Published 20 Nov 2022
ဟမ်ဟာ ခရိုအေးရှားနိုင်ငံ အစ်စထရီးယားဒေသမှာတည်ရှိတဲ့ တော်ပေါ်က မျက်စေ့ပသာဒဖြစ်စေတဲ့ နေရာကလေး တစ်ခုဖြစ်ပြီး ကမ္ဘာ့အသေးဆုံးမြို့ကလေးအဖြစ် ထင်ရှားပါတယ်။
အစ်စထရီးယားရဲ့ အလယ်ပိုင်းမှာတည်ရှိတဲ့ ဟမ်မြို့ဟာ ခရိုအေးရှား မြို့တော်ဇီဂရက်ကနေ ကားနှင့်သွားရင် ၂နာရီခွဲလောက် မောင်းရပါတယ်။အလယ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ အဲဒီတောင်ပေါမြို့ကလေးမှာ လူဦးရေက ၂၀နှင့် ၃၀ဦးအကြားရှိပါတယ်။ ၂၀၁၁ သန်းခေါင်းစာရင်းအရ ၂၁ ဦးရှိရာကနေ ၂၀၂၁မှာ ၂၇ ဦးအထိရှိလာပါတယ်။
သမိုင်းဆိုင်ရာ အထောက်အထားများအရ ၁၁၀၂ခုနှစ်တုန်းက ဟမ်းကို Cholm (ခုန်)လို့ အမည်ပေးခဲ့တာပါ။ မြို့ကလေးရဲ့ကာကွယ်ရေးအတွက် ခေါင်းလောင်းနှင့်နာရီစင်တစ်ခုကို ၁၅၅၂ ခုနှစ်က တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒီနောက် အစောင့်တွေနှင့် သူတို့မိသားစုတွေကို မြို့ကို စတင်ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရာစုနှစ် များစွာဖြတ်သန်းလာခဲ့ပေမယ့် မြို့ကလေးဟာ တိုးတက်ဖွံ့ဖြိုးလာခြင်းမရှိပါဘူး။ အခုထက်ထိ မြို့ကလေးမှာ အလယ်ခေတ်က အိမ်တန်း (၃)တန်းနှင့် လမ်း(၂)လမ်းပဲရှိပါသေးတယ်။

ဟမ်ဟာ အလျား ၁၀၀မီတာနှင့် အနံ ၃၀မီတာသာ ကျယ်ဝန်းပါတယ်။ ဟမ်ကို ဘာကြောင့် ကမ္ဘာ့အသေးဆုံးမြို့ကလေး အဖြစ်သတ်မှတ်တယ်ဆိုတာ မြင်တာနှင့်ပဲသိသာပါတယ်။ ဒါပေမယ့် ဟမ်ကို ဘာကြောင့် ရွာလို့ မသတ်မှတ်ခဲ့သလဲဆိုတာတော့ သိပ်မသိကြပါဘူး။တကယ်ဆိုရင် ဟမ်ဟာ ရွာတွေထက်တောင်သေးငယ်ပါသေးတယ်။ လက်ချိုးရေလို့ရတဲ့ အိမ်တွေ တန်းစီဆောက်ထားတဲ့မြို့ကလေးပါ။
ကမ္ဘာ့အသေးဆုံးမြို့အဖြစ် ဟမ်ကိုသိကြတဲ့အတွက် ဒီကနေ့မှာ ဒေသခံတွေအတွက် ခရီးသွားကရတဲ့ ဝင်ငွေဟာ စိုက်ပျိုးရေးလုပ်ငန်းကရတဲ့ဝင်ငွေနှင့်အတူ အဓိက ဝင်ငွေနှစ်ခုအဖြစ် ရရှိနေတာပါ။နေရာကေလးက ကျဉ်းကျဉ်လေးမို့ ဟမ်မြို့ကလေးမှာ ဘာမှကြည့်စရာ များများစားစားမရှိလှပါဘူး။ ဒါပေမယ့် ဒေသခံတွေကတော့ အကောင်းဆုံးလုပ်ပေးနေပါတယ်။ဧည့်သည်တွေဟာ ကျောက်ခင်းလမ်းနှစ်လမ်းမှာ လမ်းလျှောက်၊ပြီးတော့ အလယ်ခေတ် လက်ရာအဆောက်အဦတွေကို ချီးမွမ်းကြ၊ရုပ်ရှင်ရိုက်ကြ ..ဒါလောက်ပါပဲ။
အလယ်ခေတ်က မြို့ကလေးကို ဓားပြတွေရန်ကကာကွယ်ဖို့ဆိုပြီး ကျောက်တုံးနံရံတွေနှင့်စည်းရိုးခတ်ထားပါတယ်။ ဒီခြံစည်းရိုးကနေ မြို့ကလေးကလည်း ထပ်မံကြီးထွားလာစရာမရှိပါဘူး။ အိမ်သစ်တွေလည်း ထပ်ဆောက်ခဲ့ပုံမရဘူးလို့ ရောက်ဖူးတဲ့တစ်ဦးကပြောပါတယ်။
Source: gujaratimidday
#Hum_Town_Croatia
#World_Smallest_town
#Central_Istria_Croatia


#Local_News
Published_ 20 November 2022
မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ International School တွေမှာ သင်ကြားပေးနိုင်မယ့် ပြည်တွင်း၊ ပြည်ပကဆရာ၊ ဆရာမတွေရှားပါးနေတဲ့အတွက် ဆရာ၊ ဆရာမ လိုအပ်ချက်တွေများပြားနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Published 20 Nov 2022
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အနောက်ပိုင်းနှင့်မြောက်ပိုင်းတစ်လျောက်မှာ အချိန်ကြာမြင့်လှတဲ့ နှင်းမုန်တိုင်းကြီးတစ်ခု စနေနေ့က တိုက်ခတ်သွားတဲ့အတွက် ဘတ်ဖဲလိုးမြို့မှာ နှင်းထုတွေ အောက် ကျရောက် သွားရပါတယ်။
သမိုင်းဝင်လောက်အောင်ကြီးမားတဲ့ နှင်းမုန်တိုင်းကြီးကြောင့် အချို့နေရာတွေမှာဆိုရင် နှင်းတွေဟာ ၆ပေကျော်အမြင့်အထိ ဖုံးအုပ်သွားခဲ့ပြီး လမ်းတွေပိတ်သွားပါတယ်။ ကားတွေနှင့် လေယာဉ်တွေ မောင်းနှင်ပျံသန်းမှုတွေ ရပ်နားပစ်လိုက်ရပါတယ်။
“ကျွန်မတိုဘာတတ်နိုင်မှာလဲ,,ဒါဟာ သဘာဝမိခင်ကြီးပဲလေ” လို့ နှင်းမုန်တိုင်းကျပြီးတဲ့နောက် နှင်းတွေကိုရှင်းလင်း ရေးလုပ်နေတဲ့ ဘတ်ဖဲလိုဒေသခံတစ်ဦးဖြစ်တဲ့ ဆီဗီယာရီဗာယာက ပြောပါတယ်။
အဲဒီနှင်းမုန်တိုင်းကြောင့် နှင်းတွေကိုကြိုးစားရှင်းနေတဲ့ ဒေသခံနှစ်ဦးဟာ နှလုံးဖောက်ပြီးသေဆုံးသွားရတယ်လို့ အီရီ စီရင်စု အရာရှိ မတ်ခ် ပိုလွန်ကတ်ဇ်က ပြောပါတယ်။
နှင်းတွေကျတာဟာ သူ့မြို့အတွက် အထူးအဆန်းမဟုတ်ပေမယ့် ဒီတစ်ခါကတော့ အရင်ကျတာတွေထက် အတော့်ကို များလွန်းတယ်လို့လည်း ဘတ်ဖဲလို မြို့တော်ဝန် ဘိုင်ရွန်ဘရောင်းက စီအင်န်အင်န်သတင်းဌာနကိုပြောပါတယ်။
တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့လောက်ရောက်မှ မြို့ကပုံမှန်ပြန်ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။
Source: AFP(Video)/CNN
#Buffalo_U.S
#Historic_Snow_Storm_US
#New_York_Snow_Storm
#LocalNews
Published_ 20 November 2022
အားကစားခန်းမများတွင် ယခင်က မရှိဖူးသော ရိုးရာလက်ဝှေ့ကြိုးဝိုင်းကိုထည့်သွင်း၍ ပထမဆုံး ဖွင့်လှစ်သည့် အားကစားခန်းမတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ၊ပထမထပ်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက်က ဖွင့်လှစ်ခဲ့သည်။
“အခုလို ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထည့်ဖြစ်တာကတော့ Gym မှာလာပြီး ကစားတဲ့ကစားသမားတွေက လက်ဝှေ့လာကစားတာဆိုရင် မြေပြင်မှာပဲ ကစားပြီး ပြန်သွားတယ်ဆိုတာနဲ့ ကြိုးဝိုင်းပေါ်တက်ပြီး ကစားတယ်ဆိုရင် ပိုပြီးပြည့်စုံတယ်လို့ ခံစားသွားစေချင်တဲ့ စိတ်နဲ့ပါ၊ နောက်ပြီးသူများ Gymတွေနဲ့ မတူတဲ့ Traning Plan လေးတွေ၊ facilities တွေလည်း ပြည့်ပြည့်စုံစုံထားပေးပါတယ်။ ကျွန်တော်အနေနဲ့ကတော့ Gym မှာလာကစားတဲ့သူတွေ အကုန်လုံးကို ပြောင်းလဲစေချင်တယ်"ဟု ပထမဆုံး ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထည့်သွင်းဖွင့်လှစ်သည့် Warriors Lethwei Gym ၏ ဦးဆောင်သူ ကိုရဲတံခွန် က ပြောသည်။
