ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိုနယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြတ်မော်တင်စွန်းဘုရားပွဲတော်သို့ လူဦးရေ ၁၀၀၀ ကို သဘော်သုံးစီးနဲ့အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ရာလိုက်ပါသူများပြားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 25 February 2025
#မြတ်မော်တင်စွန်းဘုရားပွဲတော်
#YMG/NN #Yangon_Times
ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခွင့်ပြုထားသော Paraquat ပေါင်းသတ်ဆေး လက်ကျန်ပစ္စည်းများကို ဧပြီလ ၁ ရက်နေ့မတိုင်မီ အပြီးရုတ်သိမ်းရမယ်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သိရပါတယ်။
#Local_News
Published 25 February 2025
#Paraquat #ပေါင်းသတ်ဆေး
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုတဲ့ ကုမ္ပဏီတွေကိုဖိတ်ခေါ်နေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေသိရပါတယ်။
#Local_News
Published 25 February 2025
#ပိန်းရိုးခြောက် #ကိုရီးယားနိုင်ငံ
#YMG/NN #Yangon_Times
#Daily_News
Published 25 February 2025
၁။ မြတ်မော်တင်စွန်းဘုရားပွဲတော်သို့ဘုရားဖူး(၁၀၀၀)အား အခမဲ့ပို့ဆောင်မည့်ခရီးစဉ် စတင်မည်
၂။ ဈေးကွက်တွင်းရှိ Paraquat ပေါင်းသတ်ဆေး လက်ကျန်ပစ္စည်းများကို ဧပြီလ(၁)ရက်နေ့မတိုင်မီ အပြီးရုတ်သိမ်းရမည်
၃။ ကိုရီးယားနိုင်ငံသို့ ပိန်းရိုးခြောက်တင်ပို့လိုသည့် ကုမ္ပဏီများအားဖိတ်ခေါ်
၄။ ဆောင်ပြီးသားအခွန်များအတွက်ပြန်ပေးငွေရရှိရန် အမေရိကန်ကုမ္ပဏီအများအပြားတရားစွဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 February 2025
▪️ တောင်ငူခရိုင်အတွင်းရှိ ခပေါင်းဆည်ရေသောက်စနစ်မှ နွေစပါး နှင့် အခြားသီးနှံဧက ၅၃၀၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေနေကြောင်းသိရသည်။
▪️ အဆိုပါ ခပေါင်းဆည်ရေသောက်စနစ်မှ နွေစပါး ဧက ၄၀၀၀၀ နှင့် နွေအခြားသီးနှံဧက ၁၃၂၀၀ စုစုပေါင်းဧက ၅၃၂၀၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိ ကြောင်းသိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ၂၃ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ခပေါင်းဆည်ရေသောက်စနစ် နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ရာ ဒုတိယဝန်ကြီးသည် ခပေါင်းဆည်ရေသောက်စနစ် လက်ဝဲတူးမြောင်းမကြီး၊ လက်ဝဲလက်တံမြောင်းအမှတ်(၁က)၊ လက်ယာလက်တံမြောင်း အမှတ်(၃)နှင့် လက်ယာတူးမြောင်းမကြီး (မြောင်းခွဲ)များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
▪️ ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဆည်ရေသောက် ဧရိယာများအတွင်း ရေပေးမြောင်းနှင့် ရေနုတ်မြောင်းစနစ်များ အစဉ်ကောင်းမွန်စေရေး ပုံမှန်ပြုပြင်ရန်၊ ရေပေးကာလအတွင်း အလေအလွင့်နည်းပါးရေး ဆောင်ရွက်ရန်၊ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျစီမံခန့်ခွဲကြရန်၊ ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေဆီလွှာပျက်စီးစေနိုင်သဖြင့် သဘာဝမြေဩဇာကို