#Ukraine_Crisis
Published 21 November 2022
ယူကရိန်းနိုင်ငံ ဇာပိုရစ်ဇီယာဒေသမှာရှိပြီး လက်ရှိရုရှားထိန်းချုပ်မှုအောက်ရောက်နေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံကြီးဟာ တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခံရပြီး တုန်ခါသွားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ကပ်ဘေးကြီးဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က သတိပေးလိုက်ကာ ပြစ်တင်ရှုတ်ချသွားပါတယ်။
စနေနေ့ညနေခင်းနဲ့ တနင်္ဂနွေနေ့တို့မှာ ပေါက်ကွဲမှု တစ်ဒါဇင်ကျော်ဖြစ်ပွားကာ ဥရောပရဲ့ အကြီးမားဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံကြီး တုန်လှုပ်သွားခဲ့ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဆိုပါတယ်။
လတ်တလောလများအတွင်း ပေါက်ကွဲမှုများအတွက် ရုရှားနဲ့ ယူကရိန်းတို့ အပြန်အလှန်အပြစ်တင်ခဲ့ကြသလို အခုလည်း နျူကလီးယားစက်ရုံပစ်ခတ်ခံရခြင်းအတွက် ထပ်မံအပြစ်တင်နေကြပါတယ်။
ပေါက်ကွဲမှုသတင်းကိုကြားရတာ အလွန်စိတ်ပျက်စရာကောင်းတယ်လို့ IAEA အကြီးအကဲ'ရာဖေးလ်ဂရော့စီ'က ပြောကြားခဲ့ပါတယ်။
"အဓိကနျူကလီးယားဓာတ်အားပေးစက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားတာ လုံးဝလက်မခံနိုင်ပါဘူး၊ ဒီကိစ္စကိုလုပ်နေတဲ့ဘယ်သူမဆို ချက်ချင်းရပ်တန့်ရပါမယ်၊ အရင်ကပြောခဲ့ဖူးသလိုပဲ ဒါဟာ မီးနဲ့ကစားနေတာဖြစ်တယ်"လို့ ပြောကြားသွားပါတယ်။
စက်ရုံစီမံခန့်ခွဲရေးမှ ပေးအပ်တဲ့အချက်အလက်များအရ ပေါက်ကွဲမှုကြောင့် အဆောက်အအုံအချို့၊ စနစ်များနဲ့ စက်ကိရိယာပစ္စည်းများ ပျက်စီးခဲ့ကြောင်း၊ ဒါပေမဲ့ နျူကလီးယားဘေးအန္တရာယ်ကတော့ အခုအချိန်ထိ မစိုးရိမ်ရသေးကြောင်း မြေပြင်ရှိ IAEA အဖွဲ့က ထုတ်ဖော်လိုက်ပါတယ်။
အဆိုပါအဖွဲ့ဟာ တနင်္လာနေ့မှာ အကဲဖြတ်သုံးသပ်ချက်ပြုလုပ်ရန် စီစဉ်နေကြောင်း 'ဂရော့စီ'က တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရုရှားနျူကလီးယားစွမ်းအင်အော်ပရေတာ 'Rosenergoatom'ကတော့ စစ်ဆေးနိုင်သည်များကို တားမြစ်သွားမယ်လို့ ဆိုပါတယ်။
"သူတို့က သူတို့ရဲ့လုပ်ပိုင်ခွင့်ကို အကန့်အသတ်မရှိဘူးလို့ ယူဆနေပါတယ်၊ တကယ်တော့ ဒီလိုမဟုတ်ပါဘူး" လို့ Rosenergoatom ရဲ့ စီအီးအိုအကြံပေး'ရီနတ်ကာချာ'က Tass သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
"နျူကလီးယားဘေးကင်းရေးနဲ့ ဘာမှမသက်ဆိုင်တဲ့စက်ရုံကို ကြည့်ရှုစစ်ဆေးချင်တယ်ဆိုရင် ခွင့်ပြုသွားမှာမဟုတ်ပါဘူး"
ဇာပိုရစ်ဇီယာနျူကလီးယားဓာတ်အားပေးစက်ရုံဟာ ရုရှားတို့မကျူးကျော်ခင်တုန်းက တိုင်းပြည်လျှပ်စစ်ဓာတ်အားပေးပို့မှုရဲ့ ၅ ပုံ ၁ ပုံကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
ဓာတ်အားပေးစက်ရုံများကို ပိတ်ထားလိုက်ပေမယ့် အအေးပေးစနစ်ကိုထောက်ပံ့နေတဲ့ ဓာတ်အားလိုင်းတွေသာ ပြတ်တောက်ခဲ့ရင် နျူကလီးယားစွမ်းအင်က အပူလွန်ကဲလာပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ယူကရိန်းမှာ တိုက်ခိုက်ခံရမှုများကြောင့် ဓာတ်အားပေးလိုင်းများ ထပ်ခါထပ်ခါပြတ်တောက်နေရပါတယ်။
