Published 29 June 2022

အိန္ဒိယနိုင်ငံရဲ့ မဟာမြို့ကြီးဖြစ်တဲ့ မွမ်ဘိုင်းမှာ  မုတ်သုန်မိုးကြောင့် လေးထပ်တိုက်တစ်တိုက် ပြိုကျရာ အနည်းဆုံး လူ(၁၉)ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီတိုက်ဟာ မြို့လယ်ခရိုင်တစ်ခုရဲ့ ဆင်းရဲသားရပ်ကွက်နှင့်ကပ်လျက်တည်ရှိပြီး တနင်္လာနေ့ သန်းခေါင်မတိုင်ခင် ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဒေသအရာရှိတွေက ပြောပါတယ်။

အင်္ဂါနေ့ညနေအထိ လူ(၁၄)ဦး ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အပျက်အစီးတွေကြားထဲက  ရုပ်အလောင်း(၁၉)လောင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေကြတယ် လို့ အမျိုးသား သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူ ကပြောပါတယ်။

သေဆုံးသူတွေထဲက ခြောက်ဦးဟာ အသက်၁၈နှစ်နှင့် ၂၁ နှစ်အကြား လူငယ်တွေဖြစ်ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူရဲ့ညီမဖြစ်သူလို့ထင်ရတဲ့ အမျိုးသမီးတစ်ဦဟာ သေဆုံးတဲ့ရုပ်အလောင်းတစ်ခု လူနာတင်ယာဉ်နှင့်သယ်ဆောင်သွားတဲ့အချိန်ငိုယိုပြီးကျန်ရစ်ခဲ့ပါတယ်။

ဇွန်လကစင်တင်ဘာထိ မုတ်သုန်မိုးတွေဟာ အိန္ဒိယနိုင်ငံမှာ မြစ်တွေနှင့်တွင်းရေတွေအတွက် ပြန်ဖြည့်ပေးဖို့ အရေးကြီးပေမယ့် မိုးကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း များတတ်ပါတယ်။

မိုးတွင်းမှာ တိုက်တွေပြိုကျတာဟာ အိန္ဒိယမှာဖြစ်နေကြပါ။ မရပ်မနားရွာနေတဲ့ မိုးတွေရဲ့အောက်မှာ ဟောင်းနွမ်းပြီး ခနော်နီ ခနောနဲ့ဖြစ်နေတဲ့ တိုက်တွေဟာ ပြိုလဲတတ်ကြပါတယ်။

မွမ်ဘိုင်းမြို့တော်ရဲ့ အနောက်ပိုင်းပြည်နယ်မဟာရာရှထရာမှာ မနှစ်က မုတ်သုန်မိုးကြောင့်ရေကြီးရေလျှံနှင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ခန့်သေဆုံးခဲ့ကြရပါတယ်။ လူပေါင်း တစ်သန်းခန့်ကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။