မျှတစွာသုံးစွဲတတ်စေရန်နှင့် မြေဆီလွှာအရည်အသွေးမကျဆင်းအောင် ကြိုတင်ကာကွယ်ထိန်းသိမ်းရန်၊ လယ်ယာသုံးစက်ကိရိယာများ လယ်ယာကဏ္ဍကွင်းဆက်တစ်လျှောက်လုံး ပိုမိုတွင်ကျယ်စွာသုံးစွဲရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နွေစပါးနှင့် နွေအခြားသီးနှံရာသီတွင် လျာထားဧကများပြည့်မီ၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးသည် ကေတုမတီမြို့ဟောင်း မြောက်ဘက်ကျုံးအလျားပေ ၁၄၃၀ ဆလံလျောကျောက်ကြီးစီခြင်း၊ မြေဖို့ခြင်းလုပ်ငန်းနှင့် ကွန်ကရစ် (Pile) ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုပြီးလုပ်ငန်များ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 February 2026
■ အမေရိကန်လူမျိုး ၁၀ ယောက်မှာ ၆ ယောက်လောက်က သမ္မတဒေါ်နယ်ထရမ့်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ စိတ်သဘောထား မတည်ငြိမ်တော့ဘူးလို့ ထင်နေကြကြောင်း စစ်တမ်းတစ်ခုမှာ သိရပါတယ်။
■ အသက် ၇၉ နှစ်ရှိ သမ္မတကြီး ကွန်ဂရက်မှာ နှစ်စဉ်ပြည်ထောင်စုမိန့်ခွန်းမပြောခင် ၆ ရက်တာ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
■ ဒီထဲမှာ ဒီမိုကရက် ၈၉ ရာခိုင်နှုန်း၊ ရီပတ်ဘလစ်ကန် ၃၀ ရာခိုင်နှုန်း၊ ကြားနေ ၆၄ ရာခိုင်နှုန်းအပါအဝင် ဖြေဆိုသူအားလုံးရဲ့ ၆၁ ရာခိုင်နှုန်းက ထရမ့်ဟာ အသက်ကြီးလာတဲ့အချိန်မှာ စိတ်မတည်ငြိမ်တော့ဘူးလို့ ထင်မြင်လာကြပါတယ်။
■ စစ်တမ်းရလဒ်တွေဆိုတာ အမှားအယောင်တွေဖြစ်ပြီး ထရမ့်ရဲ့ ထက်မြက်စူးရှမှု၊ ခွန်အားနဲ့ သမိုင်းတွင်ဆောင်ရွက်ချက်တွေက ယခင်သမ္မတ ဂျိုးဘိုင်ဒင်ထက် များစွာထူးခြားနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဒေးဗီးစ်အင်ဂယ်က ပြောပါတယ်။
■ လတ်တလောလများအတွင်း ထရမ့်ရဲ့ကျော်ကြားမှု အနည်းငယ်ပြောင်းလဲလာပြီး စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းလောက်က ထရမ့်ရဲ့ သမ္မတစွမ်းရည်တွေကို အသိအမှတ်ပြုနေကြပေမယ့် ကနဦး ၄၇ ရာခိုင်နှုန်းထက်တော့ နိမ့်ပါးနေပါတယ်။
■ ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက အမေရိကန် နိုင်ငံရေးဦးဆောင်သူတွေဟာ တိုင်းပြည်ကိုကိုယ်စားပြုဖို့ အသက်ကြီးလွန်းနေပြီလို့ ယုံကြည်နေကြပါတယ်။
■ ၄၅ ရာခိုင်နှုန်းကသာ ထရမ့်ဟာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်နေသေးတယ်လို့ ယူဆနေကြပြီး ၂၀၂၃ ခုနှစ်က ၅၄ ရာခိုင်နှုန်းကနေ ကျဆင်းလာတာ ဖြစ်ပါတယ်။
■ ထရမ့်ဟာ အခွန်စည်းကြပ်မှု ကိစ္စတွေကြောင့် တိုက်ခိုက်ခံနေရပြီး တရားရုံးချုပ်မှ ပယ်ဖျက်ခဲ့ပါတယ်။
Source: Reuters
#Local_News
Published 25 February 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၀၁ ဦး၊ နမီးဘီးယားနိုင်ငံသား ခြောက်ဦး၊ သီရိလင်္ကာ နိုင်ငံသား ငါးဦး၊ ကင်ညာနိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား လေးဦး၊ တောင်အာဖရိကနိုင်ငံသား လေးဦး၊ ဇင်ဘာဘွေနိုင်ငံသား သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦး၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဘီနင်နိုင်ငံသား တစ်ဦးနှင့် ဘူရွန်ဒီနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၄ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
