#World_Health
Published 02 June 2026

■ ကျွမ်းကျင်သူများ ပြောကြားချက်အရ ည ၉ နာရီနောက်ပိုင်းမှ ပုံမှန်ညစာစားခြင်းဟာ ခန္ဓာကိုယ် ဇီဝလည်ပတ်မှုပုံစံ ပျက်စီးစေပြီး ညဘက်သဘာဝအတိုင်း ပြန်လည်စုဖွဲ့‌‌ေပးတဲ့ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေကာ ရေရှည်မှာနှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ
မြင့်တက်စေပါတယ်။

■ ည ၉ နာရီနောက်ပိုင်း ညစာစားခြင်းက ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း အနားယူမှုစနစ်ကို ထိခိုက်စေပြီး သွေးတိုး၊ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာများနဲ့ လေဖြတ်နိုင်ခြေတို့ကို ပိုမိုမြင့်မားစေပါတယ်။

■ ညဉ့်နက်မှ အစာစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ညပိုင်းဂလူးကို့စ်ခံနိုင်ရည်စွမ်းရည် ကျဆင်းခြင်းနဲ့ သွေးဖိအားမြင့်တက်ခြင်းတို့ဟာ ဆီးချိုအပါအဝင် ရေရှည်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

■ စားပြီးနောက် လှဲနေမယ်ဆိုရင် အက်ဆစ်လျှံတက်ခြင်း၊ အစာမကြေခြင်းတို့ ဖြစ်နိုင်ကာ အိပ်စက်မှု ထိခိုက်စေနိုင်ပါတယ်။

■ ရေရှည်အိပ်ရေးပျက်တဲ့အခါ နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

■ ည ၇ နာရီမှ ၈ နာရီအတွင်း ညစာစားသင့်ကာ အိပ်ချိန်နဲ့ ၃ နာရီလောက် ခြားသင့်ပါတယ်။

■ ဒီလိုမျိုး အချိန်မှန်လေး စားတဲ့အခါ နှလုံးသွေးကြောကျန်းမာရေးကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

Source: NDTV