#World_Health
Published 24 February 2026

■ လူတစ်ယောက် အသက်ဘယ်လောက်ရှည်လဲဆိုတာ မျိုးဗီဇပစ္စည်းများအပေါ် မူတည်ပြီး ကျန်းမာနေထိုင်မှုပုံစံတွေနဲ့ အနည်းငယ် ဆွဲဆန့်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။
ဒါပေမဲ့ မျိုးဗီဇအရ အသက် ၈၀ လောက် နေရတဲ့သူဟာ အသက် ၁၀၀ အထိတော့ ဆွဲဆန့်လို့ မရနိုင်ပါဘူး။

■ အစ္စရေးလ် ဝစ်ဇ်မန်းတက္ကသိုလ်မှ ယူရီအယ်လွန်နဲ့ အခြားသုတေသီများက အသက် ၁၀၀‌ ကျော်ရှိတဲ့ အမေရိကန် ၄၄၄ ဦးရဲ့ မွေးချင်း ၂,၀၉၂ ဦးကို လေ့လာပြီး ဘယ်လိုအဖြစ်အပျက်တွေက သက်ရောက်နေလဲဆိုတာ လေ့လာခဲ့ကြပါတယ်။

■ ကျန်းမာစွာ နေထိုင်မှုပုံစံက အရေးကြီးပေမယ့် ဘဝသက်တမ်းကတော့ များသောအားဖြင့် မျိုးရိုးနဲ့ ဆိုင်နေတာ ဖြစ်ပါတယ်။

■ ဒါကြောင့် ထင်ထားသလို အသက်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ အီလီနွိုက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျေအိုရှန်စကီက ပြောပါတယ်။

■ လေ့လာချက်ထဲမှာတော့ အသက်အရွယ်နဲ့ မဆိုင်တဲ့ သေဆုံးအကြောင်းအရင်းတွေကို ထည့်မတွက်ထားပါဘူး။

■ ကင်ဆာက မျိုးရိုးကြောင့် သက်ဆိုင်နိုင်ခြေ အနည်းဆုံးဖြစ်ပြီး ဒီမန်ရှာရောဂါကတော့ အများဆုံးဖြစ်နေပါတယ်။

■ လေ့လာချက်အရဆိုရင် မျိုးဗီဇက လူ့သက်တမ်းအပေါ် များစွာလွှမ်းမိုးနေပြီး နေထိုင်စားသောက်မှုပုံစံတွေကတော့ မျိုးဗီဇကန့်သတ်ချက်များဖြင့် ကွဲပြားသွားနိုင်ပါတယ်။

■ ကျန်းမာရေးညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ရှောင်ရှားခြင်းတို့က ဘဝအရည်အသွေး ကောင်းမွန်စေပြီး ပျမ်းမျှသက်တမ်းကို အတိုးအလျော့ ဖြစ်စေနိုင်ပါတယ်။

Source: Indian Express