#Local_News
Published 14 August 2025

▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ)လျှောက်ထားရန် တန်းစီနေရာပြောင်းလဲသတ်မှတ်ထားကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။

▪️ သံရုံးသို့လာရောက်လျှောက်ထားမည့် လူများအနေဖြင့် ခရီးစဉ်လမ်းကြောင်းကို ကြိုတင်စီမံထားရှိနိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ ပြောင်းလဲသတ်မှတ်ရာတွင်ဩဂုတ်လ (၁၃) ရက်နေ့မှစ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှိ ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ) လျှောက်ရန် တန်းစီရမည့်နေရာကို ယခင်ပြည်ထောင်စုရိပ်သာလမ်းမှ ဗဟိုလမ်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။

#YMG/SW #Yangon_Times