#World_News
Published 01 June 2026

■ အမေရိကန် အစိုးရအဖွဲ့ဟာ စစ်တပ်အတွက် ဉာဏ်ရည်တု AI စွမ်းရည်ကို အပြည့်အဝအသုံးချရန် တွန်းအားပေးနေပေမယ့် လျင်မြန်စွာတိုးတက်နေသော ထိုနည်းပညာအပေါ် ထိန်းချုပ်ကန့်သတ်ချက်များ ထားရှိပေးရန် အချို့ကုမ္ပဏီများရဲ့ တောင်းဆိုမှုများနဲ့ ရင်ဆိုင်နေရပြီး စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များပင် သတိပေးနေပါတယ်။

■ အမေရိကန် အထူးစစ်ဆင်ရေးဌာနချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဖရန့်ခ်ဘရက်ဒ်လေက ညီလာခံမှာ ပြောကြားရာမှာ တပ်မတော်သားများအနေဖြင့် လူသတ်နိုင်စွမ်းရှိတဲ့ လက်နက်စနစ်များ ပံ့ပိုးပေးရာမှာ AI ကို ဘယ်လိုမျိုး အသုံးချမလဲ ပေါင်းစပ်ထည့်သွင်းမလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အထူးသတိထားကြရန် လိုအပ်ကြောင်း ဆိုပါတယ်။

■ ဗိုလ်ချုပ် ဘရက်ဒ်လေက အနာဂတ်မှာ AI ဟာ စစ်ရေးပစ်မှတ်များကို ရွေးချယ်ပေးလိမ့်မယ်လို့ စိတ်ကူးပုံဖော်ထားပြီး လူသားများအနေဖြင့် ထို AI ပစ်မှတ်တာတွေကိုပဲ သေချာပေါက်တိုက်ခိုက်မှု ပြုလုပ်မှာဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

■ နည်းပညာကုမ္ပဏီများနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ ပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က စစ်ဘက်ဆိုင်ရာ AI အလျင်အမြန် အသုံးပြုရန် တွန်းအားပေးနေပါတယ်။

■ တရုတ်နိုင်ငံအပေါ် စစ်ရေးပြိုင်ဆိုင်မှုအသာစီး ဆက်လက်ရယူရန် ရီပတ်ဘလစ်ကန်အစိုးရက စစ်ဘက်ဆိုင်ရာ AI အရှိန်မြှင့်တင်ရေးကို ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

■ အမေရိကန်ရဲ့ နည်းပညာဆန်းသစ်တီထွင်မှုနှုန်းကို အဟန့်အတားမဖြစ်စေရန် သမ္မတ ဒေါ်နယ်ထရမ့်က AI ဘေးကင်းလုံခြုံရေး အကာအကွယ်များပေးရန် ရည်ရွယ်ထားတဲ့ အမိန့်တစ်ခုကို ဖျက်သိမ်းပေးခဲ့ပါတယ်။

Source: Reuters