#Local_News
Published 22 December 2025
▪️ ရန်ကုန်တိုင်းနှင့်ဒေသအများစု၌ ညအပူချိန်များဆက်လက်လျော့ကျနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နေ့လယ်ပိုင်းအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး
နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်းက ရခိုင်ပြည်နယ်တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီ ဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်းသိရသည်။
▪️ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၄.၅ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၅.၂ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၆.၃ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့နှင့် နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တို့တွင် ၇.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မိုင်းယန်းမြို့တွင် ၇.၅ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၇.၆ ဒီဂရီဆဲလ်စီးယပ်၊ မင်းကင်းမြို့တွင် ၈.၅ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၉.၃ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်ကြီးမြို့တွင် ၉.၈ ဒီဂရီဆဲလ်စီးယပ်တို့ဖြစ်ကြ ကြောင်းသိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှတိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 December 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်း ရုံးအနီးတွင် ယမန်နေ့ ည ၇ နာရီကျော် အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ “မနေ့က ည ၇ နာရီမခွဲခင်လေးမှာ ဖြစ်သွားတာပါ။ တိုင်းရုံး ရဲ့ အတက်၊ အဆင်းလှေကားနဲ့ ဟိုဘက်တိုက်မှာ နောက်ဘက်ကို ဝင်ထွက်သွားလာနေတဲ့ ကြားလမ်းလေးတစ်ခု ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ တိုင်းရုံးရဲ့ အတက်၊ အဆင်းလှေကားထိပ်ဆုံးလမ်းကြားထိပ်မှာ ဖြစ်သွားတာ” ဟု ပြည်သူ့ပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှဋ္ဌေးက ပြောသည်။
▪️ အဆိုပါ ပေါက်ကွဲမှုကြောင့် ပါတီရုံးခန်းတည်ရှိသည့် ၈ ထပ် အဆောက်အအုံ ၏ ၅ ထပ် နှင့် ၆ ထပ် ထိ ငါးလွှာ၊ အဆောက်အအုံ အခန်းများတွင် တပ်ဆင်ထားသော မှန်များ ကွဲကျ ပျက်စီးသွားကာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တွင်လည်း အပေါက်ငယ် များဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အလားတူ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ် တစ်စီးလည်း ဗုံးစထိမှန် ပြီး ကားမှန်လေးဘက်လုံး ပျက်စီးသွားခဲ့ကြောင်း ၊ ကံအားလျော်စွာ လူထိခိုက်မှု မရှိကြောင်း သိရသည်။
▪️ “ဗုံးသံတော်တော်ကျယ်တယ်။ ဗုံးစတွေက ကားရဲ့ ဘော်ဒီကိုလည်း ဖောက်ထွက်သွားတယ်။
လမ်းမှာ လူရှင်းနေတဲ့အချိန် ဖြစ်လို့ ကံကောင်းတယ်ပဲ ပြောရမယ်” ဟု ဦးလှဌေးက ပြောသည်။