ပြင်သစ်တီဗီရုပ်သံ BFM က 'ဂရော့စီ'ကို ဇာပိုရစ်ဇီယာထံ သွားဖို့အစီအစဉ်ရှိလားလို့ မေးမြန်းရာ သေချာအောင်တော့ သွားကြည့်ရမယ်လို့ ဖြေကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_21 November 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ယနေ့နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
ယင်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများ အားလုံးကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများ ကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်လာနိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ဂုဏ်ထူးတန်း တတိယနှစ် (ပထမနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမ နှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) ဘွဲ့သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ပြောပြချက်အရ သိရသည်။




#ymg/sth
#Yangon_Media_Group
#Local_News
Published_21 November 2022
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း ကျေးရွာအုပ်စု၊ တာရဲကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၁ ရက် က ဘင်္ဂါလီများ ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
"သတင်းရလို့ ပူးပေါင်းအဖွဲ့ကသွားရောက်စစ်ဆေးတော့ ဘင်္ဂါလီ ၇ ယောက် ဖမ်းမိတယ်၊ သူတို့ကို စစ်ဆေးတဲ့အခါ ပွဲစားဆိုတဲ့သူက စစ်တွေမြို့ကနေ ရန်ကုန်၊ ရန်ကုန်ကနေ မလေးရှားကို ပို့မယ်လို့ သိရတယ်။ ပွဲစားခကို ရန်ကုန်ရောက်မှ ပေးရမယ်လို့ သဘောတူထားကြတာတဲ့"ဟု အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။
ယင်း ဘင်္ဂါလီများမှာ စစ်တွေမြို့ နာဇီရပ်ကွက်ရှိဆိပ်ကမ်းမှ စက်လှေဖြင့် တောင်ကုတ်မြို့နယ်အတွင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိခဲ့ကာ ၎င်းဆိပ်ကမ်းမှ တောင်ကုန်းတစ်နေရာတွင် ၂ ည အိပ်ခဲ့ရကြောင်း၊ ယင်းတောင်ကုန်းမှ တောလမ်းအတိုင်း လမ်းလျှောက်ခဲ့ရာ နိုဝင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် တာရဲကျေးရွာ အနီးသို့ရောက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ဖမ်းဆီးရမိသော ဘင်္ဂါလီများအား လဝကဥပဒေဖြင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်ကလည်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဆိုသူတစ်ဦးကို စစ်တွေ လေဆိပ်ထွက်ခွာဆောင် လဝကကောင်တာ၌ နိုင်ငံသားစိစစ်ရေးကတ် အတုဖြင့် ဖမ်းဆီးမိခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_21 November 2022
ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) စိုက်ပျိုး မွေးမြူရေးလုပ်ငန်းအတွက် ဖြေဆိုအောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာ ခေါ်ယူမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ စာမေးပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ဖြေဆိုအောင်မြင်သူ ၃၁၀၄ ဦး ရှိကြောင်း၊ စာမေးပွဲအောင်မြင်သူများအား မနက်ဖြန် နိုဝင်ဘာ ၂၂ ရက်မှ၂၄ ရက်ထိ ခုံနံပါတ်အလိုက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ပင်လုံခန်းမတွင် အလုပ်လျှောက်လွှာများထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကျန်းမာရေးဆေးစစ်ချက် အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာ ပြန်လည်တင်သွင်းခြင်းကို နိုဝင်ဘာလ ၂၅ ရက်မှ လာမည့် ဒီဇင်ဘာလ ၁ ရက်အထိ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း လည်း အသိပေးကြေညာထားသည်။
အလုပ်လျှောက်လွှာ ထုတ်ယူရာတွင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်း ပြသရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ PJ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေဆေးစစ်ချက်၊ ကိုယ်ပိုင်ဘဏ်ငွေစာရင်းစာအုပ်များ တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံက တောင်ကိုရီးယားသို့ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်လျက်ရှိရာ ယခုနိုဝင်ဘာလအတွင်း မြန်မာလုပ်သား ၄၆၀ ကျော်အထိ စေလွှတ်ပြီးဖြစ်ကြောင်းစာရင်းများအရ သိရသည်။
#ymg/STH
#Yangon_Media_Group
#World_Science
Published 21 November 2022
ကိုယ့်ရဲ့လက်တွဲဖော်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသခြင်းက လက်ငင်းရော ရေရှည်ပေါင်းသင်းရေးမှာပါ အကျိုးကျေးဇူး သိသိသာသာရရှိစေကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
မေတ္တာရေးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကျေးဇူးတင်ကြောင်း ထုတ်ဖော်ခြင်းဟာ အဆင်မပြေတဲ့အချိန်တွေမှာ အထောက်အကူဖြစ်စေကြောင်း အီလီနွိုက်စ်တက္ကသိုလ်မှ ပညာရှင်များက တွေ့ရှိခဲ့ပါတယ်။
'ကျေးဇူးပါ'လို့ ပြောလိုက်ခြင်းဖြင့် ကျေနပ်နှစ်သိမ့်မှုကို မြှင့်တင်ပေးပြီး အကျိုးမရှိစွာ စကားများခြင်းမှ ကာကွယ်ပေးပါတယ်။
ထိုသို့ပြုမူတဲ့အတွဲတွေဟာ အခုချက်ချင်းရော ရေရှည်မှာပါ အတွင်းအပြင်စိတ်ဖိစီးစရာကိစ္စများကို ခံနိုင်ရည်ရှိကြောင်း ဦးဆောင်သုတေသနပြုသူ ပရော်ဖက်ဆာ'အယ်လန်ဘာတန်'က ပြောပြပါတယ်။
ဒီလေ့လာမှုက အတွဲတွေကြား ကျေးဇူးထုတ်ဖော်မှုကို နားလည်စေပြီး အခက်အခဲတွေတွေ့တဲ့အခါ ကာကွယ်ပေးနိုင်လားဆိုတာကို သိခဲ့ရပါတယ်။
အဆိုပါသုတေသနအတွက် ဂျော်ဂျီယာကျေးလက်မှ သက်လတ်ပိုင်း အာဖရိက-အမေရိကန်လူမျိုးစုံတွဲများကို လေ့လာခဲ့ကြပါတယ်။
စုံတွဲတွေကို သူတို့စကားများတဲ့ဖြစ်ရပ် ၃ ခုနဲ့ လက်ရှိငွေရေးကြေးရေးအခြေအနေတို့ကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့ရဲ့လက်တွဲဖော်ကို ကျေးဇူးတင်ကြောင်းဖော်ထုတ်ခြင်းနဲ့ လက်တွဲဖော်ထံမှ ကျေးဇူးတင်မှုကိုရရှိခြင်းတို့ကို မေးမြန်းခဲ့ကြပါတယ်။
အဓိကကောက်နုတ်ချက်ကတော့ ကျေးဇူးတင်ကြောင်းထုတ်ဖော်ခြင်းဖြင့် စိတ်ဖိစီးမှုအခြေအနေကို သက်သာစေပြီး အခက်အခဲတွေကြုံတွေ့တဲ့အခါ မေတ္တာရေးပျက်ပြားခြင်းမှ ကာကွယ်ပေးနိုင်တယ်ဆိုတာဖြစ်ကြောင်း ပရော်ဖက်ဆာ'ဘာတန်'က ပြောကြားခဲ့ပါတယ်။
