#DailyNews
Published - 1 July 2022
၁။ တိုင်ဖုန်းမုန်တိုင်းသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသက်လေပြင်းကျရောက်နိုင်
၂။ ရန်ကုန်ရွှေဈေးကွက် အရောင်းအဝယ်အေးနေဟုဆို
၃။ မိုးလေဝသ သတင်း
၄။ ကိုဗစ်ကပ်ရောဂါအလွန် ဆီလီကွန်တောင်ကြားတွင် ဂူဂဲလ်ကုမ္ပဏီရုံးခန်းအသစ်များဖွင့်လှစ်
#Yangon_Media_Group
#Local_News
Published - 1 July 2022
ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ပြည်ပမှဆိုက်ရောက်လာမည့်ကုန်သေတ္တာတင်သင်္ဘောကြီး ၅၀ ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာသိရသည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် ကုန်သေတ္တာတင်သင်္ဘောများမှာ BLPL Shipping၊ X-PRESS Feeders ၊ R.C.L Line ၊ M.F.S.L၊ L.A.L Line၊ GOLD STAR Line၊ EverGreen၊ BAY Line၊ P.I.L၊ LAND And Sea၊ C.S.L Line၊ SITC Line၊ SAMUDERA Line၊ NEW GOLDEN SEA(COSCO)၊ SEALAND MAKRSK ASIA တို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းထွက်များကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင် ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)တန်ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)တန်ကိုလည်းကောင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ (ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀) မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာသွားကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldPolitics
Published 1 July 2022
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ထံမှ သတင်းစကားကို ရုရှားခေါင်းဆောင်'ဗလာဒီမီယာပူတင်'ဆီ ပေးပို့ခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ'ဂျိုကိုဝီဒိုဒို'က ဇွန်လ ၃၀ ရက်နေ့မှာ မော်စကို၌ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီး ၄ လကျော်လာတဲ့အချိန်မှာ 'ပူတင်'က 'ဝီဒိုဒို'ကိုလက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားတို့က အာရှနဲ့အာဖရိကတို့မှာ အခြေပြုလည်ပတ်ရန်ကြိုးစားနေတာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ယခုနှစ် ဂျီ-၂၀ အဖွဲ့အစည်းမှာ အလှည့်ကျဥက္ကဌရာထူး ရယူထားပြီး နိုဝင်ဘာလအတွင်း ဘာလီကျွန်းမှာ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ရန်ပြင်ဆင်နေပါတယ်။
"သမ္မတ'ဇယ်လန်စကီရဲ့သတင်းစကားကို သမ္မတ'ပူတင်'ထံပေးလိုက်ပါပြီ၊ နှစ်ဖက်ခေါင်းဆောင်တွေကြား ကူညီချိတ်ဆက်ပေးဖို့ အဆင့်သင့်ရှိနေပါတယ်" လို့ 'ဝီဒိုဒို'က ရုရှားခေါင်းဆောင်နဲ့ ပြောကြားခဲ့ပါတယ်။
နောက်ထပ်အသေးစိတ်များကိုတော့ ဖော်ပြခြင်းမရှိသလို အဲဒီသတင်းစကားထဲက အချက်အလက်များကိုလည်း နှစ်ဖက်စလုံးက မပြောကြားခဲ့ပါဘူး။
'ဝီဒိုဒို'က မော်စကိုမှာ 'ပူတင်'နဲ့မတွေ့ဆုံခင် ဗုဒ္ဓဟူးနေ့က ယူကရိန်းသို့သွားရောက်ခဲ့ပါတယ်။