▪️ လက်ရှိတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က CCTV မှတ်တမ်းများကို စစ်ဆေး၍ ကျူးလွန်သူများကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_News
Published 22 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က သံအမတ်နဲ့ အခြားသော အကြီးတန်းသံရုံးရာထူးများမှ နှစ်ရှည်သံတမန် ၃၀ နီးပါးခန့်ကို တာဝန်မှပြန်လည်ခေါ်ယူလိုက်ပါတယ်။
■ အမေရိကန်သံတမန်ရေး ရပ်တည်မှုကို အမေရိကန်ဦးစားပေးစနစ် အပြည့်အဝထောက်ခံတယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြန်လည်ပုံသွင်းသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
■ အနည်းဆုံး ၂၉ နိုင်ငံလောက်မှ သံတမန်ရေးရာအကြီးအကဲတွေကို ဇန်နဝါရီမှာ တာဝန်ပြီးဆုံးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အသိပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိနှစ်ဦးက ဆိုပါတယ်။
■ သူတို့အားလုံးဟာ ဂျိုးဘိုင်ဒင်အစိုးရလက်အောက်မှာ ရာထူးတာဝန်တွေ ရရှိခဲ့တာဖြစ်ပြီး ထရမ့်အစိုးရအစောပိုင်းလတွေမှာ ကျန်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဖယ်ရှားခံရသူတွေဟာ နိုင်ငံခြားရေးရာအလုပ်တွေကို ဆုံးရှုံးတာမျိုးမဟုတ်ဘဲ ဝါရှင်တန်သို့ပြန်လာကာ ယင်းတို့ဆန္ဒရှိတဲ့ အခြားသောတာဝန်တွေ ရယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
■ သံအမတ်ဆိုတာဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေးကိုယ်စားလှယ်ဖြစ်ပြီး အမေရိကားသာဦးစားပေး အစီအစဉ်အတွက် သမ္မတကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်တွေကို ခန့်အပ်နိုင်တယ်လို့ ဆိုပါတယ်။
■ ထိုနိုင်ငံတွေထဲမှာ အာဖရိကတိုက်မှ အများဆုံးပါဝင်ပြီး ကမ်မရွန်၊ အိုင်ဗရီကို့စ်၊ မာဒါဂတ်စ်ကာ၊ နိုင်ဂျီးရီးယား၊ ရဝမ်ဒါ၊ ဆိုမာလီယာတို့လို နိုင်ငံတွေပါဝင်ပါတယ်။
■ ဒုတိယအများဆုံးက အာရှတိုက်ဖြစ်ကာ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့လို နိုင်ငံတွေအပါအဝင် ၆ နိုင်ငံပါဝင်ပါတယ်။
■ ဥရောပမှ အာမေးနီးယား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ဆလိုဗေးကီးယားနဲ့ အရှေ့အလယ်ပိုင်းမှ အယ်ဂျီးရီးယား၊ အီဂျစ်၊ အာရှအလယ်ပိုင်းမှ နီပေါ၊ သီရိလင်္ကာ၊ အနောက်ဘက်ခြမ်းမှ ဂွာတီမာလာနဲ့ ဆူရီနမ်တို့ ပါဝင်ပါတယ်။
■ အချို့သောလွှတ်တော်အမတ်တွေနဲ့ အမေရိကန်သံတမန်သမဂ္ဂတွေကတော့ ဒီလိုပြန်လည်ခေါ်ယူတဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း ဖော်ပြလာပါတယ်။
Source: AP News
#World_Health
Published 22 December 2025
■ ခွေးမွေးသူတွေဟာ မျက်နှာကို လျှာနဲ့ယက်ခံရတာကို ချစ်ခင်ကြည်နူးတဲ့ အမူအရာအဖြစ် ကျေနပ်နေကြပေမယ့် မလိုလားအပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်က လေ့လာထားပါတယ်။