ထိုကဲ့သို့ထုတ်ဖော်ခြင်းဟာ တစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းရေးမှာ ကျေနပ်စရာဖြစ်စေပြီး စကားများခြင်း၊ လမ်းခွဲရခြင်းတို့ ဖြစ်နိုင်ချေလျော့နည်းစေပါတယ်။
အတွဲတိုင်းက အမြဲတမ်းအဆင်ပြေနေတာမျိုးမဟုတ်ပေမယ့် အဆင်မပြေတဲ့အခါမျိုးမှာတော့ ပေါင်းသင်းရေးအခြေအနေကို ထိန်းသိမ်းထားနိုင်ပါတယ်။
တစ်စုံတစ်ယောက်ကျေနပ်ဖို့ ပြည့်စုံတဲ့နည်းလမ်းမရှိပေမယ့် ရိုးသားဖြောင့်မှန်စွာ ကျေးဇူးထုတ်ဖော်သင့်ကြောင်း ပရော်ဖက်ဆာ'ဘာတန်'က ဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 21 November 2022
စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများ စသည်တို့ ရှိနေသည့် နေပြည်တော် ကောင်စီနယ်မြေကို ပညာရေးမြို့တော်အဖြစ် လုပ်ဆောင်နေကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် နေပြည်တော်၌တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစုများမှ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်ရှိ ဒေသခံပြည်သူများ၏ သားသမီးများအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်များ သင်ယူလေ့လာခွင့်ရရှိစေရန် Naypyitaw State Academy ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က ကိုဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် စီးပွားရေးပညာ မဟာဌာနဟူ၍ မဟာဌာန ၄ ခုကို စတင် ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၇ ခု၊ သိပ္ပံပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၃ ခု၊ ဥပဒေပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၁ ခုနှင့် စီးပွားရေးပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၄ ခု၊ စုစုပေါင်း ဘာသာရပ်ဌာန ၁၅ ခုကို စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပြီး လာမည့်ပညာသင်နှစ်များတွင် ဆေးသိပ္ပံမဟာဌာန၊ အားကစားပညာ မဟာဌာနနှင့် လူမှုရေး ပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း မဟာဌာန ၇ ခုအထိရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် နိုဝင်ဘာလ ၁၂ ရက်က အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးနိုင်မည့် နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းတွင် အင်ဂျင်နီယာ ဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်သည့် သုတနည်းပညာ ဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်း ဘာသာရပ် ၆ ခုကို ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ လက်ရှိဖွင့်လှစ်ပို့ချ လျက်ရှိသည့် အစိုးရမူလတန်းကျောင်း ၅၀၈ ကျောင်း၊ အစိုးရအလယ်တန်းကျောင်းပေါင်း ၁၂၀ ၊ အစိုးရ အထက်တန်းကျောင်း ၁၂၉ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်း ရှိပြီး ပုဂ္ဂလိကကျောင်းများအပါအဝင် လိုအပ်သည့်ကျောင်း၊ တက္ကသိုလ်များကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော်ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 21 November 2022
