#World_Mystery
Published 21 November 2022
ကိုလံဘီယာအမေဇုန်ဒေသက ခေတ်မီလူနေမှုနဲ့ဝေးကွာတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
ဂျပန်ဗဟိုဘဏ်က ၂၀၂၄ခုနှစ်မှာ ယန်းငွေစက္ကူအသစ်တွေ ထုတ်လုပ်တော့မှာဖြစ်လို့ အဲဒီငွေစက္ကူအသစ်တွေကို ငွေစက္ကူရေတွက်စက်နှင့်စမ်းသပ်ကြည့်နေပါတယ်။
ငွေစက္ကူအသစ်တွေကို အတုအပလုပ်လို့မရတဲ့ နည်းပညာတွေနှင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ သုံးဖက်မြင်ရုပ်လုံးကြွ ဟိုလိုဂရမ်နည်းပညာလည်းပါဝင်ပါတယ်။
“ဟိုလိုဂရမ်က အရာဝတ္ထုရဲ့ပုံရိပ်ကို သုံးဖက်မြင်ရုပ်လုံးကြွစေပြီးလှည့်ပတ်ပေးတယ်။ ငွေစက္ကူတွေမှာ ဒီနည်းပညာကို အသုံးပြုတာဟာ ကမ္ဘာပေါ်မှာ ဒါဟာ ပထမဆုံးဖြစ်တယ်” လို့ ဂျပန်ဘဏ်ရဲ့ အရာရှိ ဟီရိုယူကီကန်နို ကပြောပါတယ်။
Source: AFP
#Japan_new_banknotes
#anti-counterfeit_technology_in_banknotes
#Japan_modern_banking
#Local_News
Published_ 21 November 2022
အခုရက်ပိုင်းအတွင်းမှာ မီးထွန်းဖို့လိုအပ်ချက်တွေရှိတဲ့အတွက် အားသွင်းမီးလုံးတွေနဲ့ ဆိုလာမီးလုံးတွေအဝယ်များလာပြီး ရောင်းအားတွေတက်လာတယ်လို့ အီလက်ထရော်နစ်ဆိုင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 21 November 2022
လက်ရှိအနေအထားအရ လျှပ်စစ်ဓာတ်အားချို့ယွင်းမှုတွေ ဖြစ်ပေါ်နေသည့်အတွက် အေးခဲပြီးရောင်းချရတဲ့ အအေးခန်းငါးဈေးကွက်ဟာ ပေါက်ဈေးထက်လျှော့ပြီး ရောင်းနေရတဲ့အနေအထားမျိုးတွေနဲ့ ကြုံနေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
✅ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့နိုဝင်ဘာ ၂၁ရက်က ပြင်းထန်ပြီးတိမ်သော ငလျင်ကြီးတစ်ခုလှုပ်ရှားသွားရာ အဆောက်အအုံများနှင့် နံရံများပြိုကျပျက်စီး၍ လူပေါင်း ၅၆ ဦး အနည်းဆုံးသေဆုံး၊ ရာပေါင်းများစွာဒဏ်ရာရ
✅ လူတွေက လမ်းတွေပေါ်ပြေးထွက်သဖြင့် ဒဏ်ရာရသေဆုံးကြပြီး အချို့မှာ သွေးများနှင့် အဖြူရောင်အပိုင်းအစများဖြင့် ဖုံးလွှမ်းသွားခဲ့
✅ အဓိကဆေးရုံကြိးတွေရဲ့အပြင်ဖက်၊လှေကားထစ်ပွဲကြည့်စင်တွေနှင့် ကားရပ်နားနေရာတွေမှာ ဒဏ်ရာရရှိသူတွေကို အရေးပေါ်လုပ်သားတွေက ကုသမှုပေးနေကြရ
✅ အတော်များများဟာ ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲကအချို့ကို အောက်ဆီဂျင်မျက်နှာဖုံးစွပ်တပ်ဆင်ပေးထားကြရပြီး IV လိုင်းများတပ်ဆင်ပြီး အသက်ကယ်နေကြရ
✅ ၅.၆ပြင်အားရှိငလျင်ကြီးဟာ အနက်၆.၂ မိုင်အကွာမှာ အနောက်ဂျာဗားပြည်နယ် ဆီယမ်ဂျာဒေသကို ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ရှားသွားပြီးနောက် ဒေသခံတွေ အချို့မှာ ကလေးတွေကိုချီလျက်နှင့်ပျက်စီးနေတဲ့အိမ်တွေထဲက အပြင်ကိုထွက်ပြေးကြ
✅ အဆိုပါငလျင်ကြောင့် အထပ်မြင့်အဆောက်အအုံတွေ လှုပ်ယမ်းသွားတဲ့ မြိုတော်ဂျာကာတာဒေသတစ်ဝိုက်မှာလည်း လူတွေ ထိတ်ထိတ်ပျာပျာဖြစ်ကုန်
✅ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်ငယ်လေးတွေ အကြိမ် ၂၀ထပ်မံလှုပ်ရှားခဲ့သေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးဇလဌာနက သတင်းထုတ်ပြန်
Source: AP
#Strong_Earthquakes_Java_Indonesia
#Cianjur_region_West_Java
#Indonesia_Earthquake



#Local_News
