#Local_News
Published 14 August 2025

▪️ မြစ်ကမ်းပါးပြိုကျမှုလျော့ပါးစေရန်အတွက်သံလွင်မြစ်ဘေးတွင် Floating Structure အလျားပေ ၁၀၀၀ ခန့် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈)ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

▪️ ထိုသို့ ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့်လက်တလောကမ်းပါးပြိုကျမှုလျော့ပါးစေရန် Floating Structure အလျားပေ ၁၀၀၀ ခန့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က Floating Structure များအမြန်ဆုံး တည်ဆောက်ကာကွယ်ရန်၊ လာမည့်ရေနည်းရာသီတွင်စစ်ဆေး၍ ကမ်းထိန်းလုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန်မှာကြားခဲ့‌ ကြောင်းသိရသည်။

#YMG/SW #Yangon_Times