"ပြင်ပအခြေအနေတွေက ခက်ခဲနေသေးပေမယ့် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ပြေလည်မှုရရှိအောင် လုပ်ဖို့ကလည်း အရေးကြီးပါတယ်၊ စစ်ပွဲကိုအမြန်ဆုံး အဆုံးသတ်စေချင်ပါတယ်၊ ပူးပေါင်းဆောင်ရွက်ရေးသဘောထားအတိုင်းဆောင်ရွက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်" လို့ မော်စကိုမှာ ပြောကြားခဲ့ပါတယ်။
ဂျီ-၂၀ အစည်းအဝေးပွဲထံ 'ပူတင်'ကိုဧပြီလက ဖိတ်ကြားခဲ့ပြီးနောက် အနောက်နိုင်ငံများက 'ပူတင်'ကိုဖယ်ထုတ်ပေးဖို့ အင်ဒိုနီးရှားကို ဖိအားပေးလာကြပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက 'ဇယ်လန်စကီ'ကပြောကြားရာမှာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့က ဘယ်သူတွေတက်ရောက်လဲဆိုတဲ့အပေါ် မူတည်ကြောင်း ဆိုပါတယ်။
'ပူတင်'က 'ဝီဒိုဒို'နဲ့ပြောဆိုဆွေးနွေးရာမှာ အကျိုးဖြစ်ထွန်းစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
"ယနေ့ရရှိခဲ့တဲ့သဘောတူညီချက်တွေက ရုရှား-အင်ဒိုနီးရှား မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ်လို့ ယုံကြည်ပါတယ်" လို့ 'ပူတင်'က ဆိုခဲ့ပါတယ်။
Source: CNA
#Yangon_Media_Group
#WorldSociety
Published 1 July 2022
ယူကရိန်းသမ္မတကတော်က သူ့အမျိုးသားဖြစ်သူသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ လက်ရှိပေါင်းသင်းဆက်ဆံရေးအကြောင်းကို CNN ကို ပြောကြားခဲ့ရာမှာ သူတို့နှစ်ယောက်မတွေ့ရဘဲ ဝေးကွာနေခဲ့တာအချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
စစ်ပွဲအခြေအနေကြောင့် အချိန်အတော်ကြာသည်အထိ သူတို့နှစ်ဦးတွေ့ခွင့်မရခဲ့ဘဲ သူတိုရဲ့အိမ်ထောင်ရေးအခြေအနေလည်း ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။
CNN နဲ့အင်တာဗျူးကို အင်္ဂါနေ့ကထုတ်လွှင့်ပြသခဲ့ရာ အမျိုးသားနဲ့သိပ်ပြီးတွေ့ခွင့်မရတဲ့အပြင် တွေ့ရတဲ့အခိုက်မှာလည်း ခဏလေးသာတွေ့ဆုံရကြောင်း၊ အနည်းဆုံးတော့ သူ့ဘေးမှာရှိတယ်လိုခံစားရကြောင်း 'အိုလီနာဇယ်လန်စကာ'ကဖြေကြားခဲ့ပါတယ်။
"ဒါကပုံမှန်အနေအထားမဟုတ်ပါဘူး၊ ကလေးတွေက အဖေကိုမတွေ့ရဘဲ ဖုန်းနဲ့ပဲပြောရတာမျိုးကလည်း ပုံမှန်ဆက်ဆံရေးမဟုတ်ပါဘူး၊ ကလေးတွေရဲ့အကြောင်းပြောပြဖို့ ညနေခင်းအတူတူရှိနေဖို့ အားလုံးအတူတကွပြန်လည်ပေါင်းစည်းနိုင်ဖို့ ကျွန်မယူကရိန်းနိုင်ငံသားတွေ အားလုံးစောင့်ဆိုင်းနေကြပါတယ်" လို့ ဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုရှားတို့ကျူးကျော်တာခံရပြီးနောက် 'ဇယ်လန်စကီ'ရော သူ့ဇနီးပါ ယူကရိန်းကနေမထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
စစ်ပွဲကာလပထမ ၂ လအတွင်း သမ္မတမိသားစုဟာ တစ်ဦးနဲ့တစ်ဦးမတွေ့ဘဲ နေခဲ့ကြရပါတယ်။
'ဇယ်လန်စကီ'က ဝန်ထမ်းတွေနဲ့အတူ ရုံးမှာသာနေထိုင်ပြီး 'ဇယ်လန်စကာ'နဲ့ ကလေး ၂ ယောက်ကတော့ လျှို့ဝှက်နေရာတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အင်တာဗျူးမှာပြောကြားရာမှာ လက်ရှိစစ်ပွဲက မြို့တော်ကိဗ်နဲ့ဝေးသွားပေမယ့် အရှေ့ဘက်ဒွန်ဘတ်စ်ဒေသမှာ တိုက်ပွဲပြင်းထန်တာကြောင့် တိုင်းပြည်အတွင်း အသက်ဆုံးရှုံးမှုနှုန်းမြင့်လာပြီး ဘယ်တော့မှအဆုံးသတ်မလဲမသိနိုင်ကြောင်း၊ ၅ လလောက်ထိန်းထားဖို့က အလွန်ခက်ခဲကြောင်း၊ ကျွန်မတို့ရဲ့ခွန်အားတွေ ချွေတာထားဖို့လိုအပ်ကြောင်း 'ဇယ်လန်စကာ'ကပြောပြခဲ့ပါတယ်။
Source: Insider
