက်စီဝန်ဆောင်မှု
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို သွားရောက်ကြမယ့် မြန်မာနိုင်ငံသားတွေအတွက် တစ်ရက်ကိုနိုင်ငံကူးလက်မှတ် ၅,၀၀၀ ခန့် ထုတ်ပေးနေတယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ (နေပြည်တော်)က သိရပါတယ်။
#Local_News
Published 13 February 2025
#နိုင်ငံကူးလက်မှတ် #(နေပြည်တော်)
#YMG/NN #Yangon_Times
#World_News
Published 13 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့နဲ့ သီးခြားဖုန်းပြောဆိုခဲ့ကြရာမှာ နှစ်ဦးစလုံးက ငြိမ်းချမ်းရေးအလိုရှိတဲ့သဘော ထုတ်ဖော်ခဲ့ကြတယ်လို့ ပြောလိုက်ကာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စတင်ဆွေးနွေးဖို့ အမေရိကန် ထိပ်သီးအရာရှိများကို ညွှန်ကြားလိုက်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုး(NATO)စစ်ရေးမဟာမိတ်အဖွဲ့သို့ ဝင်ရောက်မယ့် ရည်မှန်းချက်နဲ့ ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံး ပြန်လည်ရရှိရေးတို့ကို လက်လျှော့ရလိမ့်မယ်လို့ ထရမ့်ရဲ့ ကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ ပြောကြားပြီးနောက် အခုလို ဖုန်းပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
▪️ တစ်နာရီကျော်ကြာ ဖုန်းပြောခဲ့ပြီးနောက်မှာ ရုရှားခေါင်းဆောင်ပူတင်က စစ်ပွဲကို အဆုံးသတ်လိုပြီး သိပ်မကြာခင်အချိန်အတွင်းမှာ အပစ်အခတ်ရပ်စဲရေး ရယူသွားမယ့်အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရှိနေတယ်လို့ ထင်မြင်ကြောင်း၊ သမ္မတပူတင်ရော သမ္မတဇယ်လန်စကီရော အားလုံးက ငြိမ်းချမ်းရေး အလိုရှိကြောင်း၊ လူတွေသေကြေနေတာ မမြင်ချင်ကြောင်း ပြောသွားပါတယ်။
▪️ ပူတင်က ထရမ့်ကို မော်စကိုထံ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားကြောင်း ရုရှားအစိုးရက ပြောထားပြီး ထရမ့်ကလည်း ဆော်ဒီအာရေဗျမှာ များမကြာခင် ပထမဆုံးတွေ့ဆုံနိုင်ဖွယ် ရှိတယ်လို့ ပြောလိုက်ပါတယ်။
▪️ ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ CIAညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ်၊ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ်၊ အရှေ့အလယ်ပိုင်း အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့က စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းမှုတွေကို ဦးဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
▪️ ၃ နှစ်ပြည့်တော့မယ့် ပဋိပက္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မပြုလုပ်ရသေးပါဘူး။
▪️ ရုရှားကျူးကျော်ပြီးနောက်ပိုင်း ယခင်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် စစ်ရေးနဲ့ အခြားအကူအညီတွေမှာ ဒေါ်လာဘီလီယံချီ ထောက်ပံ့ထားပြီး ပူတင်နဲ့ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး။
▪️ ရုရှားက ယူကရိန်းနယ်မြေတွေရဲ့ ၅ ပုံ ၁ ပုံကို သိမ်းပိုက်ထားကာ ဒီထက်နယ်မြေပိုမိုပေးအပ်စေဖို့နဲ့ ဘယ်လိုသဘောတူညီမှုမှာမဆို အမြဲတမ်းကြားနေနိုင်ငံအဖြစ် ရှိနေဖို့ အလိုရှိနေပါတယ်။
▪️ ယူကရိန်းဘက်ကတော့ ရုရှားအနေနဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာဖို့ အလိုရှိနေပြီး နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေး သို့မဟုတ် အလားတူ လုံခြုံရေးအာမခံချက်မျိုး ရရှိရမယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#Local_News
Published 13 February 2025
▪️ အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Tourism MICE Fair 2025” ကို မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ရာ မြန်မာလုပ်ငန်းရှင်များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင်မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သဘာဝအလှတရားတိုကို အကောင်းဆုံးဖော်ထုတ်ပြသနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 388 of 1937