▪️ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ
Minister Counsellor Mr. Mohamad Arif Sulaksono နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ Counsellor Ms. Jarin Sijaya Abdul Hathi နှင့်တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ နမီးဘီးယားနိုင်ငံသံရုံးမှ Second Secretary Ms. Laina S Mundilo နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Administrative and Technical Staff Mr. Deepak Pathak နှင့်တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံ၊ ကင်ညာနိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီနင်နိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 25 February 2026
■ ဒီဂျစ်တယ်ပစ္စည်းတွေ စွဲလမ်းလာခြင်းနဲ့အတူ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အဖြစ်များလာတယ်လို့ Economics Survey မှာ ဖော်ပြထားပါတယ်။
■ ကျောင်းသားတွေကြား ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်တက်လာကာ နေရာဒေသ လူမျိုးပေါင်းစုံ အခက်အခဲမရှိ ချိတ်ဆက်လာနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အာရုံစူးစိုက်မှု ပြဿနာများ၊ လက်တွေ့လောက အားနည်းခြင်း စတာတွေ စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဒါ့အပြင် ကလေးတွေမှာ အိပ်စက်မှု၊ ပညာသင်ကြားမှု၊ မျက်နှာချင်းဆိုင် ဆက်ဆံမှုတွေမှာ လိုအပ်ချက်တွေ ဖြစ်လာစေပါတယ်။
■ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ မြင်နေရတာတွေက လူငယ်တွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်အပေါ် စိုးရိမ်မှုမြင့်လာစေပြီး အာရုံစူးစိုက်မှု အားနည်းခြင်း၊ စိုးရိမ်စိတ်မြင့်ခြင်း၊ အပြုအမူပိုင်းပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
■ ကျောင်းတွေမှာ မီဒီယာအချက်အလက်တွေအကြောင်း ဆန်းစစ်နိုင်အောင် လေ့ကျင့်ခြင်းဖြင့် လူငယ်တွေရဲ့ အရေးပေါ်တွေးခေါ်နိုင်စွမ်း အားကောင်းစေပြီး ဆိုရှယ်မီဒီယာကို အားမကိုးဘဲ ဖန်တီးလာနိုင်စေမှာ ဖြစ်ပါတယ်။
■ အင်တာနက်ပေါ်မှ စံပြပုဂ္ဂိုလ်တွေဟာလည်း တာဝန်ယူစိတ်ရှိပြီး လူ့ကျင့်ဝတ်ညီစွာ ပြုမူကြဖို့နဲ့ မှန်ကန်တဲ့ နေထိုင်မှုပုံစံတွေ ပြုမူပြဖို့ လိုအပ်ပါတယ်။
■ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအနေနဲ့ စိတ်ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ပြီး ဘေးကင်းစိတ်ချရတဲ့ ဒီဂျစ်တယ်ဝန်းကျင်ဖြစ်အောင် ဖန်တီးသင့်ပါတယ်။
■ လူငယ်တွေအနေနဲ့ အားကစား၊ ဖန်တီးမှုလိုက်စားခြင်း၊ ပြဿနာ ဖြေရှင်းခြင်း၊ အရေးပေါ်တွေးခေါ်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး လေ့ကျင့်ခြင်းတို့ ကျင့်ကြံသင့်ပါတယ်။
■ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း၊ ဒီဂျစ်တယ်ဖန်သားပြင်ပစ္စည်း အသုံးပြုမှု လျှော့ချခြင်းတို့ဖြင့် စိတ်ဓာတ်ကြံ့ခိုင်စေပြီး စိတ်ကျန်းမာရေး အထောက်အကူ ဖြစ်စေမှာပါ။