#Yangon_Media_Group
#Local_News
Published_ 1 July 2022
ချောက်ရေနံမြေရှိ တွင်းအမှတ် CDT-15 ကို စွမ်းအင်ဝန်ကြီးဌာနပိုင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၇၈၀၀ အထိ တူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၅ သန်းခန့်ကို ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။
ထို့ပြင် တွင်းအမှတ် CHK-1236 ကို ZJ 750 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၄၁၀၀ အထိ တူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင် ရေနံစိမ်းစည် ၉၀ ခန့်ကိုလည်းကောင်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၃၀ ရက်နံနက်ပိုင်းက ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/လန်းရွာ ရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တူးဖော်မည့် ပေနက်တွင်းအမှတ် CDT-15 တွင်းသစ် စတင်တူးဖော်ခြင်း အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ်လိုအပ်သဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ထွက်ရှိလာတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကြိုတင်စီမံထားရမယ်လို့ ဆိုပါတယ်။
ထို့ပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကို အလေးထားဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် ချောက်/လန်းရွာ ရေနံမြေရှိ ZJ 750 စက်ဖြင့် တူးဖော်လျက်ရှိသော တွင်းအမှတ် CHK-1236 ၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 1 July 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာတံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာဘက်သို့ အားကျိုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရ ရှာဖွေခံပါတယ်။
ထိုသို့ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ရာဘာခြံရှိ အားဆော် ၏နေအိမ်အားရှာဖွေရာ အားဆော်မှာတိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက် တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldScience
Published 1 July 2022
ခွေးလိုမျိုး နို့တိုက်သတ္တဝါတွေဟာ အနံ့ခံပြီး ရန်သူလားမိတ်ဆွေလားဆိုတာကို ခွဲခြားလေ့ရှိတာ အားလုံးသိပြီးသားဖြစ်ပါတယ်။
အစ္စရေးလ်သုတေသီတွေရဲ့ လေ့လာချက်အရ လူတွေဟာလည်း မသိစိတ်နဲ့အနံ့ခံခွဲခြားတတ်ကြကြောင်း တွေ့ရှိထားပါတယ်။
သိပ္ပံပညာရှင်များက eNose လိုခေါ်တဲ့အနံ့ခံပစ္စည်းဖြင့် အဝတ်အစားတွေကိုအနံ့ခံစမ်းသပ်ခဲ့ရာ ကိုယ်နံ့ဆင်တူတဲ့ လူအချင်းချင်း ရင်းနှီးပေါင်းဖက်လေ့ရှိကြောင်း သိရှိရပါတယ်။
ထိုတွေ့ရှိချက်များအရ အနံ့အာရုံက လူမှုပေါင်းသင်းရေးမှာ အရင်ကသိရှိထားတာထက် ပိုမိုပါဝင်ပတ်သက်နေတယ်လို့ ယူဆရပါတယ်။
အစ္စရေးလ်နိုင်ငံ ဝစ်ဇ်မန်းတက္ကသိုလ်မှ သုတေသီများက လေ့လာမှုအသစ်ပြုလုပ်ခဲ့တာဖြစ်ပြီး Science Advances ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
လူတွေက သူတို့နဲ့ဆင်တူတဲ့ မိတ်ဆွေတွေကို ရှာဖွေနေကြပြီး မသိစိတ်နဲ့အနံ့ဆင်တူတဲ့ မိတ်ဆွေတွေနဲ့ မိတ်ဆွေဖြစ်တတ်ကြကြောင်း ကောက်နှုတ်ထားပါတယ်။
