Publicshed 1 June 2024
ဧရာဝတီတိုင်းဒေသကြီး၌ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၅,၀၀၀ ကျော်ရှိပြီး အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်းများမှာအများဆုံးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည် ။
အဆိုပါ တိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်စဧပြီလ၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းသစ် ၂၀ ကိုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီးလက်ရှိတွင် တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စုစုပေါင်းစက်မှုလုပ်ငန်း ပေါင်း၅,၅၆၅ ခုရှိနေကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအနက် ပထမအများဆုံးအဖြစ် အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၃,၅၇၆ ခု ၊ ဒုတိယအများဆုံးအဖြစ် အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း ၁,၂၄၂ ခုနှင့် အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၄၇ ခု တို့မှာ လုပ်ငန်းများလုပ်ကိုင်နေကြောင်းသိရသည်။
၎င်းလုပ်ငန်းများမှာ မအူပင်စက်မှုဇုန်၊ ပုသိမ်စက်မှုဇုန် စသည့် စက်မှုဇုန်များဖြင့်လည်းစက်မှုလက်မှုလုပ်ငန်းများကိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် နေကြောင်း၊အချို့သောစက်မှုလုပ်ငန်းများမှာစက်မှုဇုန်ဧရိယာများတွင် ရှိသလိုအချို့မှာ စက်မှုဇုန်ဧရိယာပြင်ပတွင် လုပ်ကိုင်နေသည်များလည်းရှိကြောင်းသိရသည်။
အဆိုပါ စက်မှုလုပ်ငန်းများအတွက် စနစ်တကျရှိစေရေးနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ဌာနမှ လုပ်ငန်းမှတ်ပုံတင်များဆောင်ရွက်ပေးနေကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1 June 2024
ပခုက္ကူဦးအုန်းဖေဆုရရှိသူများစာရင်းကို ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီမှထုတ်ပြန်လိုက်ပြီး ပခုက္ကူဦးအုန်းဖေဆုတစ်သက်တာစာပေဆု(၂)ဆုကိုဆရာကြီးဦးခင်အောင်(ရွှေဘာမထီခင်အောင်)နှင့်ဦးတင့်လွင် (တက်လူ) တို့ ရရှိခဲ့ကြောင်းသိရသည်။
ယခုနှစ်ပေးသည့် ပခုက္ကူဦးအုန်းဖေဆုတွင်(၁) ဝတ္ထုရှည်ဆု ပထမဆုကိုကြေညာထားခြင်းမရှိဘဲ၊ဒုတိယဆုကို ညိမ်းညို၏ ‘မေတ္တာနွေးထွေးပါသည်’စာမူ၊ တတိယဆုကို နေစိုးသော်၏ ‘စိတ်’စာမူဖြင့်လည်းကောင်း
(၂) ဝတ္ထုတိုပေါင်းချုပ်ဆု ပထမဆုကို အမေ့သား(နတ်မောက်)၏ ‘မုသားချိုချိုနှင့်အခြားဝတ္ထုများ’၊ဒုတိယဆုကို ကိုလိုနီသွေး(မန်းမြို့)၏ ‘အတိုဆုံးဝတ္ထု၊အရှည်ဆုံးပြဇာတ်နှင့်အခြားဝတ္ထုတိုများ’၊တတိယဆုကို ထွန်းလှိုင်(မြိုင်)၏ ‘မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတ၊ရသဝတ္ထုတိုပေါင်းချုပ်’ဖြင့်လည်းကောင်း
(၃)ကဗျာပေါင်းချုပ်ဆု ပထမဆုကို ကောင်းနွဲ့၏ ‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’၊ဒုတိယဆုကို ရွှေမင်းသား(စစ်ကိုင်း) ၏ ‘မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများ’၊တတိယဆုကို ကနောင်နိုင်နွယ်ဦး၏ ‘ဘဝတေးသံကဗျာ’ဖြင့် လည်းကောင်း
(၄)ကျမ်းစာပေဆု ပထမဆုကို ကိုတိုး(ရန်ကင်း)၏ ‘ကုန်းဘောင်ခေတ်လက်ဝဲသုဒ္ဒရ၏ဘဝနှင့်စာပေ’၊ ဒုတိယဆုကို ဦးဝင်းမြင့်မောင်(လင်းအာရုဏ်ဦး)၏ ‘ရတနာပုံ အိမ်ရှေ့စံ’၊တတိယဆုကို သက်ဦးမောင်၏ ‘ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေး အခန်းကဏ္ဍ’စာမူများဖြင့်လည်းကောင်း
(၅)သုတေသနဆု ပထမဆုကို မာန်သစ်ဟိန်း(ရှေးဟောင်းသုတေသန)၏ ‘သရေခေတ္တရာပျူတို့၏ရွှေထည်၊ ငွေထည်ယဉ်ကျေးမှု အနုလက်ရာများ’၊ဒုတိယဆုကို ကိုဇော်ဌေး(ယဉ်ကျေးမှု)၏ ‘ဆိုကရေးတီး ရိုးရာခရီး’ ၊ တတိယဆုကို လက်ယာ(မေတ္တာတံခွန်)၏ ‘လပြည့်နေ့ဖွား မြန်မာလူကျော်များ’စာမူတို့မှ ဆုအသီးသီး ရရှိခဲ့သည်ဟုဆိုသည်။
အကြိမ်(၃၀)မြောက်ပခုက္ကူဦးအုန်းဖေစာကြည့်တိုက်ဆုကို ခင်မောင်ဝင်း(အညာမြေ)၏ ‘ကျွန်တော်သိသော ကျွန်တော့်ရွာ’စာအုပ်နှင့် ဆရာသဲ၏ ‘သရဒွေးအလင်္ကာအဖွင့်ကျမ်း’စာအုပ်တို့မှ ရရှိခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ပြီးတစ်သက်တာဆု(၁၀)သိန်း၊ပထမဆု(၇)သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၄)သိန်းစီချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူ ဦးအုန်းဖေတည်ထောင်သည့် ပခုက္ကူဦးအုန်းဖေပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့်မန္တလေး)မှမသန့်ဖြူဖြူထွန်း(ပန်းချီမေဂျာ)၊မင်းသုဟန်(ပန်းချီမေဂျာ)တို့မှ ရရှိခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1June 2024
ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် ငါးအပုပ်နံ့များမှ ထွက်သည့် ဓာတ်ငွေ့ကို ရှုမိရာကေန အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ငါးဖမ်းသမား ၁၁ ဦး သတိမေ့မြောခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ထာ့စာလားဒေသရှိ လှေဆိပ်တွင် ငါးဖမ်းရာမှအပြန် ကမ်းကပ်ပြီး လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲ ငါးများကို ရေလုပ်သားများ ဆင်းသယ်ကြစဉ် အဆိပ်သင့်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လှေပေါ်တွင် ထိုင်းနှင့် မြန်မာရေလုပ်သား ၁၀ ကျော် လိုက်ပါလာကြပြီး လှေဝမ်းဗိုက်အောက်ခြေသို့ ဆင်းကာ ငါးသယ်ထုတ်ရာမှ လှေလုပ်သား ၁၁ ဦး သတိမေ့မြောခဲ့ပြီးလေးဦးမှာ စိုးရိမ်ရကြောင်း ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့များက သတိမေ့မြောနေသူများကို အရေးပေါ်ကုသမှုများပေးခဲ့ပြီး ထာ့စာလားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာစိုးးရိမ်ရသူများအနက် တစ်ဦးသည် ဆေးရုံ ICU ထဲ ကုသနေဆဲဖြစ်ပြီး ကျန် သုံးဦးကို မဟာရတ်နခွန်စီထမရတ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကာ ကျန် ခုနစ်ဦးကိုလည်း ကျန်းမာရေးကုသမှုများပေးနေပြီး စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ယခုဖြစ်စဉ်တွင် အဆိပ်သင့်သူ ၁၁ဦးတွင် မြန်မာလုပ်သားမည်မျှ ပါဝင်သည်ကို သီးခြားဖော်ပြထားခြင်းမရှိဘဲ ထိုင်းနှင့်မြန်မာရေလုပ်သား စုစုပေါင်းကိုသာဖေါ်ပြထားသည်။
ယခုဖြစ်ရပ်နှင့်ပက်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Yangon_Times/LW
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ်အတွင်း ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်သားရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)ကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပကဝယ်လိုအားမရှိပေမယ့် စျေးကွက်ထဲ ကုန်အဝင်နည်းနေတာကြောင့် ကုန်သည်နှင့်ပွဲစားများက စျေးထိန်းရောင်းနေတဲ့အတွက် နနွင်းတတ်ဈေးအမြင့်မှာပဲရှိနေတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဗီယက်နမ်အလှူရှင်တွေစုပေါင်းပြီး ရွှေတိဂုံစေတီတော်ရင်ပြင်မှာ သံဃာတော် (၅၅၅၅)ပါးကို ဆွမ်းဆန်တော်နဲ့လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့တယ်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အထူးပင့်ဆောင်ထားသည့် ဆရာတော်၊ သံဃာတော်တွေ ကြွရောက်တော်မူခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ကနေ အားသွင်းလာတဲ့ EVယာဉ်တွေဟာ မော်လမြိုင်အထိ မိုင်၂၀၀ မောင်းချလာပြီး မော်လမြိုင် EV အမြန်အားသွင်းစင်တာမှာ အားအမြန်သွင်းကာ ကျိုက်ခမီ ၊စက်စဲ၊ ရေးမြို့ နဲ့ ထားဝယ်အထိ ခရီးဆက်နိုင်မှာ ဖြစ်တယ်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
မြင်းစီးအားကစားဝါသနာရှင်တွေ ၊မြင်းစီးအားကစားသမားတွေ ၊မြင်းနှင့်သက်မွေးဝမ်းကျောင်းပြုသူတွေ ၊မြင်းချစ်သူ တွေအတွက် ပထမဆုံးအကြိမ် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်းကို ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1 June 2024
အင်တာနက်နှင့် လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုပြီးဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများဖြစ်သော E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် ထုတ်ကုန်များကို အရောင်းမြှင့်တင်နေကြ၍ သတိထားကြရန်လိုအပ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ သတိပေးပြောကြားခဲ့သည်။
မေလ(၃၁)ရက်ကျင်းပခဲ့သည့်'ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့'အခမ်းအနားကို တက်ရောက်ရင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် အင်တာနက်နှင့် လူမှုကွန်ယက်စာမျက်နှာသုံးစွဲမှုမြင့်မားလာသည့်အချက်ကို အခွင့်ကောင်းယူ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် ၎င်းတို့၏ထုတ်ကုန်များကို သုံးစွဲလာစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လာကြကြောင်း၊