ဆေးခြောက်သောက်သုံးခြင်းဟာ စီးကရက်သောက်ခြင်းထက် အဆုတ်ကိုပိုမိုထိခိုက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဆေးလိပ်တစ်မျိုးတည်းသောက်တာထက်စာရင် ဆေးခြောက်သောက်သုံးခြင်းဖြင့် အဆုတ်ထဲရှိ လေအိတ်များပျက်စီးလာနိုင်ကြောင်း Radiology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က ပြည်နယ်တွေမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုရေးအတွက် လုပ်ဆောင်နေကြတာကြောင့် ကျန်းမာရေးပညာရှင်တွေကတော့ အဆုတ်ကျန်းမာရေး ပိုမိုထိခိုက်လာမှာကို စိုးရိမ်လာကြပါတယ်။
အဆုတ်ထဲက လေအိတ်လေးတွေ ပျက်စီးသွားကာ တဖြည်းဖြည်းနဲ့ ပေါက်ထွက်ကုန်ကြတဲ့ရောဂါဖြစ်နိုင်ကြောင်း Mayo ဆေးခန်းက ဖော်ပြလိုက်ပါတယ်။
ထိုအခါကျ နာတာရှည်ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ခံစားရနိုင်ပြီး တသက်လုံးပြန်မပျောက်တော့ပါဘူး။
ကနေဒါနိုင်ငံမှာ ၂၀၀၅ ခုနှစ် ၂၀၂၀ အတွင်း ဆေးခြောက်သုံးစွဲသူ ၅၆ ယောက်၊ ဆေးလိပ်ချည်းသာသောက်သုံးသူ ၃၃ ယောက်၊ ဆေးလိပ်မသောက်သူ ၅၇ ယောက်တို့ကို ရင်ဘတ်စကင်ဖတ်ပြီး လေ့လာခဲ့ကြပါတယ်။
ထိုအခါ ဆေးခြောက်သောက်သုံးသူတွေဟာ ဆေးခြောက်မသောက်သူများထက် အဆုတ်လေအိတ်ပိုမိုပျက်စီးပြီး ဆေးလိပ်တစ်မျိုးတည်း သောက်သူတွေထက် အသက် ၅၀ နဲ့အထက် ဆေးခြောက်သောက်သုံးသူတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ဆေးခြောက်သုံးစွဲသူတွေမှာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း ပိုပြီးအဖြစ်များပါတယ်။
ဆေးလိပ်နဲ့ ဆေးခြောက်ရဲ့ အန္တရာယ်တွေကို တိုက်ရိုက်နှိုင်းယှဉ်လေ့လာဖို့တော့ ခက်ခဲပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆေးခြောက်သောက်သုံးသူတွေထဲမှာ ဆေးလိပ်ပါသောက်သုံးသူက ၉၀ ရာခိုင်နှုန်းခန့် ပါဝင်နေတာကြောင့်ပါ။
အမေရိကန်မှာ ဆေးခြောက်ကို တရားဝင်ဖြစ်ဖို့ စတင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် ဆေးခြောက်ရှုခြင်းရဲ့ အကျိုးကျေးဇူးနဲ့ ဘေးအန္တရာယ်တွေကို ဆက်လက်လေ့လာဖော်ထုတ်ရန် အရေးကြီးနေပါတယ်။
ဆေးခြောက်က အန္တရာယ်ပိုများရတဲ့အချက်က လူတွေက ဆေးခြောက်သောက်ရာမှာ ဆေးလိပ်သောက်တာထက်ပိုပြီး ရှိုက်သွင်းရတာကြောင့် အဆိပ်အတောက်ပိုပြီး ရှူမိတာကြောင့်ဖြစ်ပါတယ်။
ဆေးခြောက်ကို ရှူရှိုက်ခြင်းက ခေါင်းတခြမ်းကိုက်ခြင်းလို ဝေဒနာတွေမှာ လျင်မြန်စွာသက်သာပျောက်ကင်းစေတဲ့ အကျိုးကျေးဇူးလည်းရှိနေပါတယ်။
ဒါပေမဲ့ ဆေးခြောက်ရှူသွင်းတာဟာ မီးရှို့ပြီးဆေးလိပ်သောက်တာကိုတော့ မဆိုလိုပါဘူး။
Source: SCMP
#Yangon_Media_Group
Published 20 Nov 2022
၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ကာတာနိုင်ငံ အယ်လ်ဘတ်အားကစားရုံကြီးတွင် နိုဝင်ဘာ ၂၀ ရက်ညက ကျင်းပရာ ဖွင့်ပွဲအခမ်းအနားတွင် မီးရှုးမီးပန်းများ လွှတ်တင်၍ ဖွင့်လှစ်လိုက်ပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#FIFA_WorldCup_2002
#Qater_World_Cup
#Al_Bayt_stadium
World Cup 2022
