#World_Health
Published 23 February 2026

■ ကိုရီးယားလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်တတ်ကြပြီး ယခုအခါလည်း သူတို့ရဲ့ ၃-၃-၃ သွားတိုက်နည်းပုံစံကို ဖန်တီးထားပါတယ်။

■ ဒီစည်းမျဉ်းက တစ်နေ့သုံးကြိမ်သွားတိုက်၊ တစ်ကြိမ်ကို ၃ မိနစ်ဖြင့် စားပြီးလို့ ၃ မိနစ်အတွင်း တိုက်ရမှာဖြစ်ပါတယ်။

■ ဒါက အထောက်အကူဖြစ်နိုင်ပေမယ့် အလွန်စိတ်ထဲထားလွန်းရင်တော့ စိတ်ရှုပ်ထွေးနိုင်တယ်လို့ အက်စတာ CMI ဆေးရုံမှ ဒေါက်တာ ဆက်ရှီဟင်ဒူဂျာက ပြောပါတယ်။

■ ၃ မိနစ်ခန့်ကြာအောင် တိုက်ခြင်းဖြင့် အကြွင်းအကျန်တွေကို နေရာလပ်မကျန် ဖယ်ရှားပေးဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

■ စားသောက်ပြီးလို့ သွားတိုက်ခြင်းဖြင့် စားစရာတွေမှ အက်ဆစ်ထိခိုက်မှုကို ကာကွယ်နိုင်ပေမယ့် အချဉ်လိုမျိုး အက်ဆစ်များတဲ့ အစားအစာတွေ စားပြီးပြီးချင်းတိုက်ရင်တော့ ကြွေလွှာပျက်စီးနိုင်ပါတယ်။

■ အဓိကက သွားအားလုံးကို ညင်သာစွာ စက်ဝိုင်းပုံသဏ္ဍာန် တိုက်ရမှာဖြစ်ပြီး ဖလိုရိုက်သွားတိုက်ဆေးဖြင့် တိုက်ခြင်း၊ သွားကြားသန့်ရှင်းရေးလုပ်ခြင်းတို့က အရေးပါပါတယ်။

■ ၃ လတစ်ခါ သွားတိုက်တံလဲပေးပါက ဘက်တီးရီးယားများ မခိုအောင်းဘဲ ထိရောက်စွာ သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

■ တစ်နေ့ကို နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ၂ မိနစ်တိုက်ခြင်းက ပုံမှန်အားဖြင့် လုံလောက်ပြီး ၃-၃-၃ စည်းမျဉ်းက အမြဲတမ်းလုပ်စရာ မလိုဘူးလို့ ဒေါက်တာ ဟင်ဒူဂျာက ပြောပါတယ်။

■ ခံတွင်းကျန်းမာရေးအတွက် နေ့စဉ် သွားကြားသန့်ရှင်းရေးလုပ်ခြင်း၊ ပုံမှန်ခံတွင်းစစ်ဆေးခြင်း၊ ရေဓာတ်ပြည့်ဝအောင်နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။

■ လျှာကလည်း ဘက်တီးရီးယားတွေ စုပြုံလာရင် အနံ့ဆိုးထွက်နိုင်တာကြောင့် လျှာမျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက်ပေးသင့်ပါတယ်။

Source: Indian Express