ယနေ့ စတင်ဖွင့်လှစ်သည့် Warriors Lethwei Gym တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲ တစ်ပါတည်း ပြုလုပ်ခဲ့ကြကြောင်း ၊ ယင်း Warriors Fight Season 1 လက်ဝှေ့ပြိုင်ပွဲတွင် လက်ဝှေ့ အလံလု ပွဲစဉ်၊ သုံးချီပွဲစဉ်၊ ငါးချီ လက်ဝှေ့ ပြိုင်ပွဲများ ဆက်လက်ကျင်းပကာ ဆုများချီးမြှင့် ခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group


#Myanmar_News
Published 20 Nov 2022
ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြားရှားပါးပြီး တန်ဖိုးမြင့်မားတဲ့ ဝတ္ထုပပစ္စည်းများကို လက်ဝယ်ထားရှိ ထိန်းသိမ်းခြင်း မပြုကြဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်တစ်ရပ်ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၆ရက် ရက်စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ အဆိုပါအမိန့်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။
မည်သူမဆို ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေများ၊နည်းဥပဒေ ၆(ဃ)အရ ဝန်ကြီးဌာနက ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ထူးခြားရှားပါး၍ တန်ဖိုးမြင့်မားသော ဝတ္ထုပစ္စည်းဖြစ်သည်ဟု အတည်ပြုပြီး အမျိုးသားပြတိုက်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြတိုက်များတွင် ထိန်းသိမ်းထားရှိရမည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို လက်ဝယ်ထားရှိခြင်းနှင့် ထိန်းသိမ်းခြင်းမပြုရလို့ အဆိုပါအမိန့်မှာဖော်ပြထားပါတယ်။
အမိန့်တွင် အကျုံးဝင်သည့် ရှေးဟောင်းပစ္စည်းတွေက-ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ၊
- ရွှေ၊ ငွေ သို့မဟုတ် အဖိုးတန် ကျောက်မျက်ရတနာများပါဝင်သော လက်မှုအနုပညာပစ္စည်းများ အနက် မှ ပုဂံခေတ်(အေဒီ၈၄၉-၁၃၆၀ပြည်နှစ်) မတိုင်မီ ပြုလုပ်ခဲ့သည့် လက်မှုအနုပညာပစ္စည်းများ
-ထူးခြားရှားပါးသည့် အနုပညာလက်ရာ သို့မဟုတ် လက်မှု အနုပညာများအနက်မှ အင်းဝခေတ်(အေဒီ၁၃၆၄-၁၅၅၅ခုနှစ်) မတိုင်မီပြုလုပ်ခဲ့သည့် လက်မှုအနုပညာပစ္စည်းများ
-သမိုင်းတင်ပြီးခေတ်အဆက်ဆက်အသုံးပြုခဲ့သော မြန်မာမင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်း အသုံးအဆောင်ပစ္စည်းများ ပါဝင်ပါတယ်။
အဲဒီ့အပြင် ဝန်ကြီးဌာနက ထူးခြားရှားပါး၍ တန်ဖိုးမြင့်မားသော ရှေးဟောင်းပစ္စည်းများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အတည်ပြုထားသော ပစ္စည်းများလည်း ပါဝင်တယ်လို့ အမိန့်ကြေငြာစာများထည့်သွင်းထားပါတယ်။
-ymg/knl
#Culture_heritage
#Myanmar_Culture_Ministry
#Local_News
Published_ 20 November 2022
ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်၊ ပဲခူး-သနပ်ပင် ကားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းများတွင် နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီခန့်က ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
(၁)ထပ် သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်း၊ ဈေးဆိုင်ခန်း စုစုပေါင်း ၂၂ ခန်း ရှိတဲ့ အနက် ဆိုင်ရှင်ဦးမြင့်ဝင်း၏ ဈေးဆိုင်အခန်း နံပါတ် (၈/၉) အခန်းအတွင်းရှိ ရေခဲသေတ္တာ ကွန်ပရစ်ဆာ အပူလွန်ကဲရာမှ အနီးရှိ စာရေးကိရိယာများသို့ ကူးစက်လောင်ကျွမ်းခဲ့ တာဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်မီးသတ် ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် စုစုပေါင်းဆိုင်ခန်း (၅) ခန်း မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမြင့်ဝင်းအား အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group

Published 20 Nov 2022
✅ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာ အကောင့်ကို ဘီလျံနာအီလွန်မတ်ခ်ပိုင်ဆိုင်သွားတဲ့ ဆိုရှယ်မီဒီယာ တွစ်တာကုမ္ပဏီကနေ ပြန်အသုံးပြုခွင့်ပေးလိုက်
✅ မတ်စ်ခ်က သောကြနေ့နှင့်စနေနေ့တုန်းက တွစ်တာအသုံးပြုသူတွေကို “ ထရမ့်ကို တွစ်တာအကောင့်ပြန်ပေးသင့် မသင့်” မဲပေးခိုင်းခဲ့
✅ အဲဒီအခါ “ထရမ့်ကို တွစ်တာအကောင့်ပြန်ပေး” ဖို့ မဲတွေက နှာတစ်ဖျားနှင့် အသာရသွားပြီးနောက် “ ထရမ့်ကို ပြန်ပေးဖို့ လူတွေက အသံထွက်ခဲ့ပြီ” လို့ မတ်ခ်က တွစ်တာတွင်ပို့စ်ရေးခဲ့
✅ ထရမ့်ကိုထောက်ခံသူတွေက အမေရိကန်ကပ္ပီတိုလ်အဆောက်အအုံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ(၆)ရက်က ချင်းနင်းဝင်ရောက်ပြီးနောက် တွစ်တာက ထရမ့်အကောင့်ကို ပထမဆုံးပိတ်ခဲ့
✅ အဲဒီနောက် အခြား ဖေ့စ်ဘုတ်ခ်၊အင်စတာဂရမ်၊ယူကျု၊စနက်ပ်ရှော့၊တွစ်ချ်နှင့်အခြား အင်တာနက် ကုမ္ပဏီတွေက လည်း ထရမ့်အကောင့်တွေကိုပိတ်
✅ ထရမ့်ဟာ တွစ်တာအပေါ်မှာ ၂၀၂၁ ဇန်နဝါရီ (၈)ရက်မှာ နောက်ဆုံးပို့တင်ခဲ့
✅ တွစ်တာကိုပြန်လာမလားလို့ မေးတဲ့အခါ ထရမ့်က “ အဲဒီအတွက် ကျွန်တော့်မှာ အကြောင်းပြချက်မတွေ့ဘူး” လို့ ပြန်ဖြေပြီး သူ့အနေနှင့်သူ့ရဲ့ကိုယ်ပိုင် Truth Social. ပလက်ဖောင်းကိုဆက်သုံးနေမှာဖြစ်တယ်လို့ပြော
Source: AP, Reuters
#Twiite_Resume_Trump’s_Account
#Trump_Twitter
#Elon_Musk_Twitter
#LocalNews
Published_ 20 November 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊သရက်ပင်ချောင်ရှိ မြေဧက ၁၈၇ ဒသမ ၃ ဧက ပေါ်တွင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဖော်ဆောင်တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) က လုပ်ဆောင်နေကြောင်း အဆိုပါ ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