Published - 20 Nov 2022
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိကျင်းပမယ့် ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေအနေနဲ့ ရရှိမယ့်ဆုကြေးတွေကလည်း များပြားလှပါတယ်။
ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတဲ့အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄၂ သန်းကို ရရှိမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိမှာဖြစ်ပါတယ်။ တတိယရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၂၇ သန်း၊ စတုတ္ထရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၂၅ သန်း အသီးသီးရရှိမှာပါ။
အဆင့် ၅ မှ ၈ အတွင်းရရှိတဲ့အသင်းတွေက အမေရိကန်ဒေါ်လာ ၁၇ သန်းစီ၊ အဆင့် ၉ မှ ၁၆ အတွင်း နေရာရခဲ့တဲ့အသင်းတွေက အမေရိကန်ဒေါ်လာ ၁၃ သန်းစီနဲ့ ကျန်တဲ့ ပြိုင်ပွဲဝင်အသင်းတွေက အမေရိကန်ဒေါ်လာ ၉ သန်းစီ ဆုကြေးအဖြစ် ရရှိမှာဖြစ်ပါတယ်။
ခြေစစ်ပွဲအောင်ခဲ့တဲ့ နိုင်ငံအသင်း ၃၂ သင်းစလုံးဟာ ပြင်ဆင်စရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ သန်းစီ ရရှိခဲ့ကြပါတယ်။
#Yangon_Media_Group
Published 20 Nov 2022
၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားကျင်းပတဲ့အချိန်မတိုင်ခင် ကြာသပတေးနေ့က ဒိုဟာမြို့တော်မှာ ပထမဆုံး ပန်ဒါအိမ်ကလေးကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ပန်ဒါအိမ်ဟာ အယ်ဘတ်အားကစားရုံအနီး မယ်ခါပန်းခြံမှာ တည်ရှိပါတယ်။ အဲဒီပန်ဒါအိမ်မှာ တရုတ်ပန်ဒါဝက်ဝံကြီး စုံတွဲရဲ့ နေအိမ်ဖြစ်ပါတယ်။ သူတို့ကလေးတွေကတော့ အသက်၃နှစ်အရွယ်ရှိပန်ဒါမလေး ဆီဟိုင်းနှင့် အသက် ၄နှစ်အရွယ် ပန်ဒါထီးကလေး ကျင်ကျင်တို့ဖြစ်ကြပါတယ်။
ဒီပန်ဒါအတွဲဟာ အရှေ့အလယ်ပိုင်းဒေသအတွက် ပထမဆုံးပန်ဒါတွေဖြစ်ကြပါတယ်။ သူတို့ကို အာရပ်အမည်လည်း ပေးထားပါတယ်။ ကျင်ကျင့်ကို ဆူဟေးအမည်၊ ဆိုဟိုင်းကို ဆိုရာယာအမည် အသီးသီးပေးထားကြပါတယ်။ အဓိပ္ပါယ်ကတော့ ကောင်းကင်ကကြယ်ပွင့်များလို့ဆိုပါတယ်။
ကာတာဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ရှိတ်ခါလစ်ဘင်ကာလီဖာဘင်အက်ဘ်ဒူလာဇစ်အယ်သန်နီက ပန်ဒါအိမ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ကာတာဆိုင်ရာ တရုတ်သံအမတ် ကျုံးကျန့်လည်း တက်ရောက်ခဲ့ပါတယ်။ပန်ဒါကိုချစ်တဲ့ မြို့က ကလေးငယ်တွေကိုလည်းအခမ်းအနားဖိတ်ခဲ့ပါတယ်။
“ ပန်ဒါကို သားချစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သားရဲ့အိပ်မက် တကယ်ဖြစ်လာတာလေ။ ပြီးတော့ ပန်ဒါကို အခုမှ အပြင်မှာ မြင်ဖူးတာ။ သားက ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကို သဘောကျတယ်” လို့ ကလေးငယ်တစ်ဦးက ပြောပါတယ်။
ပန်ဒါအိမ်ဟာ ဒိုဟာမြို့တော်မြောက်ပိုင်း ၅၀ကီလိုမီတာအကွာအရပ်မှာရှိပြီး ၂၀၂၁ က တည်ဆောက်ခဲ့ပါတယ်။ ပန်ဒါလေးတွေ ကျန်းကျန်းမာမာဘေးကင်းကင်းနေနိုင်ဖို့ ပန်ဒါအိမ်နှင့်အတူ ပြုစုရေးအခန်း၊ကုသရေးအခန်း၊ အစားအစာ ပြင်ဆင်ရေးအခန်းနှင့် လေအေးစက်တပ်ပေးထားတဲ့ ကစားကွင်းကလေးကိုပါ ပူးတွဲတည်ဆောက်ပေးထားပါတယ်။
