#Local_News
Published _6 February 2023

 

ပထမဆုံးအကြိမ် ပထမဆုံးအကြိမ် ရေပေါ်ရှိုးအနေဖြင့် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 ပွဲကို ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲပြုလုပ်ရန် စီစဉ်သည့် New International Model Beauty Pageant Organization က သိရသည်။

 

ယင်းကို LGBT များအတွက်ရည်ရွယ်၍ လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဗိုလ်တထောင်ကမ်းနားရှိ The Love Boat ၌ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ တာဝန်ရှိသူ မနှင်းက ပြောသည်။

 

"လျှောက်လွှာတွေကို အခမဲ့ ခေါ်နေပါပြီ၊Main Sponsor အနေနဲ့ The Love Boat က တာဝန်ယူထားပါတယ်။ ပထမဆုံးအကြိမ် ရေပေါ်ရှိုး အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေက LGBT တွေအတွက် အခွင့်အရေး ရအောင် စီစဉ်တာပါ"ဟု အဆိုပါ တာဝန်ရှိသူ မနှင်းက ဆိုသည်။

 

LGBT ပြိုင်ပွဲအတွင်း အကယ်ဒမီဆုရသူများ၊ နိုင်ငံကိုယ်စားပြု အလှမယ်များ၊သရုပ်ဆောင် များ၊လူမှုကွန်ရက် ဆယ်လီများ စသည်တို့တက်ရောက်၍ အကဲဖြတ်ပေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။

 

လျှောက်ထားသူများအနေဖြင့်အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ ၃ ပုံ ၊ အရပ်က ၅ ပေ ၃ လက်မ အထက်ရှိသည့် LGBT မည်သူမဆို The Love Boat Page ဖေဖော်ဝါရီလ ၈ ရက်တွင် နောက်ဆုံးလျှောက်ထားနိုင်မည် ဖြစ်ကြောင်းနှင့် LGBT ပြိုင်ပွဲကိုအတွက် ဖောင်ကြေးသင်တန်းကြေး ကောက်ခံခြင်းမရှိကြောင်း သိရသည်။

 

ယင်းအပြင် LGBT Crown Myanmar 2023 & King of Gay Myanmar 2023 Grand Winners ဆုကြီးကို ရွှေအစစ်နဲ့ ပြုလုပ်ထားသော ရွှေဆွဲပြားအပြင် First Runner up , Second Runner up , Third Runner up ဆုများအတွက်လည်း ငွေသားဆုကြေးများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group