Published_21 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး ပြီးခဲ့နှစ်ထက် ၈ သန်းကျော်လျော့ကျထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 21 November 2022
၁။ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထား၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၂။ လျှပ်စစ်မီးပျက်တောက်မှုများနေ၍ အအေးခန်းငါးဈေးကွက် ဝယ်လိုအားကျဆင်းနေ
၃။ အားသွင်းမီးလုံးနှင့်ဆိုလာမီးလုံးများနယ်မှာရော ရန်ကုန်မှာပါရောင်းအားတက်
၄။ကိုလံဘီယာအမေဇုန်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းအဖြစ်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 November 2022
ဈေးကွက်တွင် မြေထောက်ပဲကို ဝယ်လက်တွေက ဝယ်ယူမှုများလာတာကြောင့် သုံးတင်းဝင်တစ်အိတ်လျင် ကျပ် ၂၄၀၀၀၀ ထိဈေးကောင်းရလာတယ်လို့ မန္တလေးကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
စင်္ကာပူတွင် သူနာပြုလုပ်သားအင်အား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခုအဖြစ် ၂၀၂၃ နှစ်အကုန်တွင် သူနာပြု ၄၀၀၀ နီပါး ထပ်မံ ခန့်အပ်ဖို့ မျှော်လင့်ထားတယ်လို့ ကျန်းမာရေးဝန်ကြီး အွန်ယဲကွန်က နိုဝင်ဘာ (၂၁)ရက်က ပြောပါတယ်။
၂၀၂၃နှစ်လယ်လောက်ကနေစပြီး သူနာပြုအသစ်တွေ တိုးခေါ်မယ့် ဒီအရေအတွက်ဟာ လက်ရှိ စင်္ကာပူမှာရှိတဲ့ သူနာပြု အင်အားရဲ့ ၁၀ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။ ၂၀၂၁ခုနှစ်မှာ သူနာပြုအသစ် ၇၀၀ ထပ်ခေါ်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
အဆိုပါ သူနာပြုအားလုံးမှာ နိုင်ငံခြားကလာအလုပ်လုပ်တဲ့သူနာပြုအရေအတွက်ဟာ ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး ကိုဗစ်ကာလအတွင်း နိုင်ငံခြားသူနာပြုခေါ်ယူမှု နှေးကွေးသွားခဲ့တယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။
လက်ရှိသူနာပြုလုပ်သားအင်အားဖြည့်တင်းဖို့ နိုင်ငံခြားသူနာပြုတွေတိုးခေါ်နေပေမယ့် သူနာပြုလုပ်သားအင်အား အများစုဟာ သူနာပြုသင်တန်းကျောင်းတွေနှင့် အလုပ်အကိုင်ကျွမ်းကျင်သင်တန်းအစီအစဉ်တွေကနေတစ်ဆင့် လာကြမယ့် ပြည်တွင်းသူနာပြုတွေပဲဖ ဆက်လက်ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီးကပြောပါတယ်။
ကပ်ဘေးအတွင်း အခြားနိုင်ငံတွေက သူနာပြုတွေ အပြိုင်အဆိုင်ခေါ်ခဲ့တာကြောင့် စင်္ကာပူမှာ အတွေ့အကြုံရှိတဲ့ သူနာပြုတွေ တော်တော်များများဆုံးရှုံးခဲ့ရတယ်လို့လည်း သူကဖွင့်ပြောပါတယ်။
Source: Straits Times
#Singapore_Health
#Singapore_Nurse_recruiments
#Foreign_nurses_in_Singapore
#Local_News
Published_21 November 2022
ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်ကဖွင့်လှစ်ရာတွင် မဇင်ရပ်ကွက်မှ သံတွဲမြို့သို့ စက်ဘီးစီးအဖွဲ့က စက်ဘီးအလှစီး၍ ကွင်းဖွင့်ခဲ့ကာ ငပလီမြို့ရှိ Paradise Hotel ဟိုတယ်တွင်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့် ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကိုထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲသို့ လူပေါင်း သုံးထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း၊ယခုနှစ်တွင် လုံခြုံရေးကိစ္စများ ရှိနေသောကြောင့် တေးဂီတ ဖြော်ဖြေပွဲများ မပြုလုပ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပထမဆုံး ကျင်းပခဲ့သော ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို (၅) ရက်တိုင်တိုင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ယနေ့ နိုဝင်ဘာလ (၂၁) ရက် တစ်ရက်တည်းသာ ကျင်းပကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local _News