Source: Indian Express
#World_Health
Published 25 February 2026
■ ရာသီဥတု မိုးတွေရွာတဲ့အခါ လူတွေက လျှော်ပြီးသားအဝတ်တွေကို အိမ်ထဲမှာပဲ လှန်းကြပါတယ်။
■ ဒီလိုမျိုး အိမ်ထဲမှာ အဝတ်လှန်းတာဟာ အိမ်တွင်းထဲမှာ စိုထိုင်းဆတက်စေပြီး လေတွေ လေးလံလာပါတယ်။
■ စိုစွတ်မှုများလာကာ မှိုပေါက်ဖွားနိုင်ပြီး အသက်ရှူကြပ်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ လေဝင်လေထွက် မကောင်းတော့ဘဲ နံရံတွေ၊ မျက်နှာကျက်တွေ၊ ပရိဘောဂတွေမှာ စိုစွတ်လာပါတယ်။
■ အချိန်ကြာလာရင် မှိုတွေ ရှင်သန်ပေါက်ဖွားလာကြပြီး ပစ္စည်းမျက်နှာပြင်တွေ ပျက်စီးစေပါတယ်။
■ လေထဲက မှိုအပေါက်တွေက မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတို့ကို ယားယံစေပြီး ရင်ကြပ်၊ အသက်ရှူပြဿနာ ရှိသူတွေဆိုရင် မှိုနဲ့ထိတွေ့တဲ့အခါ ပိုဆိုးစေနိုင်ပါတယ်။
■ မှိုအမှုန်အမွှားတွေက အသက်ရှူလမ်းကြောင်းများ ရောင်ရမ်းစေကာ ရင်ကြပ်ကို ပိုဆိုးစေသလို ကျန်းမာတဲ့လူတွေမှာတောင် စိုထိုင်းတဲ့လေနဲ့ ကြာရှည်ထိတွေ့တဲ့အခါ ချောင်းဆိုးခြင်းလိုမျိုး လက္ခဏာတွေ ဖြစ်စေပါတယ်။
■ ချသတ္တဝါတွေကို အားပေးရာရောက်ပြီး ပရိဘောဂတွေ ကြမ်းခင်းတွေ ပျက်စီးစေသလို အခန်းထဲမှာ ချမ်းအေးမှု ပိုမိုခံစားရစေပါတယ်။
■ လေဝင်လေထွက် မကောင်းတဲ့အိမ်တွေမှာ အဝတ်စိုတွေလှန်းရင် ဒီလိုအန္တရာယ်တွေ အဖြစ်များပါတယ်။
■ မတတ်သာလို့ အိမ်ထဲမှာ လှန်းရမယ်ဆိုရင် ပြတင်းပေါက်တွေဖွင့်၊ လေမှုတ်ထုတ်ပန်ကာများ အသုံးပြုခြင်း၊ အခန်းထဲမှာ လေသန့်စင်စက် ထားရှိခြင်း၊ အိပ်စက်တဲ့နေရာအနီး မလှန်းခြင်း၊ စိုစွတ်မှုတွေ ထွက်သွားအောင် တံခါးများဖွင့်ထားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
■ လေဝင်လေထွက် ကောင်းအောင်ထားပြီး စိုစွတ်မှုကို ထိန်းသိမ်းနိုင်ပါက မှိုပေါက်ဖွားမှု လျှော့ချနိုင်ပြီး အိမ်တွင်းလေ အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။
Source: India Today
တရုတ်မီဒီယာအဖွဲ့(CMG)ရဲ့ တရုတ်နှစ်ကူးပွဲတော်အတွင်း လူသားပုံစံစက်ရုပ်တွေရဲ့ ဖျော်ဖြေမှုတွေက အံ့ဩဖွယ်ကောင်းလွန်းပြီး တစ်ကမ္ဘာလုံးကလူတွေကို စိတ်လှုပ်ရှားစေတဲ့အပြင် တရုတ်တို့ရဲ့ စက်ရုပ်ကဏ္ဍ အလျင်အမြန်တိုးတက်လာနှုန်းကို မြင်တွေ့နေရပါတယ်။
#Asia_Technology
Published 24 February 2025
#CMG #တရုတ်နှစ်ကူးပွဲတော်
#YMG #Yangon_Times #Yangon_Media_Group
တောင်ကိုရီးယားနိုင်ငံမှ လှူဒါန်းထားတဲ့ အရန်ဆန်တန်ချိန် ၁၆၂၀ကို မန္တလေးငလျင်ကြီးဒဏ်သင့်သူများထံခရိုင်၊ မြို့နယ်တွေကတစ်ဆင့် စနစ်တကျ ခွဲဝေထောက်ပံ့ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
#Local_News
Published 24 February 2025
#ဆန် #မန္တလေးငလျင်ကြီးဒဏ်
#YMG/NN #Yangon_Times
လာမယ့်ပညာသင်နှစ်မှစတင်ကာအလယ်တန်းအဆင့်မှာ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘာသာရပ်တွေကို သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 24 February 2025
#စက်မှု_စိုက်ပျိုးရေး
#YMG/SW #Yangon_Times
Page 147 of 2054