■ ဒီအမူအကျင့်ကြောင့် လူသားတွေမှာ ပဋိဇီဝဆေးယဉ်ပါးဘက်တီးရီးယားတွေ ထိတွေ့နိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ ခွေးတွေက ကျန်းမာရေးကောင်းတဲ့ပုံစံ ဖြစ်နေတာတောင် ဆယ်မွန်နဲလားလိုမျိုး ပဋိဇီဝဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားတွေ သယ်ဆောင်ထားနိုင်ပြီး လူသားတွေမှာ အစာအိမ်အူလမ်းကြောင်းလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ၂၀၁၇ မှ ၂၀၂၃ အတွင်း ခွေး ၈၇ ကောင်ကို လေ့လာခဲ့ကာ လူသားတွေမှာ ရောဂါဖြစ်စေတဲ့ ဆယ်မွန်နဲလားမျိုးနွယ် ၈၂ မျိုး တွေ့ရှိခဲ့ပါတယ်။
■ ၃၉ ရာခိုင်နှုန်းသောခွေးတွေမှာ shdA လို့ခေါ်တဲ့ မျိုးဗီဇပစ္စည်း သယ်ဆောင်ထားကာ အူတွေထဲမှာ ဆယ်မွန်နဲလား ရှိနေစေပါတယ်။
■ လူတွေရဲ့မျက်နှာကို လျှာနဲ့ယက်ခြင်းဖြင့် လူသားတွေဆီ ထိုဘက်တီးရီးယားတွေ ကူးစက်နိုင်ပါတယ်။
■ ဆေးယဉ်ပါးဘက်တီးရီးယားတွေက ကုသရခက်ခဲစေနိုင်ကာ တစ်ကမ္ဘာလုံးမှာ စိုးရိမ်စရာဖြစ်နေပါတယ်။
■ လက်ဆေးခြင်း၊ မျက်နှာကို လျှာအယက်မခံခြင်း၊ ပုံမှန်တိရိစ္ဆာန်ဆေးစစ်ခြင်း၊ ခွေးတွေနေထိုင်ရာနေရာကို သန့်ရှင်းခြင်းတို့ဖြင့် ကူးစက်မှုအန္တရာယ် လျော့နည်းစေနိုင်ပါတယ်။
■ လူသားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကြား ချစ်ခင်မှုနဲ့ ကျန်းမာရေးဘေးကင်းမှုတို့ မျှတမှုရှိစေရန် ကြိုတင်ကာကွယ်နေထိုင်သွားဖို့ ဒီလေ့လာချက်ကနေ အသိပေးထားတာ ဖြစ်ပါတယ်။
Source: Daily Galaxy
#World_Science
Published 22 December 2025
■ အချို့သောမှတ်ဉာဏ်တွေကို တိတိကျကျ အမှတ်ရနေတာမျိုးရှိနိုင်ပေမယ့် ဦးနှောက်က အရာအားလုံးကို အစွဲအမြဲ သိမ်းဆည်းထားတာတော့ မဟုတ်ပါဘူး။
■ အချို့မှတ်ဉာဏ်တွေက ရက်ပိုင်းအတွင်း ပျောက်ကွယ်တတ်ပြီး အချို့ကတော့ နှစ်တွေကြာတဲ့တိုင်အောင် မှတ်မိနေတာဟာ ဘာကြောင့်ပါလဲ။
■ နယူးယော့ခ် ရော့ခ်ဖယ်လာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြွက်တွေနဲ့ လက်တွေ့ပုံစံသရုပ်ဖော်ခဲ့ပါတယ်။
■ သူတို့ကို အကြိမ်ကြိမ်မြင်တွေ့စေတဲ့ အရာတွေ ပြသတဲ့အခါ ကြာရှည်ခိုင်မြဲစွာ မှတ်သားစေတဲ့ မှတ်ဉာဏ်တွေ ဖြစ်ပေါ်ပြီး ခဏပဲပြသတာတွေကိုတော့ အလျင်အမြန် မေ့လျော့သွားကြပါတယ်။
■ ဒါဟာ ဦးနှောက်ထဲက အချို့သောမော်လီကျူးတွေက ဘယ်လိုမှတ်ဉာဏ်တွေကို မှတ်မိစေမလဲ ဘယ်ဟာတွေကို မေ့လျော့စေမလဲ ဆိုတာတွေကို ထိန်းညှိပေးတာဖြစ်တယ်လို့ Nature ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။
■ မှတ်ဉာဏ်ရေရှည်မှတ်မိတာဟာ ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဦးနှောက်နေရာတွေက မှတ်ဉာဏ်တွေကို ရေရှည်တည်မြဲအောင် စီစဉ်ပေးတာ ဖြစ်ပါတယ်။
■ အဓိကအရေးပါတဲ့ မော်လီကျူးတွေက CAMTA1 ၊ TCF4 နဲ့ ASH1L တို့ဖြစ်ပါတယ်။
■ CAMTA1 က မှတ်ဉာဏ်အသစ်တွေကို ရက်အနည်းငယ်အတွင်း သိမ်းထားပေးကာ အလျင်အမြန် ပျောက်ကွယ်သွားပါတယ်။
■ ဒီနောက် TCF4 ပါဝင်လာပြီး ဦးနှောက်အတွင်း ချိတ်ဆက်အားကောင်းစေကာ မှတ်ဉာဏ်တည်တံလာစေပါတယ်။
■ နောက်ဆုံးမှာ ASH1L က ရေရှည်မှတ်မိအောင် ပြုလုပ်ပေးပါတယ်။
■ ဒီလေ့လာချက်တွေကနေ အယ်ဇိုင်းမားရောဂါ သုတေသနကို အထောက်အကူဖြစ်နိုင်ပြီး မှတ်ဉာဏ်လွှဲပြောင်းတည်တံ့စေမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
