#World_News
▪️ ဒေါ်နယ်ထရမ့်က ကိုလံဘီယာခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို အသုံးပြုကာ အမျိုးသားကင်းစောင့်တပ်ဖွဲ့များကို တပ်ဖြန့်မှာဖြစ်ပြီး ဝါရှင်တန်ရဲတပ်ဖွဲ့ကို ဖက်ဒရယ်ထိန်းချုပ်မှုအောက်ထားရှိမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
▪️ ဒီလိုပြုလုပ်ခြင်းက အမေရိကန်မြို့တော် ပိုမိုလုံခြုံစေမယ်လို့လည်း ပြောပါတယ်။
▪️ ဝါရှင်တန်မှာ အိမ်ခြေရာမဲ့ဖြစ်ခြင်းနဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ခြေလှမ်းအသစ်များပြုလုပ်ရန် ထရမ့်က ကတိပေးထားပါတယ်။
▪️ မြို့အနှံ့မှာ ဖက်ဒရယ်ဥပဒေထိန်းသိမ်းရေးအရာရှိ ၅၀၀ ခန့် တပ်ဖြန့်ကျက်ထားကြောင်း သတင်းရင်းနှီးသူတစ်ဦးက ပြောပါတယ်။
▪️ လမ်းတွေမှာ အမျိုးသားကင်းစောင့်တပ်တွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး မြို့တော်ဝန်အတွက်တော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
▪️ အဲဒီအစား အစိုးရရှေ့နေတွေ ပိုမိုထားရှိခြင်းဖြင့် မြို့ကိုပိုပြီးအကူအညီဖြစ်စေမယ်လို့ မြို့တော်ဝန် မူရီယယ်ဘောင်ဆာက ပြောပါတယ်။
▪️ အကြမ်းဖက်ရာဇဝတ်နှုန်း ကျဆင်းလာပေမယ့် ထရမ့်က ရာဇဝတ်မှုတွေနဲ့ အိမ်ခြေရာမဲ့ဖြစ်ခြင်းတို့ကို တိုက်ဖျက်ဖို့ အလေးပေးပြောထားပြီး ဝါရှင်တန်ဒီစီမှာ ဥပဒေထိန်းသိမ်းရေးအေဂျင်စီများကို ဖက်ဒရယ်လက်အောက်ထားရှိဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
▪️ FBI နဲ့ DEA တို့အပါအဝင် ဖက်ဒရယ်အေဂျင်စီတွေက ဝါရှင်တန်ဒီစီကင်းလှည့်ရေးမှာ ပါဝင်ကူညီဖို့ တပ်ဖွဲ့ဝင်များချထားမှာဖြစ်ကာ ဒေသတွင်းကိစ္စတွေမှာ ဖက်ဒရယ်အစိုးရ ပါဝင်ပက်သတ်နေတဲ့ကဏ္ဍကို မေးခွန်းထုတ်လာကြပါတယ်။
▪️ ထရမ့်ကတော့ ဝါရှင်တန်ဒီစီရဲ့ ထိန်းသိမ်းအုပ်ချုပ်ပုံကို ဝေဖန်ထားကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေဖြင့် ဖက်ဒရယ်အာဏာပိုင်များထံ မြို့ထိန်းချုပ်ခွင့် ပြန်အပ်သွားဖို့ အဆိုပြုလိုက်တာဖြစ်ပြီး ဆန့်ကျင်ကန့်ကွက်မှုအများအပြား ရင်ဆိုင်နေရပါတယ်။
Source: France24