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှလူငယ်များကို ဦးတည်ဆွဲဆောင်လာကြကြောင်း၊ အချို့သောသုတေသန အဖွဲ့အစည်းများကို ငွေကြေးအမြောက်အမြားပေးပြီး ၎င်းတို့၏ထုတ်ကုန်များကို သုံးစွဲခြင်းဖြင့် ကျန်းမာရေး ထိခိုက်မှုမရှိဟူသော သတင်းအမှားများကို လူငယ်များထံသို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် အီလက်ထရောနစ် အငွေ့ရှူစက်များကို လူငယ်များသာမက ကလေးငယ်များအကြိုက်ဖြစ်အောင် ပုံစံအမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ပြီး ထင်ပေါ်ကျော်ကြားလူသိများသူများဖြင့် လူမှုကွန်ယက်စာမျက်နှာနှင့် မီဒီယာများမှအရောင်းမြှင့်တင်နေကြကြောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control - article 5.3 အရ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာစေရန် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများက နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောက်ယှက်နေသည့်အပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control ကို (၂၀၀၃)ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကွန်းဗင်းရှင်းပါပြဋ္ဌာန်းချက်များကို အခြေခံ၍ (၂၀၀၆) ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း၊
အသက်(၁၈)နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းချခြင်းမပြုရန်၊ ကျောင်းပုရိဝုဏ်အတွင်းနှင့် ကျောင်းပုရိဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ် ရောင်းချခြင်းမပြုရန် ဥပဒေအရတားမြစ်ထားပြီး ဖြစ်ကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အကျိုးပြုလုပ်ငန်းများတွင် အထောက်အပံ့ပေးခြင်းများကို ဥပဒေအရပြစ်မှု၊ ပြစ်ဒဏ်များဖြင့် တင်းကျပ်စွာတားမြစ်ထားကြောင်း၊
ကျန်းမာရေးကိုထိခိုက်စေ နိုင်သည့်အတွက် အီလက်ထရောနစ် အငွေ့ရှူစက်များအပါအဝင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ် ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် လူငယ်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ် ရောင်းချသူများ၏ လှည့်ဖြားမှုအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏(၂၀၂၄) ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Protecting Children From Tobacco Industry Interference” ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှု အန္တရာယ်၊ သတိပြုကာကွယ်တို့လူငယ်”ဟု ဘာသာပြန်ဆိုထားကြောင်း သိရသည်။
(၂၀၂၄)ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ(၃၁)ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်းဗီဒီယိုများ ကြည့်ရူခြင်းနှငိ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းငယ်ကို လှည့်လှည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1 June 2024
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ မွေးမြူရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးသွား မည်ဖြစ်ကြောင်း နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန် ပြည်နယ်တို့ရှိ မွေးမြူရေးလုပ်ငန်းများပါဝင်ကြောင်းသိရသည်။
ယခုဇွန်လမှစတင်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ငွေကျပ် ၁၂ ဘီလီယံ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများက စိစစ်ရွေးချယ်ထားသည့် အသားတိုးနွားမွေးမြူ ရေးလုပ်ငန်းများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ၊ ဥစားကြက်မွေးမြူ ရေးလုပ်ငန်းများနှင့် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ စသည်တို့ကို ဇွန်လမှစတင်၍ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို နှစ်ရှည်ချေးငွေအဖြစ် သုံးနှစ်အထိထား၍ ချေးပေးမည်ဖြစ်ပြီး အသားတိုး နွား၊ ဥစားကြက် နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကာလနှစ်နှစ် သတ်မှတ်၍ ထုတ်ချေးပေးသွားရန် သတ်မှတ်ထားသည်။