Published _ 21 November 2022
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီးတွင် အသက် ၇၈နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးဟာ အိမ်ကနေထွက်လာပြီး မျက်စိ
လည်ကာ ကားတစ်စီးရဲ့နောက်ကိုပြေးလိုက်ရင်း ကတ္တရာလမ်းမပေါ် လဲကျသွားကြောင်း သတင်းရရှိသဖြင့် ရွှေမဉ္ဇူပရိဟိတကူညီရေးအ သင်းရုံးသို့ ရပ်ကွက်နေပြည်သူများမှ လာရောက်အကူညီတောင်းခံခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၁ရက် နံနက် ၁၁နာရီအချိန်တွင် ယင်းအဖိုးအိုသည် နေအိမ်ကနေလမ်းပျောက်နေပြီး အရှိန်ဖြင့်မောင်းနှင်လာသည့် ကားတစ်စီးရဲ့ အနောက်ကိုပြေးလိုက်ခဲ့သဖြင့် ချော်လဲကာ နှာခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူက YMG ကို ပြောခဲ့သည်။
"အဘကို ဒဏ်ရာရရှိတဲ့ နေရာတွေမှာ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ပြုလုပ်ပေးပြီး အသင်းရုံးမှာခေါ်ယူစောင့်ရှောက်ထားပါတယ်။ အဘက စကား အမေးအမြန်းသိပ်မရတာကြောင့် မိသားစုနဲ့နေတဲ့နေရာကိုတော့ မသိရသေးဘူး။ အဘက ကျန်းမာရေးလဲ သိပ်မကောင်းတဲ့ပုံပေါက်နေပါတယ်။ မေးလို့ရသလောက်ကတော့ သူ့နာမ်မည်က ဦးမျိုးညွှန့်၊ ၇၈ နှစ် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်မှာ နေတယ်လို့တော့ပြောပါတယ်" ဟု ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ဆိုသည်။
ယခုချိန်ထိ မိသားစုနှင့် ပြန်မတွေ့ရသေးဘဲ အသင်းမှ စောင့်ရှောက်ပေးလျှက်ရှိနေကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_21 November 2022
စီဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့၏ ရွှေဘုံသာဘဏ်ခွဲများတွင်လူပုဂ္ဂိုလ်ခုနစ်ဦးက ယင်းတို့၏ ဘဏ်ငွေစာရင်းမှ ငွေသားဖြင့်အပ်ငွေ အမြောက်အမြားကို ထုတ်ယူခဲ့သည့်အတွက် ကွင်းဆင်းစစ်ဆေးရန် ရွှေဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါလူပုဂ္ဂိုလ်ခုနစ်ဦးသည် ကျပ် ၄ ဒသမ ၉ ဘီလျံနီးပါးထုတ်ယူခဲ့ပြီးနောက် ယင်းတို့သည် ရွှေအရောင်း/အဝယ် ပြုလုပ်နေသူများဖြစ်သည့်အတွက် ငွေအမြောက်အများထုတ်ယူခြင်းနှင့် စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်က FATF ၏ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ (AML/CFT) စံသတ်မှတ်ချက်များအား လိုက်နာမှုရှိမရှိသည့်အတွက် အမည်ပျက်စာရင်းသွင်းခံရပြီး ယင်းမတိုင်မီ ပြည်တွင်းပုဂ္ဂလိက ဘဏ်ကိုးခုကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မိုဘိုင်းလ်ငွေပေးချေမှုများအပေါ်ကိုလည်း တင်းကျပ်မှုများ ပြုလုပ်လာပြီး အကောင့်ဖွင့်ထားသူများသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် သုံးစွဲသူများ၏ အချက်အလက်များကို အတိအကျဖြည့်သွင်းပြင်ဆင်ရန် ညွှန်ကြားခဲ့ပြီး အချက်အလက် မပြည့်စုံသော အကောင့်များကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပြည်ပငွေလွှဲကုမ္ပဏီများကိုလည်း ဗဟိုဘဏ်က ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
Page 1496 of 2001