Source: India Today
ကမ္ဘာအကောင်းဆုံး စွပ်ပြုတ်စာရင်း (၂၀)မှာ မြန်မာ့မုန့်ဟင်းခါးပါဝင်တယ်လိုCNN သတင်းဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍကို ဖော်ပြပေးနေတဲ့ CNN Travel မှာ ဖော်ပြထားပါတယ်။
#Local_News
Published 20 December 2025
#မုန့်ဟင်းခါး #စွပ်ပြုတ်
#YMG/SW #Yangon_Times
#World_Health
Published 21 December 2025
■ လူအများစုဟာ တစ်ညကို အိပ်ချိန် ၆ နာရီအောက်သာ အိပ်စက်ကြရပြီး အလုပ်ဖိအား၊ ဖုန်းကွန်ပျူတာစွဲလမ်းခြင်းတို့ကို အကြောင်းပြနေကြပေမယ့် ခန္ဓာကိုယ်ကတော့ ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။
■ ရေရှည်အိပ်ရေးပျက်တဲ့အခါ ဦးနှောက်၊ နှလုံး၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ရေရှည်ကျန်းမာရေးတို့ကို ဘာတွေဖြစ်စေလဲဆိုတာ မဏိပေါဆေးရုံမှ ဒေါက်တာ ဂါဂျီဆင်းထာကာက ပြောပြပါတယ်။
■ အိပ်စက်နေတဲ့အခါ ဦးနှောက်ပြန်လည်အားဖြည့်ခြင်း၊ ဟော်မုန်းတွေ ထိန်းညှိခြင်း၊ တစ်ရှူးများပြုပြင်ခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ခြင်းတို့ ပြုလုပ်စေတာကြောင့် အိပ်ရေးပျက်တဲ့အခါ အကုန်လုံးနှောင့်နှေးကုန်တယ်လို့ ရှင်းပြပါတယ်။
■ ပထမဆုံးထိခိုက်တာက ဦးနှောက်ဖြစ်ပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ကျဆင်းလာကာ အာရုံထွေပြားခြင်း၊ မေ့လျော့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှောင့်နှေးခြင်းတို့ ခံစားရတတ်ပါတယ်။
■ ဒါ့အပြင် စိတ်ခံစားချက် ထိန်းညှိနိုင်စွမ်း နှောင့်ယှက်ခံရကာ စိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ရုတ်တရက် စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါသေးတယ်။
■ ဟော်မုန်းတွေ မညီမမျှဖြစ်ကုန်ပြီး ဆာလောင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ လွတ်ထွက်ကုန်ကာ ပိုမိုဗိုက်ဆာလာပြီး ကယ်လိုရီနဲ့ အချိုများတဲ့အစာတွေ စားမိကာ အဝလွန်စေနိုင်ပါတယ်။
■ ဖိစီးမှုဟော်မုန်းတွေ များလာသဖြင့် ကြာရှည်လာတဲ့အခါ သွေးဖိအားတက်စေကာ နှလုံးရောဂါအန္တရာယ် ရှိနိုင်ပါတယ်။
■ ကိုယ်ခံအားလျော့နည်းစေပြီး ရောဂါဘယတွေကနေ ပြန်လည်သက်သာမှုနှုန်း နှေးစေပါတယ်။
■ သွေးတွင်းသကြားဓာတ် မထိန်းချုပ်နိုင်တော့ဘဲ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားကာ ဖုန်းကွန်ပျူတာကြည့်ချိန် ကန့်သတ်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ပြုလုပ်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
Source: India Today
#World_Health
Published 21 December 2025
■ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေခြင်း၊ အစာကြေစေခြင်း စသဖြင့် အမျိုးမျိုးပါဝင်ပါတယ်။
■ နံနက်ခင်းမှာ ကြက်သွန်ဖြူအစိမ်းလိုက်စားခြင်းဖြင့် ကိုလက်စထရောကျဆင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။
