#World_News
Published 23 February 2026
■ အီရန်က အမေရိကန်နဲ့ ဆွေးနွေးရာမှာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ အလျှော့ပေးလိုက်လျောမှုများ ပြုလုပ်ရန် ပြင်ဆင်ထားပြီး အပြန်အလှန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့နဲ့ ယူရေနီယံထုတ်လုပ်ခွင့် အသိအမှတ်ပြုပေးဖို့ အလိုရှိနေပါတယ်။
■ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့မယ်ဆိုတာတောင် နှစ်ဖက်စလုံးက သဘောထားကွဲလွဲမှုသိသာထင်ရှားနေတယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
■ စစ်ရေးပဋိပက္ခဆီ နှစ်နိုင်ငံဦးတည်နေတဲ့အချိန်မှာ အီရန်က တိုက်ခိုက်မှုကြီးမဖြစ်အောင် သံတမန်ရေးထိန်းသိမ်းဖို့ ကြိုးစားနေပုံရကြောင်း သုံးသပ်သူတွေ ဆိုပါတယ်။
■ အမေရိကန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား ငြိမ်းချမ်းစွာထုတ်လုပ်ခွင့်ကို အသိအမှတ်ပြုပေးဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့ အီရန်က အလိုရှိနေပါတယ်။
■ ဒါ့အပြင် အီရန် အမေရိကန်ကုမ္ပဏီတွေကို အီရန်ရေနံနဲ့ လောင်စာကဏ္ဍတွေမှာ ကန်ထရိုက်တာများအဖြစ် ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားပါတယ်။
■ အီရန်က အရည်အသွေးမြင့် ယူရေနီယံတွေကို နိုင်ငံခြားထံ တဝက်ပေးပို့ပြီး ကျန်တာတွေကို ဒေသတွင်း အသုံးချဖို့ ကမ်းလှမ်းထားပါတယ်။
■ နှစ်ဖက်စလုံးက စစ်ရေးပဋိပက္ခ ရှောင်လွှဲချင်ပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေးနဲ့ နျူကလီးယားအရေးအပေါ် သိသိသာသာ သဘောထားကွဲလွဲနေပါသေးတယ်။
■ အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်နေတာ မဟုတ်ကြောင်း သက်သေပြလိုတဲ့အတွက် နိုင်ငံတကာမှ စောင့်ကြည့်မှုတွေကို ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။
■ ဆွေးနွေးမှုတွေ ဆက်လုပ်နေပြီး အရေးယူပိတ်ဆို့မှုများ ဖြေလျှော့နိုင်ပါက ယာယီသဘောတူညီမှု ရရှိသွားနိုင်ခြေ ရှိနေပါတယ်။
Source: Reuters