#Local_News
Published - 29 June 2022

 

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခကို QR Code စနစ်ဖြင့် ပေးချေနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

 

လက်ရှိတွင် YBS ယာဉ်လိုင်းအချို၌ YPS ကတ်စနစ်ငွေပေးချေစနစ်များရှိနေသည့်အပြင် QR Code နှင့် Scan ဖတ်၍ ပေးချေသည့် စနစ်ကိုလည်း ထပ်တိုးထည့်သွင်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

YRTC ကွပ်ကဲသည့် မြို့တွင်းပြေး YBS ယာဉ်လိုင်းအားလုံးတွင် အဆိုပါ စနစ်ဖြင့် လုပ်ဆောင်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဗဟိုဘဏ်၏ ချမှတ်ထားသည့် စည်းကမ်းများနှင့်ကိုက်ညီရန် လုပ်ဆောင်နေကြောင်း YRTC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

 

ယခုအခါ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ ယာဉ်စီးရေ ၃၀၄၂ ဖြင့် ခရီးသည် ၉၈၅၄၁၅ ဦးကို သယ်ယူပို့ဆောင်ပေးနေသည့်အနက် ကတ်စနစ် (YPS) အသုံးပြုနေသော ယာဉ်လိုင်း ၃၆ လိုင်း၊ ယာဉ်အစီးရေ ၂ ခန့် ရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group