ထပ်မံဖော်ဆောင်မည့် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော နိုင်ငံတကာ အဆင့်မီ Fukuoka Method အပြင် အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာ ဖုံးအုပ်ခြင်း၊ အမှိုက်က ထွက်ရှိသော ရေဆိုးများကို ပိုက်များတွင် အပေါက်ဖောက်၍ ငါးရိုးပုံစံဖြင့် စုစည်းခြင်း၊ အမှိုက်ပုံအတွင်း မီသိန်းဓာတ်ငွေ့များ ခိုအောင်းနေခြင်းမရှိစေရန် ပိုက်ဖြင့် စွန့်ထုတ်ခြင်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က အမှိုက်စွန့်ပစ်ပစ်မည့်နေရာ ဖော်ဆောင်ရန် ကနဦးအနေဖြင့် Sanitary Land-fill တည်ဆောက်မည့်နေရာ၊ Incineration Plant ထားရှိမည့်နေရာ၊ Hazardous Waste Treatment Facility ဆောင်ရွက်မည့်နေရာ၊Recycling ပြုလုပ်မည့်နေရာနှင့် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ သစ်ဝင်းအတွင်း ကတ္တရာလမ်း၊ ကွန်ကရစ်၊ မြေသားလမ်း၊ ရေစက်၊ထရန် စဖော်မာ ထားရှိမည့် နေရာများကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးက ထွက်ရှိနေသည့် တစ်နေ့လျှင် တန်ချိန် ၂၅၀၀ ကျော်နေသည့် အမှိုက်များကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း မြေဧက ၁၄၄ အကျယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံကို တန်ချိန် ၈၀၀ ၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကို တန်ချိန် ၁၅၀၀ ကျော် နှင့် ကျန်အမှိုက်များကို မြို့နယ် အလိုက်သီးခြားစွန့်ပစ်ရန် သတ်မှတ်ထားသော ဒလ အမှိုက်ပုံ၊ ကျူချောင်အမှိုက်ပုံ၊ လှော်ကား အမှိုက်ပုံနှင့်ဆိပ်ကြီး ခနောင်တို့အမှိုက်ပုံအသေးတို့တွင် စွန့်ပစ်ပို့ဆောင်ဖျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့တွင်း အမှိုက်ထွက်ရှိမှုနှုန်းနှင့် အမှိုက်သိမ်းဆည်းခြင်းတို့အတွက် နေ့စား ဝန်ထမ်းအင်အား ၄၀၀၀ ကျော်၊ စက်ယန္တရား ၅၀၀ ကျော်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 20 November 2022
နစက လက်ထက် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ(ယာယီ) ပို့ကုန်ကုန်သွယ်မှု ပို့ငွေ ဝ ဒသမ ၀၆၅ ဘီလီယံရှိခဲ့သောကြောင့် လစုစုပေါင်း ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၀၈ ဘီလီယံ ရှိခဲ့ရာ ယင်းမှာ ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှု ပို့ငွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃ ဘီလီယံ၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃ ဘီလီယံ ၊ ကုန်သွယ်မှုပိုငွေ ၁၀၀ ဒသမ ၅၄ သန်း ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ပေါင်း ၁၂ ဒသမ ၀၉ ဘီလီယံ ၊၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ စုစုပေါင်း ၅ ဒသမ ၂၅ ဘီလီယံ၊၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုလိုငွေပေါင်း ၁၂ ဒသမ ၅၁ ဘီလီယံအထိ ရှိခဲ့ရာမှ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ ဝ ဒသမ ၆၇ ဘီလီယံရှိခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published 20 November 2022
