#World_Science
Published 16 August 2025

▪️ အာကာသထဲမှာ အသစ်တွေ့ရှိထားတဲ့အရာကို သိပ္ပံပညာရှင်များ စောင့်ကြည့်နေကြကာ အများစုက ကြယ်တံခွန်လို့ သဘောတူပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။

▪️ ဟားဗတ်သိပ္ပံပညာရှင်တစ်ဦးက ဂြိုဟ်သားဆိုတဲ့သက်သေကို အရင်က မြင်ဖူးတယ်လို့ ယုံကြည်နေကာ ဒီအရာဟာလည်း ဂြိုဟ်သားအရာတွေ ဖြစ်နိုင်မယ်လို့ ယူဆနေပါတယ်။

▪️ 3I/ATLAS လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ဟာ ဂြိုဟ်သားတွေရဲ့ယာဉ် ဖြစ်နိုင်တယ်ဆိုတဲ့ လက္ခဏာတွေ အထင်အရှားမြင်ရတယ်လို့ ပရော်ဖက်ဆာ အေဗီလော့ဘ်က ပြောပါတယ်။

▪️ အထောက်အထားမရခင်အထိတော့ ထိုအရာဟာ ကျောက်တုံး၊ ကြယ်တံခွန်၊ တစ်ခုခုဖြစ်နိုင်တယ်ဆိုတာကို စဉ်းစားထားဖို့လိုကြောင်း ပြောသွားပါတယ်။

▪️ ဒီအရာဟာ လိုအပ်သလို လမ်းညွှန်ထိန်းကျောင်းတဲ့ပုံစံပေါ်ပြီး ဂြိုဟ်သားသာဆိုရင် ကမ္ဘာကြီးအနေနဲ့ ပြင်ဆင်ထားသင့်ပြီလို့ ဆိုပါတယ်။

▪️ ရှိနေတဲ့ အချက်အလက်တွေနဲ့ စဉ်းစားပြီး ဘေးအန္တရာယ်တွေကို ဆန်းစစ်သင့်တယ်လို့ ပြောပါတယ်။

▪️ ထိုအရာဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာ နေနဲ့အနီးဆုံးကနေ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

▪️ နာဆာခန့်မှန်းချက်အရတော့ ကြယ်တံခွန် 3I/ATLAS ဟာ ကမ္ဘာမြေကို အန္တရာယ်မပြုဘဲ အဝေးမှာဘဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။

▪️ ကြယ်တံခွန်တွေဆီမှာ ကမ္ဘာပေါ်ကလိုမျိုး နေအိမ်အများအပြား တွေ့ရပြီး အဲဒီမှာ နေထိုင်သူတွေ မရှိဘူးလို့ ယူဆလို့မရကြောင်းလည်း ပြောသွားပါတယ်။

Source: CBS News