#Local_News
Published_7 June 2025
▪️ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကူနီကျေးရွာရှိအခြေခံပညာမူလတန်း ကျောင်း(မူလွန်)မှ ကျောင်း အုပ်ဆရာမကြီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်ရီရီထွေး အား PDF များက ဇွန်လ ၆ ရက် က သတ်ဖြတ် လိုက်ကြောင်း သိရသည်။
▪️ ကျောင်းဆင်းချိန်တွင် ကျောင်းဝန်းအတွင်းသို့ မော်တော်ဆိုင်ကယ် ၃ စီး ဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးအား သေနတ်ဖြင့် ပစ် ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခဲ့သဖြင့် ဒဏ်ရာများ ရရှိသေဆုံးသွားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်ထိ သတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည့် ပညာရေးဝန်ထမ်း ၈၀ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
#Yangon_Times/PP