ကိုယ်နဲ့မသိတဲ့လူတွေက အရင်ဆုံးမြင်ရတာထက်စာရင် အနံ့အာရုံကိုခံစားပြီး စိတ်ဝင်စားမှုကို ပြသတတ်ပါတယ်။
လူတွေဟာသူတို့နဲ့ ပုံပန်းသဏ္ဍာန်၊ နောက်ခံ၊ ဦးနှောက်စဉ်းစားပုံတူညီတဲ့ သူတွေနဲ့ မိတ်ဆွေဖြစ်ချင်ကြကြောင်း အရင်ကလေ့လာတွေ့ရှိထားပါတယ်။
ဒါကြောင့် လူတွေက အခြားနို့တိုက်သတ္တဝါတွေလိုပဲ လူမှုပေါင်းသင်းရေးမှာ နှာခေါင်းအနံ့ခံခြင်းကို အသုံးပြုတတ်ကြပေမယ့် မသိစိတ်ဖြင့်သာပြုမူတတ်ကြကြောင်း သုတေသီများက ကောက်ချက်ချလိုက်ပါတယ်။
ဒါကိုသက်သေပြနိုင်ဖို့အတွက် မြင်မြင်ချင်းရင်းနှီးသွားတဲ့ သူငယ်ချင်းတွေအတွဲလိုက်ကို ရှာဖွေလေ့လာခဲ့ကြပါတယ်။
eNose လိုခေါ်တဲ့ အနံ့ခံစက်ကိရိယာက အင်္ကျီပေါ်ကအနံ့အသက်တွေရဲ့ဓာတုဓာတ်တွေကို အာရုံခံသိရှိစေပါတယ်။
ထိုကိရိယာတွေမှာ သတ္တုအောက်ဆိုဒ်အာရုံခံပေါင်း ၁၀ မျိုးပါဝင်ပြီး ဓာတုဓာတ်တွေကိုတွေ့ရှိဖို့ ပစ္စည်းတစ်မျိုးနဲ့အုပ်ထားပါတယ်။
eNose ကဆုံးဖြတ်ပေးတဲ့ရလာဒ်အရ ကိုယ်နံ့ဆင်တူတဲ့သူတွေက အချင်းချင်းပိုမိုပေါင်းဖက်ချင်စိတ် ရှိကြပါတယ်။
eNose ကရတဲ့ အချက်အလက်အတိုင်းဆိုရင် ၇၁ ရာခိုင်နှုန်းမှန်ကန်မှုရှိနေပါတယ်။
Source: DailyMail
#Yangon_Media_Group
Published - 30 June 2022
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု သေဆုံးမှုနှုန်းသိသိသာသာကျဆင်းလာသည့်အတွက် အများနှင့်ဆိုင်သောနေရာအချို့မှလွဲ၍ နှာခေါင်းစည်းတပ်ခြင်းကို ဖြေလျှော့ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ယင်းသို့ဖြေလျှော့ပေးရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်း၊ ပြည်သူလူထုမှ ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းများကြောင့် ရောဂါကူးစက်မှုနှုန်းနှင့်သေဆုံးမှု လျော့နည်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါတစ်ကိုယ်ရေကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအနက် အခန်းတွင်း၌လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှ်ိနေခြင်း၊ အများပြည်သူအသုံးပြုသောမော်တော်ယာဥ်၊ မီးရထား၊ သင်္ဘော၊ လေယာဥ်စသည့်ယာဥ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူဝင်/ထွက်သွားလာအသုံးပြုသောဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊စျေယဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာအစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိနေခြင်း၊ ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ကိုဗစ်- ၁၉ ရောဂါသံသယလက္ခဏာတစ်ခုခုရှိခြင်း ဖြစ်ပေါ်ပါကနှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့်သာ ထိရောက်စွာကာကွယ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ymg/sth
Published 30 June 2022
တျားဝိန်း- ဂြိဟ်ပတ်ယာဉ်နှင့်ကျူးရုံး အင်္ဂါဂြိုဟ်သွားယာဉ်ဟာ ဂြိုဟ်နီကြီးပေါ်မှာ စူးစမ်းလေ့လာရေးခရီးကို ဂြိုဟ်ကြီးတစ်ခုလုံးရဲ့ ရုပ်ပုံသတင်းအချက်အလက်တွေစုဆောင်းရရှိခြင်းနှင့်အတူ ပြီးဆုံးသွားပြီဖြစ်တယ်လို့ တရုတ် အမျိုးသား အာကာသအုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
