#Local_News
Published 13 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး"၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ရာပြိုင်ပွဲဝင်များကို စတင် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ပြိုင်ပွဲသို့ အသက်၁၆နှစ်မှ၃၀နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးပြိုင်ပွဲဝင်များအနေဖြင့် လျှောက်လွှာများကို ယခုလ (၂၈) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီးပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ေကြာင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times