အဲဒီအပြင် ပန်ဒါအိမ်အတွက် အတွေ့အကြုံရှိတဲ့ မျိုးဖောက်သူတွေနှင့် တိမွေးကုဆရာဝန်တွေကို အလုပ်ခန့်ထားပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံ စောင့်ရှောက်ထိန်းသိမ်းရေးနှင့်သုတေသနဌာနက မျိုးဖောက်သူနှစ်ဦးနှင့် တိမွေးကုဆရာတဝန်တစ်ဦးတို့ကို အလွှဲအပြောင်းကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒိုဟာကိုစေလွှတ်ထားပါတယ်။
ပန်ဒါဟာ ဝါးတွေအပြင် မုန်လာဥ၊ပန်းသီးနှင့် တရုတ်ရိုးရာပန်ကိတ်တွေကို စားသုံးပါတယ်။
၂၀၂၀ပြည့်နှစ်မှာ တရုတ်နှင့် ကာတာတို့ချုပ်ဆိုတဲ့ စာချုပ်အရ ဒီပန်ဒါကလေးနှစ်ကောင်ဟာ ကာတာမှာ ၁၅နှစ်ကြာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။
ဆီဟိုင်းနှင့် ကျန်ကျန်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ပေါက်ဖွားခဲ့ပါတယ်။ ဆီဟိုင်းဟာ သစ်ပင်တက်ရတာသိပ်ပျော်တဲ့ ပန်ဒါသမီးကလေးဖြစ်ပြီး ကျန်ကျန်ကတော့ အစားသိပ်ပုတ်တဲ့ ကောင်ကလေးဖြစ်ပါတယ်။
ဆီဟိုင်းနှင့် ကျန်ကျန်တို့ဟာ အောက်တိုဘာ ၁၉ရက်နေ့က ကာတာကိုရောက်ရှိခဲ့ကြပြီး ပြည်သူတွေကိုမပြသခင်မှာ သူတို့ကလေးတွေလည်း ၂၁ရက် ကွာရန်တင်းဝင်ခဲ့ကြရသေားကြောင်းသိရပါတယ်။
Source: CCTV+
#Giant_Panda_Couple_House_Doha
#2022_World_Cup_Panda_House
#Jing_Jing_Si_Hai
Published 20 Nov 2022
🟥 အမေရိကန် နိုင်ငံ ကိုလာရာဒိုးပြည်နယ် ကိုလိုရာဒိုစပရင်းရှိ ဂေးနိုက်ကလပ်တစ်ခုတွင် စနေနေ့ည က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လူ(၅)ဦးသေဆုံးပြီး (၁၈)ဦးဒဏ်ရာရ
🟥 ကလပ်ကျူ Club Q လို့အမည်ပေးထားတဲ့ အဆိုပါဂေးနိုက်ကလပ်မှာ သံသယရှိသူကို ထိန်းသိမ်းထားပြီး ဒဏ်ရာတွေကို ကုသပေးနေတယ်လို့ ကိုလိုရာဒိုးစပရင်း ရဲတပ်ဖွဲ့မှ ရဲမှူး ပါမလာ ကက်စထရိုက ပြော
🟥 သေနတ်ပစ်ခတ်မှုဖြစ်ပွားမှုမတိုင်ခင် ရဲက ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီး အဲဒီကလပ်ကိုရောက်တဲ့အခါ ကလပ်ထဲမှာ တရားခံလို့သံသယဖြစ်ရတဲ့သူတစ်ဦးကိုတွေ့ရှိခဲ့ဟု ကတ်စ်စထရိုကပြော
🟥 သို့သော် ပစ်ခတ်ရခြင်းအကြောင်းကိုမူ သူမကမပြောဆိုသည့်အပြင် ပစ်ခတ်သူဟာ ဘယ်လိုသေနတ်မျိုးသုံးခဲ့သလဲ ဆိုတာကိုလည်း ပြောဖို့ငြင်းဆို
🟥 Club Q ဟာ ဂေးနှင့်လိင်တူဆက်ဆံသူများရဲ့နိုက်ကလပ်ဖြစ်ပြီး ကာရာအိုကေ၊ဒရက်ရှိုးနှင့်ဒီဂျေတွေဖျော်ဖြေမှုတွေ ရှိတယ်လို့ သူတို့က ဂူးဂဲလ်မှာဖော်ပြထား
🟥 ကျွန်န်ုပ်တို့ အသိုက်အဝန်းကို အကြောင်းမဲ့ တိုက်ခိုက်မှုကြောင့် ကလပ်ဟာ ထိခိုက်ပျက်စီးမှုတွေဖြစ်ရတယ်။ သေနတ်သမားကို ဝိုင်းဝန်းနှိမ်နှင်းပေးပြီး ဒီအမုန်းတိုက်ခိုက်မှုကိုရပ်တန့်ပေးတဲ့ သူရဲကောင်းဖောက်သည်တွေကို ကျေးဇူးတင်ပါတယ်ဟု ကလပ်က သတင်းထုတ်ပြန်
Source Reuters/AP
#Colorado_Springs
#Gay_nightclub_shooting
#Club_Q

#Local_News
Published_20 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀ ဘီလီယံရရှိထားပြီး ပြီးခဲ့တဲ့နှစ်ထက် ၁ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1497 of 2001