အဆိုပါအဖွဲ့ရဲ့အဆိုအရ တျားဝိန်း-၁ ဂြိုဟ်ပတ်ယာဉ်ဟာ ဗုဒ္ဓဟူးနေ့အထိ ရက်ပေါင်း ၇၀၆ ရက်တိတိ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ကျားဝိန်း-၁ ဟာ ဂြိုဟ်နီကြီးကို အပတ်ရေပေါင်း ၁၃၄၄ပတ် တိတိပတ်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ကြီးတစ်ခုလုံးရဲ့ ခြုံငုံစူးစမ်းမှုပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
တျားဝိန်းမှာတပ်ဆင်ထားတဲ့ အလယ်အလတ်အရည်အသွေးရှိတဲ့ကင်မရာတွေက ဖမ်းယူရရှိတဲ့ ပုံရိပ်တွေဟာ ဂြိုဟ်နီကြီးနှင့်ပတ်သက်ပြီး ပိုပြီးသိနားလည်စေဖို့ အခြေခံအချက်အလက်တွေပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
“သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုဟာ အင်္ဂါဂြိုဟ်နှင့်ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်းနှင့်တိတိကျကျ သိရှိဖို့ ရည်ရွယ်တာဖြစ်တယ်။ အင်္ဂါဂြိုဟ်တစ်လွှား ဂြိုဟ်ပတ်စူးစမ်းလေ့လာမှုကနေ ရရှိတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေဟာ ကျွန်တော်တို့ကို အဲဒီဂြိုဟ်နှင့်ပတ်သက်လို့ ပိုပြီးနားလည်စေနိုင်ပါလိမ့်မယ်” လို့ တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး မစ်ရှင် တျားဝိန်း-၁ရဲ့ ဒီဇိုင်နာချုပ် ကျန်းရုံးချောင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီ ၁၀ရက်က အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းထဲ ဝင်ရောက်ခဲ့ပြိးနောက် တျားဝိန်း-၁ဟာ ကျူးရုံးအင်္ဂါဂြိုဟ်သွားယာဉ်အတွက် ကြိုုတင်ရွေးချယ်ထားတဲ့ သက်ဆင်းမယ့်နေရာကို အသေးစိတ်လေ့လာတွက်ချက်မှုတွေ ပြီးစီးခဲ့ပါတယ်။ အဲဒီအပြင် အင်္ဂါဂြိုဟ်သွားယာဉ်ဆီက ဆက်သွယ်မှုတွေကို ထပ်ဆင့်ပေးပိုု့နိုင်ခဲ့ပါတယ်။ယာဉ်နှင့်အတူ တွက်ချက်ထားတဲ့ ဝန်ခုနှစ်ခုသယ်ဆောင်ကာ ဂြိုဟ်ကြီးကို အဝေးက စူးစမ်းလေ့လာမှုတွေလုပ်နိုင်ခဲ့ပါတယ်။
“ သိပ္ပံပညာရှင်တွေ စိတ်ဝင်စားမယ့် အင်္ဂါဂြိုဟ်ရဲ့ မြေပြင်ပုံသဏ္ဍန်တွေကို အရည်အသွေးမြင့် ရုပ်ပုံတွေကို ကျွန်တော်တို့ဟာ အရည်အသွေးမြင့်ကင်မရာတွေနှင့် မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ တစ်မီတာထက်ပိုနီးတာကို ရိုက်နိုင်တဲ့ ဒီကင်မရာတွေက ပုံထွက်အတော်ကောင်းပါတယ်” လို့ သူကဆက်ပြောပါတယ်။
ကျူရုံးဂြိုဟ်သွားယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ၁၉၂၁.၅ မီတာခရီးသွားခဲ့ပါတယ်။ ယာဉ်နှစ်စီးစလုံးဟာ ကြိုတင်သတ်မှတ်ထားတဲ့ ဂြိုဟ်နီကြီးအပေါ်သိပ္ပံနည်းကျ စုးစမ်လေ့လာရေးမစ်ရှင်ကို အင်္ဂါဂြိုဟ်တစ်ခုလုံးခြုံငုံမိတဲ့ ရုပ်ပုံသတင်းအချက်အလက်တွေနှင့်အတူ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
တျာဝိန်း-၁ မစ်ရှင်ကြီးဟာ ၂၀၂၀ ဇွန်၂၃ရက်မှာစတင်ခဲ့ပြီး ဂြိုဟ်သွားယာဉ်ကျူရုံးက ၂၀၂၁ မေ ၂၂ရက်နေ့မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ယာဉ်ဆင်း ပလက်ဖောင်းပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။
Source CCTV+
#WorldArchaeology
Published 30 June 2022
ပီရူးနိုင်ငံမြောက်ပိုင်း ချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်ခင် ရဲတိုက်ကြီးရဲ့ အခမ်းအနားခန်းမမှာ သစ်သားရုပ်ထုတစ်ခုကို ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
