#World_Health
Published 24 February 2026
■ ကင်ဆာနဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ဘူးလို့ ထင်နေကြပေမယ့် လေ့လာချက်အသစ်မှာတော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းအများအပြား ရှိနေပါတယ်။
■ ကင်ဆာရောဂါအားလုံးရဲ့ သုံးပုံတစ်ပုံကျော်လောက်ဟာ ကာကွယ်လို့ရနိုင်တယ်လို့ WHO က ဆန်းစစ်ထားပါတယ်။
■ ဆေးကုသမှုများ၊ အလေ့အကျင့် ပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တိုက်ဖျက်မှုများဖြင့် နှစ်စဉ် ကင်ဆာကြောင့်သေဆုံးမှုများစွာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ ပြုပြင်ပြောင်းလဲလို့ရတဲ့ အလေ့အကျင့်တွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်း၊ ကွမ်းစားခြင်း၊ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ဓာတ်များခြင်း၊ ရောဂါပိုးမွှားများ၊ လုပ်ငန်းခွင်အန္တရာယ်များ ပါဝင်ပါတယ်။
■ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၂၃ ရာခိုင်နှုန်းအထိ ဆက်စပ်နေပါတယ်။
■ ဒီနောက်မှာ လေထုညစ်ညမ်းခြင်းက အမျိုးသမီးတွေမှာ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းခန့် ဆက်စပ်နေပါတယ်။
■ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ဆိုရင် ကာကွယ်ဆေးရှိနေပြီ ဖြစ်ပါတယ်။
■ အစာအိမ်ကင်ဆာဆိုရင် ဆေးလိပ်၊ ရောဂါကူးစက်မှုတို့ကြောင့် ဖြစ်လေ့ရှိပြီး သန့်ရှင်းမှုဖြင့် ကာကွယ်နိုင်ပါတယ်။
■ နိုင်ငံဒေသတွေနဲ့ လူမျိုးတွေကြား ဖြစ်ပွားမှုပုံစံတွေကို လေ့လာပြီးတော့ ကင်ဆာအများအပြားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Science Alert.