■ သူ့ရဲ့ သတ္တိကြွဒြပ်ပေါင်းတွေက သွေးဖိအားများခြင်းကို သဘာဝအတိုင်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယူဆချက်လည်းရှိပါတယ်။
■ ဒီအကြောင်းကို သိပ္ပံနည်းအရ လေ့လာမယ်ဆိုရင် ကြက်သွန်ဖြူကို ချေခြင်း၊ လှီးခြင်း၊ ဝါးခြင်းတို့ ပြုလုပ်တဲ့အခါ အယ်လီဆင်ဒြပ်ပေါင်း ထွက်လာပြီး သွေးလမ်းကြောင်းထဲ ရောက်စေပါတယ်။
■ သွေးကြောထဲမှာ နိုက်ထရစ်အောက်ဆိုဒ်တွေ ထွက်လာအောင် လှုံ့ဆော်ပေးပြီး သွေးကြောတွေကို ကျယ်စေပါတယ်။
■ ထိုအခါ သွေးကြောထဲက ဖိအားတွေလျော့ကျသွားပြီး သွေးပေါင်ချိန်ကို တိုက်ရိုက်ကျဆင်းစေပါတယ်။
■ လေ့လာချက်အများအပြားထဲမှာ သွေးတိုးလူနာတွေကို ကြက်သွန်ဖြူဖြည့်စွက်ဆေး ပေးခဲ့ရာ ပျမ်းမျှအားဖြင့် အပေါ်သွေး ၈.၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၅.၅ မီလီမီတာမာကျူရီ ကျဆင်းစေတာ တွေ့ခဲ့ပါတယ်။
■ အစာမရှိတဲ့အချိန် ကြက်သွန်ဖြူအစိမ်းလိုက်စားပေးပါက အယ်လီဆင်စုပ်ယူမှုကို မြှင့်တင်ပေးပြီး သွေးတိုးထိန်းချုပ်ရာမှာ ထိရောက်မှုမြင့်မားစေနိုင်ပါတယ်။
■ တစ်နေ့ကို ထုချေထားတဲ့ ကြက်သွန်ဖြူအစိမ်းလိုက်ကို တစ်မွှာနှစ်မွှာခန့် စားသုံးဖို့အကြံပြုထားပြီး များသွားရင်တော့ အက်ဆစ်ဓာတ်များခြင်း၊ အစာခြေမကောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
■ ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ နည်းလမ်းအဖြစ် မှီဝဲသင့်ပါတယ်။
Source: The Guardian.
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တည်ရှိတဲ့ ပွိင်ပက်မြို့လေးဟာ ပဋိပက္ခဖြစ်ပြီးတည်းက မရှိမဖြစ်လိုအပ်ချက်ပစ္စည်းများ ကွင်းဆက်ပြတ်တောက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ မရေမရာဖြစ်နေပါတယ်။
#Asia_Crisis
Published 20 December 2025
#ထိုင်း_ကမ္ဘောဒီးယား
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့အပတ်က ကျဆင်းခဲ့တဲ့စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာတော့ အတက်အကျအနည်းငယ်ရှိနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 20 December 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပြည်ကြီးချမ်းသာ မဟာစေတီတော် (မြို့ဦးစေတီတော်ကြီး) ပရိဝဏ်အတွင်းမှာတည်ဆောက်သွားမယ့်
" ဗုဒ္ဓသာသနာ့ ဗိမ္မာန်တော်ကြီး"ကို ကျပ်သိန်းပေါင်းသုံးသောင်းခွဲ ခန့်အကုန်အကျခံ၍တည်ဆောက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 December 2025
#ဗုဒ္ဓသာသနာ့ဗိမ္မာန်တော်ကြီး #ပြည်ကြီးချမ်းသာ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှာ တည်ဆောက်နေတဲ့ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းဟာစက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မယ့် ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောပါတယ်။
#Local_News
Published 20 December 2025
#သန်လျင်ရေနံချက်စက်ရုံ #သန်လျင်မြို့
#YMG/SW #Yangon_Times
Page 149 of 2002