#Local_News

Published 14 August2025

▪️ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်‌သည့်အတွက် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားများ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားသည်။

▪️ အဆိုပါ ပြိုင်ပွဲတွင် Sustainable ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်ဖြစ်သော "Tourism and Transformation ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့၊ စဉ်ဆက်မပြတ်ဖော်ဆောင်စို့” ခေါင်းစဉ်အောက်မှ မြန်မာဘာသာဖြင့် ဆောင်းပါရေးသားရမည်ဖြစ်ပြီး စာမျက်နှာ (၅ မှ ၈ မျက်နှာအထိ) A4 စာရွက်တွင် Pyidaungsu Font Size 131 Line Spacing 1.5 ကိုအသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

▪️ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိသူများအား ဆုကြေးသတ်မှတ်ချက်အနေဖြင့် ပထမဆု (၅၀၀,၀၀ဝိ/-)၊ ဒုတိယဆု (၄၀၀,၀၀ဝိ/-) တတိယဆု (၃၀၀,၀၀ဝိ/-)နှင့် နှစ်သိမ့်ဆု(၁၀၀,၀၀ဝိ/-) (၇)ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး ဆောင်းပါများကို လာမည့် စက်တင်ဘာ( ၅ )ရက် နောက်ဆုံးထားကာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ ပေးပိုးရမည်ဖြစ်ကြောင်း ၊ဆောင်းပါးပေးပို့ရာတွင် အမည်၊ ဆက်သွယ်ရန်လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ဖော်ပြ၍ ကိုယ်တိုင်ရေး စာမူဖြစ်ကြောင်း ကတိခံဝန်ချက်နှင့်အတူ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးဖုန်း ၀၆၇ ၃၄၀၆၁၀၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

▪️ ထို့အပြင် ပြိုင်ပွဲတွင်ရွေးချယ်ခံရသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website: www.tourism.gov.mm/en/announcements www.tourism.gov.mm/mm/announceme တို့တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူအချို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် နေ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် ဆုများကိုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times