Yangon_Times/LW
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Publicshed 1 June 2024
သက်တမ်းရင့်ရေနံမြေများရှိပေနက်တွင်းများအောင်မြင်စွာတူးဖော်နိုင်ရေးဆောင်ရွက်နေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် နှစ်တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာ တူးဖော်နိုင်ရေးနည်းပညာပိုင်းဆိုင်ရာများကိုဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထို့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် နှစ်တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိ ရောက်ရှိအောင်တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားရမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ တူးဖော်မည့် တွင်းသစ်နှစ်တွင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P Companyမှ နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်ကြောင်းသိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို စီမံဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများ တူးဖော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published 01 June 2024
ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို နယူးယော့ခ်ဂျူရီတရားသူကြီး အဖွဲ့က သမိုင်းဝင်ပြစ်မှုတစ်ခုဖြင့် အပြစ်ရှိကြောင်း ပြန်လည်ဆုံးဖြတ်ပြီးနောက် သမ္မတဟောင်းကို ထောက်ခံတဲ့သူတွေက နေအိမ်အပြင်ဘက်မှာ အမေရိကန်အလံတွေကို ဇောက်ထိုးချိတ်ဆွဲထားကြပြီး ဆိုရှယ်မီဒီယာတွေမှာလည်း ဖော်ပြလာကြပါတယ်။
ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် မာဂျရီတေလာဂရင်းနဲ့ ကန်းထရီးအဆိုတော် ဂျေဆန်အယ်လ်ဒင်းတို့လည်း အလံဇောက်ထိုး ဖော်ပြခဲ့သူတွေထဲ ပါဝင်ပါတယ်။
ဒါဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမေရိကမှာ ဆန္ဒပြကန့်ကွက်တဲ့ ပြယုဂ်တစ်ခု ဖြစ်လာပါတယ်။
အပြာကားမင်းသမီးတစ်ယောက်ကို နုတ်ပိတ်ခပေးတာနဲ့ ပတ်သက်ပြီး ဖုံးအုပ်ဖို့အတွက် စာရွက်စာတမ်းတုများ ပြုလုပ်တယ်ဆိုကာ ကြာသပတေးနေ့က ထရမ့်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးနောက် ဆိုရှယ်မီဒီယာတွေမှာ ထရမ့်ထောက်ခံသူတွေက အလံဇောက်ထိုးပုံ ဖော်ပြလာကြပါတယ်။
တရားရေးဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး မိနစ်အနည်းငယ် အကြာမှာပဲ ထရမ့်သစ္စာခံ ဂရင်းက X ဆိုရှယ်မီဒီယာမှာ အမေရိကန်အလံကို ဇောက်ထိုးတင်ခဲ့ပြီး သောကြာနေ့မွန်းလွဲအချိန်အထိ ကြည့်ရှုသူ ၈ သန်းကျော် ရှိနေပါတယ်။
အယ်လ်ဒင်းကလည်း အလံဇောက်ထိုးပုံတင်ကာ တိုင်းပြည်အနေနဲ့ ကြောက်ရွံ့စရာ အခြေအနေကို ရင်ဆိုင်နေရကြောင်း၊ ယခုအချိန်မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုသင့်ပြီဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
ရီပတ်ဘလစ်ကန် အလှူရှင် ဒွန်တာပီယာကလည်း အရီဇိုးနားက သူ့အိမ်အပြင်ဘက်မှာ အလံဇောက်ထိုး လွှင့်ထားပါတယ်။
အင်တာနက်ပေါ်မှာ ထရမ့်ထောက်ခံသူများကြား အဓိကရုဏ်းတွေ၊ တော်လှန်ရေးတွေ၊ အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ တောင်းဆိုနေကြပါတယ်။
ထရမ့်ဟာ ရာဇဝတ်မှုဖြင့် စွပ်စွဲခံရတဲ့ ပထဆုံးသော သမ္မတဟောင်းဖြစ်လာပြီး ထိုတရားရေးဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်အလံ ဇောက်ထိုးလွှင့်တဲ့ သင်္ကေတက ၁၇၀၀ ခုနှစ်ဝန်းကျင်တွေမှာ သင်္ဘောသားများက မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့စဥ်က ပထမဆုံးအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
၁၈၀၀ ခုနှစ်အလယ်ပိုင်းတွေမှာ ကျွန်ပြုဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ၁၉၆၀ ဝန်းကျင် ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေးတို့မှာ အလံဇောက်ထိုးလွှင့်တဲ့ လုပ်ရပ်များ ပြုလုပ်ခဲ့ကြကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ပရော်ဖက်ဆာ တင်မိုသီနက်ဖ်တာလီက ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published 01 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 390 of 1683