နိုဝင်ဘာ ၁၇ ရက်နေ့က ကိုယ်ဝန်လမစေ့ဘဲမွေးတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပြီး အစ္စရေးလ်မှလက်သည်များအဖွဲ့အစည်းက မှတ်သားဖွယ်ရာများကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်သက်တမ်း ၃၇ ပတ်မတိုင်ခင် ကလေးမွေးဖွားခြင်းကို လမစေ့ဘဲမွေးတယ်လို့ သတ်မှတ်ပြီး ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်သက်တမ်းရက်သတ္တပတ် ၄၀ ခန့်မှာ မွေးဖွားလေ့ရှိပါတယ်။
ကမ္ဘာတဝှမ်းမှာ ကလေး ၁၀ ယောက်မွေးတိုင်း လမစေ့ဘဲမွေးဖွားခြင်းက ၁ ယောက်နှုန်းဖြစ်ပေါ်နေပြီး နှစ်စဉ် ကလေး ၁၅ သန်းခန့်က လမစေ့ဘဲမွေးနေကြပါတယ်။
လမစေ့ဘဲမွေးဖွားခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေရှိနေပြီး အချို့တဝက်သာ သိထားပါသေးတယ်။
- အရင်က လမစေ့ဘဲမွေးဖွားဖူးခြင်း
- သားအိမ်ခေါင်း မူမမှန်ခြင်း
- သွေးပေါင်ချိန်များခြင်း
- ရင်ကြပ်ဝေဒနာ
- ဆီးချို
- နှလုံးရောဂါ
- ဆေးလိပ်သောက်တတ်ခြင်း
- အရက်သေစာသုံးစွဲတတ်ခြင်း
- ဆေးဝါးသုံးစွဲခြင်း
- ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်ကျလွန်းခြင်း၊ တိုးလွန်းခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်သက်တမ်းမစေ့ခင် မွေးဖွားခြင်းကြောင့် ပြဿနာအချို့ကြုံတွေ့ရနိုင်ပြီး အသက်သေဆုံးနိုင်ချေရှိနေပါတယ်။
ဒါကြောင့် မွေးပြီးပြီးချင်းကလေးငယ်တွေကို ဆေးရုံမှာထားပြီး အထူးကြပ်မတ်စောင့်ရှောက်ရတာပါ။
၂၈ ပတ်မတိုင်ခင် မွေးတဲ့ကလေးတွေဟာ ဘေးအန္တရာယ်များစွာရှိပေမယ့် ၃၄ ပတ်နောက်ပိုင်းမှ မွေးတဲ့ကလေးတွေကတော့ ပိုပြီးတည်ငြိမ်စိတ်ချရပါတယ်။
အရေးကြီးတာကတော့ ကိုယ်ဝန်လမစေ့ဘဲ ပိုပြီးစောစောမွေးလေ ဆေးရုံမှာ ကြပ်မတ်စောင့်ရှောက်မှု ပိုပြီးလိုအပ်လေဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 20 November 2022
နာမည်ကြီးဖြည့်စွက်အားဆေးတစ်မျိုးဟာ ကင်ဆာဖြစ်ပွားနိုင်ချေရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဗိုက်တာမင်-ဘီ၃ ဖြစ်တဲ့ နီကိုတင်နမိုက်ရိုင်ဘိုဆိုက်ဒ်(NR)ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး ကိုလက်စ်ထရောများခြင်းနဲ့ သွေးပေါင်ချိန်တိုးခြင်းတို့ကို လျှော့ချနိုင်စွမ်းရှိတယ်လို့ ကြော်ငြာရောင်းချနေကြပါတယ်။
ဒါပေမဲ့ မစ်ဆူရီ-ကိုလံဘီယာတက္ကသိုလ်ရဲ့ လေ့လာချက်မှာတော့ NR ကို ကြွက်တွေမှာစမ်းသပ်ရာမှာ ရင်သားကင်ဆာဖြစ်နိုင်ချေများပြီး ဦးနှောက်သို့ပျံ့ပွားသွားနိုင်ကြောင်း တွေ့ရှိရပါတယ်။
NR ဆေးတောင့်တစ်တောင့်ကို ၀.၆ ဒေါ်လာဖြင့် ဆေးဆိုင်တွေနဲ့ အမေဇုန်တို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။
