#World_News
Published 02 June 2026

■ မလေးရှားဟာ လူငယ်များအတွက် အွန်လိုင်းဘေးကင်းလုံခြုံရေး အကာအကွယ်များ တင်းကျပ်ရေးနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုမှာ ပူးပေါင်းပါဝင်လာကာ အသက် ၁၆ နှစ်အောက် ကလေးငယ် သန်းပေါင်းများစွာကို လူမှုကွန်ရက်အကောင့်များ သုံးစွဲခွင့် ပိတ်ပင်တဲ့ စည်းမျဉ်းများကို တနင်္လာနေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

■ အဆိုပါ စည်းမျဉ်းများအရ လူမှုကွန်ရက် ပလက်ဖောင်းများဟာ အသက်အရွယ် စိစစ်သည့်စနစ်များ ထည့်သွင်းရန်နဲ့ အသက် ၁၆ နှစ်အောက် အသုံးပြုသူများ အကောင့်အသစ်မဖွင့်နိုင်အောင် တားဆီးပိတ်ပင်ရန် လိုအပ်ပါတယ်။

■ ယင်းစည်းမျဉ်းများဟာ Facebook၊ Instagram၊ TikTok နဲ့ YouTube အပါအဝင် အသုံးပြုသူ အနည်းဆုံး ၈ သန်းရှိတဲ့ ပလက်ဖောင်းများနဲ့ သက်ဆိုင်မှာဖြစ်ပါတယ်။

■ အွန်လိုင်းအန္တရာယ်များမှ အရွယ်မရောက်သေးသူများကို ကာကွယ်ရန်အတွက် နိုင်ငံအမြောက်အမြားဟာ အသက်အရွယ်အပေါ်အခြေခံတဲ့ လူမှုကွန်ရက်ကန့်သတ်ချက်များကို ပြဋ္ဌာန်းဖော်ထုတ်ခြင်းများ ပြုလုပ်နေကြပါတယ်။

■ ဒီလိုမျိုး တင်းကျပ်တဲ့ပိတ်ပင်မှု‌တွေက ဆယ်ကျော်သက်တွေအနေနဲ့ အထိန်းအကွပ် မရှိတဲ့ ပလက်ဖောင်းတွေဆီ တွန်းပို့ရာ ရောက်နိုင်တယ်လို့ သတိပေးနေကြပါတယ်။

■ ID အချက်အလက်များ တောင်းခံတဲ့အပေါ် လုံခြုံရေးစိုးရိမ်ပူပန်မှုများ မြင့်တက်နေပါတယ်။

■ လူငယ်အသုံးပြုသူများ ထိခိုက်နစ်နာစေမှုအတွက် Meta နှင့် YouTube တို့ နစ်နာကြေးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့တဲ့ ဖြစ်စဉ်များအတိုင်း နည်းပညာကုမ္ပဏီများအပေါ် ဥပဒေအရနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖိအားများပိုမိုတိုးမြင့်လာနေပါတယ်။

Source: NDTV