#Yangon_Media_Group
Published 30 June 2022
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျုနီယာက ဇွန်လ(၃၀)ရက် ကြာသပတေးနေ့က နိုင်ငံ့ခေါင်းဆောင်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ဖခင်ဖြစ်သူ အာဏာရှင်မားကိုစ်ရဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာတွေကို ချီးကျူးလိုက်ပါတယ်။
အသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန် ဘွန်ဘွန် မားကို့စ် ဂျုနီယာဟာ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ခဲ့ရပြီး ဒီ အနိုင်ရမှုဟာ သူ့ဖခင်ကို လူထူအုံကြွမှုကြီးနှင့်ဖယ်ရှားခဲ့တဲ့ ၁၉၈၆ခုနှစ် နောက်ပိုင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
သူဟာ ကြောက်မက်စရာ မူးယစ်စစ်ပွဲနှင့် နိုင်ငံတကာမှာ အရှက်ခွဲခံရပြီး ပြည်တွင်းမှာအလွန်လူကြိုက်များခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့ အရိုက်အရာကို ဆက်ခံရတာပါ။
မနီလာမြို့တော်မှာကျင်းပတဲ့ သမ္မတအဖြစ်ကျမ်းသစ္စာဆိုလူထုအခမ်းအနားကို သံတမန်တွေ၊လူကုံထံတွေနှင့် သူ့ကို ထောက်ခံသူတွေနှင့်အတူ မိခင်ဖြစ်သူ အသက်၉၂နစ်အရွယ် အီမယ်လ်ဒါမားကို့စ် ဟာ မီတာအနည်းငယ်အကွာမှာ တက်ရောက်ခဲ့ပါတယ်။
“ ကျွန်တော်ဟာ လွတ်လပ်ရေးရပြီးကတည်းက အနည်းအကျဉ်းပဲ တိုးတက်မှုရှိခဲ့တာကိုတွေ့ခဲ့ရတဲ့ လူတစ်ဦးကို တစ်ခါတုန်းက ကျွန်တော်သိခဲ့တယ်။ ဒါပေမယ့် သူဟာ အများကြီးလုပ်သွားတယ်” လို့ ဖခင်မားကို့စ်ကိုချီးကျူးပြောဆိုပါတယ်။ သူ့ဖခင်ဟာ သူ့ကိုဆက်ခံခဲ့တဲ့သူတွေထက် လမ်းတွေ အများကြီးဖောက်သွားတယ်။ ဆန်တွေ အများကြီးစိုက်ပျိုးထုတ်လုပ်သွားတယ် လို့လည်းသူကပြောပါတယ်။
အဲဒါကြောင့် သူသားတစ်ဦးအနေနှင့် ခင်ဗျားတို့ဟာ ကျွန်တော့်ဆီက ဆင်ခြေဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး” လို့လည်း သူက ကတိပေးသွားပါတယ်။
ကျမ်းသစ္စာ မကျိန်မှီ နှာခေါင်းစည်းတပ်ပြီး ရိုးရာ ဝတ်စုံဝတ်ထားတဲ့ တာဝန်ပြီးဆုံးတော့မယ့် အသက်၇၇နှစ်အရွယ် သမ္မတ ဒူတာတီးဟာ မားကို့စ်ဂျုနီယာကို သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒူတာတီးရဲ့သမီးဆာရာဒူတာတီးဟာ ဒုသမ္မတ တစ်ဦးအဖြစ် မားကိုစ့်ဂျူနီယာရဲ့အစိုးရမှာ တာဝန်ယူမှာလည်းဖြစ်ပါတယ်။
Source AFP
Published 30 June 2022
SAC Chairman Senior General Min Aung Hlaing received the special envoy of the ASEAN chair to Myanmar, Deputy Prime Minister and Minister for Foreign affair and International Cooperation of Cambodia Mr. PRAK Sokhonn and delegation in Nay Pyi Taw on June 30 according to government’s source.
With SAC Chairman, SAC Joint Secretary Lt-Gen Ye Win Oo; Union Minister for Foreign Affairs U Wunna Maung Lwin and Union Minister for International Cooperation U Ko Ko Hlaing attended.
The Deputy secretary general of ASEAN (Socio-Cultural Community) Mr Ekkaphab Phanthavong and senior officials also attended the meeting.
Page 1494 of 1742