#World_News
Published 16 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ခေါင်းဆောင်နှစ်ဦးက ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တိုးတက်မှုအကြောင်းပြောခဲ့ကြပေမယ့် အပစ်အခတ်ရပ်စဲရေးအဆင့်တွေကိုတော့ မကြေညာခဲ့ပါဘူး။
▪️ သောကြာနေ့က နာရီအတော်ကြာ ဆွေးနွေးပြီးနောက် Elmendorf-Richardson ပူးတွဲအခြေစိုက်စခန်းရှိ မီဒီယာရှင်းလင်းပွဲဌာနအတွင်းမှ စင်ပေါ်မှာ နေရာယူခဲ့ကြပါတယ်။
▪️ သူတို့ရဲ့ ကျောဘက်နောက်ခံမှာတော့ "ငြိမ်းချမ်းရေးလိုလားခြင်း"ဆိုပြီး ချိတ်ဆွဲထားပါတယ်။
▪️ သဘောတူညီချက်ရခဲ့တာတွေ အများကြီးရှိခဲ့ကြောင်း၊ အများစုကတော့ အရင်က မရဖူးတဲ့ သဘောတူညီချက်ကြီးအချို့ ဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။
▪️ ထရမ့်က နောက်ထပ်အနေနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအပြင် နေတိုး(NATO)၊ ဥရောပခေါင်းဆောင်များနဲ့လည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
▪️ ပူတင်ကတော့ ယူကရိန်းနဲ့ စစ်ပွဲအဆုံးသတ်ရေးကို ရိုးသားပွင့်လင်းစွာ စိတ်ဝင်စားတယ်လို့ ပြောခဲ့ပေမယ့် စစ်ပွဲပြီးဆုံးဖို့အတွက် ပဋိပက္ခအဓိကအကြောင်းအရင်းများနဲ့ ရုရှားအတွက် စိုးရိမ်စရာကိစ္စရပ်များကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ပြောပါတယ်။
▪️ ဇယ်လန်စကီကတော့ နယ်မြေလက်လွှတ်ပေးရဖို့ကို ဆန့်ကျင်နေပြီး ဆွေးနွေးမှုပြုလုပ်နေစဉ် ရုရှားတို့က ဆက်လက်တိုက်ခိုက်နေတယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။
▪️ ထရမ့်က နယ်မြေဖလှယ်ဖို့ကို ဆွေးနွေးဖို့အကြံပြုပေမယ့် ယူကရိန်းဘက်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
▪️ ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရာ အဆောက်အအုံအပြင်ဘက်မှာ ဆန္ဒပြသူများ စုဝေးခဲ့ကြပြီး ထရမ့်က မော်စကိုမှာ ဆွေးနွေးသွားနိုင်ဖွယ်ရှိတဲ့အကြောင်း အရိပ်အမြွက် ပြောသွားပါတယ်။
Source: NPR