#World_Health
Published 6 February 2023

 

အမျိုးသားမှ အမျိုးသမီးအဖြစ်သို့ လိင်အင်္ဂါပြောင်းထားသူများအနေဖြင့် များမကြာမီကာလအတွင်း သားအိမ်အစားထိုးထည့်သွင်းနိုင်တော့မှာဖြစ်ကြောင်း သားဖွားမီးယပ်ကျွမ်းကျင်ပညာရှင်များက ဆိုလိုက်ကြပါတယ်။

 

လက်ရှိမှာ မဖြစ်နိုင်သေးပေမယ့် အမျိုးသားတွေကလည်း ကိုယ်ဝန်ဆောင်နိုင်လောက်တဲ့အထိ သိပ္ပံနည်းပညာတွေ ဆန်းသစ်လာနိုင်ပါတယ်။

 

ဒီနည်းလမ်းနဲ့ ကလေးမရနိုင်တဲ့ အမျိုးသမီးတွေမှာ မွေးဖွားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

 

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်နိုင်ဖို့က ပြုပြင်ပြောင်းလဲမှု အနည်းငယ်မျှသာ ပြုလုပ်ရန်လိုအပ်နေပါတယ်။

 

သေဆုံးသွားတဲ့အမျိုးသမီးတွေကနေ သားအိမ်ရရှိနိုင်သလို သားအိမ်ထုတ်ဖို့ဆုံးဖြတ်ထားတဲ့ အလှူရှင်တွေထံမှလည်း ရရှိနိုင်ပါတယ်။

 

မြောက်အမေရိကမှာ သေဆုံးသူအလှူရှင်ထံမှရတဲ့ သားအိမ်ဖြင့် ပထမဆုံးအကြိမ်အစားထိုးထည့်သွင်းပြီး ကလေးမွေးဖွားနိုင်ခဲ့ကြောင်း အခိုင်အမာဆိုထားပါတယ်။

 

အခွင့်အရေးလှုပ်ရှားသူတွေက လိင်အင်္ဂါပြောင်းထားတဲ့အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ခွင့် ရှိသင့်ကြောင်းဆိုကြပေမယ့် အချို့ကတော့ ဒါဟာ တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဖြစ်ပြီး မိခင်ဘဝကို စော်ကားရာရောက်တယ်လို့ ဝေဖန်နေကြပါတယ်။

 

၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘာတဝှမ်းမှာ သားအိမ်အစားထိုးခြင်း ၁၀၀ ခန့်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

 

ထိုထဲက အမျိုးသမီးဒါဇင်ခန့်ဟာ ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။

 

သားအိမ်အစားထိုးခြင်းဖြင့် အင်္ဂါပြောင်းထားသူတွေမှာ သူတို့ရဲ့လိင်သတ်မှတ်ချက်ကို ပြည့်ပြည့်ဝဝ အသိအမှတ်မပြုကြဘူးလို့ ထင်နေရတဲ့စိတ်ခံစားချက်ကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ'ရေဘက်ကာဖလစ်ခ်'က ပြောပြသွားပါတယ်။

 

လုပ်ငန်းစဉ်ထဲမှာ ကျားဟော်မုန်းမထွက်နိုင်တော့အောင် ဝှေးစေ့ဖယ်ထုတ်ခြင်း၊ သုတ်ပိုးအေးခဲထားခြင်းတို့ ပါဝင်ပါတယ်။
ယောနိဖန်တီးခွဲစိတ်ပြီးရင်တော့ သားအိမ်အစားထိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group