အမေရိကန်-တရုတ် အခွန်စစ်ပွဲရပ်စဲရေး ရက် ၉၀  သက်တမ်းတိုး

၁၂ ဩဂုတ် ၂၀၂၅

ဘာတွေဖြစ်ခဲ့လဲ

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နှင့် စီးပွားရေး အခွန်ကိစ္စကို ရက်ပေါင်း ၉၀ ထပ်ပြီး ဆိုင်းငံ့ဖို့ သမ္မတအမိန့်စာတစ်စောင်ကို လက်မှတ် ရေးထိုးခဲ့ပါ တယ်။

သတ်မှတ်ရက်အသစ်ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ (အရှေ့ဘက်စံတော်ချိန် သန်းခေါင် ယံ) ဖြစ်ပါတယ်။

ဘာလို့အရေးကြီးတာလဲ

အခွန်နှုန်းထားတွေ သုံးဆကျော်တက်တာကို ယခုသက်တမ်းတိုးသဘောတူညီချက်က တားဆီးပေး   လိုက်ပြီး အမေရိကန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဆိုးရွားစွာထိခိုက်စေမယ့်အပြင် နှစ်ကုန်ပိုင်း  အားလပ်   ရက် ကုန်ပစ္စည်းပို့ဆောင်မှုကွင်းဆက်ကိုလည်း ပြတ်တောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

အမေရိကန်လက်လီရောင်းချသူတွေကလည်း နှစ်ကုန်ပိုင်း ကုန်ပစ္စည်းတွေ ပုံမှန်အတိုင်း ဝင်ရောက်   နိုင်ဖို့အတွက် အခုလိုအခွန်ကိစ္စတွေ ရပ်ဆိုင်းထားတာကို ကြိုဆိုကြပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ အခြေအနေ

သမ္မတ ထရန့်က “တရုတ်က အခုဆိုရင် အတော်လေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုအခွန်ကိစ္စရပ်ဆိုင်းတာက ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပနိုင်ခြေရှိတဲ့ ထရန့်-ရှီကျင့်ဖျင် ထိပ်သီး  အစည်းအဝေးအတွက် လမ်းခင်းပေးနိုင်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိသတ်မှတ်ချက်တွေက မပြောင်းလဲပါဘူး

 နှစ်နိုင်ငံစလုံးက လက်ရှိ အခွန်နှုန်းတွေယာယီရပ်ဆိုင်းထားရှိမှုနှင့် အခြားဆက်စပ်သတ်မှတ်ချက်အား  လုံးကို ဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်။

Source: News wires