ထိုဖြည့်စွက်စာဟာ ခန္ဓာကိုယ်ထဲမှာ နီကိုတင်နမိုက်အက်ဒီနင်ဒိုင်နျူကလီယိုတိုက်(NAD+) အဖြစ်ပြောင်းလဲပေးပြီး ဆဲလ်တွေကို အားဖြည့်စေပါတယ်။
ကင်ဆာဆဲလ်တွေက အဆိုပါစွမ်းအင်တွေကို အသုံးချပြီးတော့ ကင်ဆာပျံ့ပွားစေတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
လူတွေက ဗိုက်တာမင်ဖြည့်စွက်အားဆေးဆိုတာနဲ့ပဲ ကောင်းတယ်ထင်ပြီး သောက်သုံးကြပေမယ့် တကယ်ဖြစ်ပျက်တာတွေကို သိပ်မသိကြပါဘူး။
အမေရိကန်မှာ ဖြည့်စွက်အားဆေးလုပ်ငန်းတွင်ကျယ်လျက်ရှိပြီး လူဦးရေတဝက်ကျော်လောက်က ပုံမှန်သောက်သုံးလျက်ရှိပါတယ်။
အားဆေးဗူးတွေမှာ အကျိုးအာနိသင်တွေအကြောင်း အကျယ်တဝင့်ရေးထားကြပေမယ့် အားဆေးအများစုကတော့ ကျန်းမာရေးအကျိုးရလဒ် သိသာပြောင်းလဲခြင်းမရှိကြောင်း လတ်တလောဖော်ပြနေကြပါတယ်။
ကင်ဆာရှိတဲ့ကြွက်တွေမှာ NR ထိုးပေးပြီး နေ့စဉ်သတ်မှတ်ချက်ဖြစ်တဲ့ ၂၅၀ မီလီဂရမ်ထက် အဆ ၄၀၀ များပြားအောင် ပေးခဲ့ပါတယ်။
NR ပေးတဲ့ကြွက် ၁၁ ကောင်ထဲက ၉ ကောင်ဟာ ကင်ဆာဆဲလ်ပိုမိုပျံ့ပွားလာပြီး သာမန်ကြွက် ၁၂ ကောင်ထဲက ၃ ကောင်သာ ကင်ဆာပျံ့နှံ့ခဲ့ပါတယ်။
ကင်ဆာဆဲလ်တွေက မူလနေရာကနေ ဦးနှောက်ဆီရောက်သွားကာ အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်ပါတယ်။
အဆိုပါဖြည့်စွက်အားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 20 November 2022
ရုရှားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးအပါအဝင် ဘာသာရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှား သူ ၄၁ ဦးကို စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နဲ့ လူမှုထူးချွန်၊ စီမံထူးချွန်ဘွဲ့တွေကို နိုဝင်ဘာ ၁၉ ရက်မှာ ချီးမြင့်ခဲ့ပါတယ်။
ပြည်ပမှ ရုရှားလူမျိုး ၃ ဦး၊ ဂျပန်လူမျိုး တစ်ဦး၊ သံဃာတော် ၃ ပါးနဲ့ နိုင်ငံရေးပါတီမှ ခေါင်းဆောင်တွေ တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် နစကရဲ့ အကြံပေးတွေ ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဆရာတော် ဦးဝီရသူအပါအဝင် ကရင်ပြည်နယ်က အမျိုးသားရေး ဆရာတော်နှစ်ပါးကိုလည်း သီရိပျံချီဘွဲ့ချီးမြင့်ခဲ့ပါတယ်။
နိုင်ငံရေးမှာထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီး ဦးသုဝေ၊ နယ်ခြားစောင့်တပ်မှထင်ရှားတဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ စီးပွားရေးလုပ်ရှင်တွေဖြစ်ကြတဲ့ ဦးသိမ်းဝေနဲ့ ဦးဇော်ဝင်းရှိန် အပါအဝင် နစက ရဲ့ အကြံပေးတွေလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကွယ်လွန်သွားပြီဖြစ်တဲ့ အွန်လိုင်းမှာ ထင်ရှားတဲ့ ကိုရဲမိုး(ခ)နေရီလည်း လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ခံရပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1498 of 2001