#Local_News
Published 23 December 2025
■ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။
■ ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၂၀/၂၀၂၅ ဖြင့် “AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပြီး Legal Assistant AI Model ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာအချက်အလက်များ ထည့်သွင်းပြီးစီးမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
■ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်း အဖွဲ့ဝင်တို့က AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်ရန် data collection ပြုလုပ်ခြင်းနှင့်ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
■ ထို့နောက် တက်ရောက်လာကြသူများက AI နည်းပညာကို ဥပဒေအသိပညာနှင့် ချိတ်ဆက်၍ ကျယ်ပြန့်စွာ အသုံးချခြင်းဖြင့် ပြည်သူများအား ဥပဒေဗဟုသုတအသိပညာများကို ဖြန့်ဖြူးနိုင်ရေး၊ Legal Assistant AI Model ပိုမိုကောင်းမွန်စေရန် ထပ်မံထည့်သွင်းလေ့ကျင့်ရမည့် ဥပဒေများအတွက် Data စုဆောင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်လူနေအိမ်မီးလောင်မှု တစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ၂၃ရက်နေ့၊ ယနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃ x ၇၄ လမ်းကြား ၃၅ လမ်း မောရဂီဝရပ်ကွက်တွင် ပျဉ်ထောင်နှစ်ထပ်နံကပ် လူနေအိမ်မီးလောင်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး မနက် ၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 23 December 2025
■ နှစ်ပေါင်း ၁၂,၀၀၀ နီးပါးအကြာမှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမီးတောင်ကြောင့် ကမ္ဘာကြီးဟာ ဒီလိုသဘာဝဘေးအန္တရာယ်ကြီးအတွက် အဆင်သင့် ဖြစ်မနေသေးတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်လာပါတယ်။
■ ဆစ္စလီမှ အက်နာတောင်၊ အမေရိကန်မှ ယဲလိုးစတုန်းတို့လို လှုပ်ရှားမီးတောင်တွေဟာ နောက်ထပ် မီးတောင်ကပ်ဘေး ဖြစ်လာလိမ့်မယ်လို့ မိုက်ခ်ကက်ဆီဒီက ဖော်ပြထားပါတယ်။
■ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ အီသီယိုးပီးယားမြောက်ပိုင်းမှ ဟေလီဂက်ဘီမီးတောင်ဟာ နောက်ဆုံးရေခဲခေတ်နောက်ပိုင်း ပထမဆုံးဥပမာပေးရမယ့် ဖြစ်ရပ်ပါ။
■ ပြာမှုန်တွေက အမြင့်ပေ ၄ သောင်းခွဲအထိ မြင့်တက်သွားကာ အိန္ဒိယမြောက်ပိုင်းသို့ ရွေ့သွားပါတယ်။
■ နောက်တစ်ခုက မက္ကဆီကိုမီးတောင် အယ်ချီချွန်ဖြစ်ပြီး ရာစုနှစ်တွေတိုင်အောင် ငြိမ်သက်နေခဲ့ရာကနေ ၁၉၈၂ ခုနှစ်မှာ ပေါက်ကွဲခဲ့ကာ ကျောက်ရည်ပူတွေ၊ ပြာမှုန်တွေက အပျက်အစီးများစေပြီး လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုကြီးလည်း ဖြစ်ခဲ့ပြီး ကမ္ဘာ့မြောက်ဘက်ခြမ်း အေးမြသွားကာ အာဖရိကကတော့ မိုးခေါင်ရေရှားသွားပါတယ်။
■ ကမ္ဘာပေါ်က လှုပ်ရှားမီးတောင်တွေရဲ့ တဝက်အောက်ကိုသာ စောင့်ကြည့်နေကြပြီး လူသိများတဲ့တောင်တွေကိုပဲ ဦးစားပေးသလို ဖြစ်နေတယ်လို့ ကက်ဆီဒီက ဆိုပါတယ်။
■ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗန်နျူတူတို့က မီးတောင် ၁၆၀ ကျော်အားလုံးထက် အက်နာမီးတောင်တစ်ခုတည်းကို လေ့လာချက်တွေ ပိုပြီးပြုလုပ်နေကြပါတယ်။
■ မီးတောင်ပေါက်ကွဲမှုကြီးတွေရဲ့ ၄ ပုံ ၃ ပုံလောက်ဟာ အနည်းဆုံး နှစ် ၁၀၀ အတွင်း ငြိမ်သက်နေတဲ့ မီးတောင်တွေဖြစ်ပြီး မီးတောင်ခန့်မှန်းမှုတွေကို စောင့်ကြည့်တဲ့စနစ်တွေက လိုအပ်ချက်ရှိနေတယ်လို့ သတိပေးသွားပါတယ်။
Source: WION
#World_News
Published 23 December 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Trump class အမျိုးအစား စစ်သင်္ဘောသစ် အစီအစဉ်တွေကို တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
■ ဒါဟာ ရေတပ်ဖွဲ့စည်းမှု တိုးချဲ့လာခြင်းရဲ့အစဖြစ်သလို ကာကွယ်ရေး ကန်ထရိုက်တာတွေ ထုတ်လုပ်မှုနှောင့်နှေးတာတွေ ကုန်ကျစရိတ် ကျော်လွန်နေတာတွေအတွက် တိုးမြှင့်စိစစ်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
■ စစ်သင်္ဘောအသစ်တွေက ယခင်သင်္ဘောတွေထက် အဆ ၁၀၀ လောက်ပိုပြီး ကြီးမားမြန်ဆန် အစွမ်းထက်မှာဖြစ်တယ်လို့ ဆိုလိုက်ပြီး အမေရိကန်ရေတပ်စိုးမိုးရေး ခိုင်မာဖို့ ရွှေရောင်ရေတပ်ကြီး တိုးချဲ့ရန်အတွက် အခရာဖြစ်ကြောင်း ပြောသွားပါတယ်။
■ စစချင်းမှာ သင်္ဘောနှစ်စင်းဖြင့် စတင်မှာဖြစ်ပြီး အစင်း ၂၀ မှ ၂၅ စင်းကြား တိုးမြှင့်သွားဖို့ရှိပါတယ်။
■ ပထမဆုံးအမျိုးအစားကို USS Defiant လို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။
■ ဒါဟာ သမ္မတက သူ့ရဲ့ပုံရိပ်ဖြင့် ဖက်ဒရယ်အစိုးရ ရှုထောင့်ကနေ အမည်ပြောင်းလိုက်တဲ့သဘော ဖြစ်နေပါတယ်။
■ ယခင်က အမေရိကန် စစ်သင်္ဘောပုံစံတွေကို ဝေဖန်ခဲ့တဲ့ ထရမ့်ကတော့ ယခုအခါ ဒီဇိုင်းထုတ်လုပ်ပုံတွေမှာ ပါဝင်ပတ်သက်လာပြီ ဖြစ်ပါတယ်။
■ ယခုသင်္ဘောတွေက တန်ချိန် ၃ သောင်းလောက် ပိုလေးလာပြီး ဉာဏ်ရည်တုစနစ်၊ လေဆာစနစ်များ အပါအဝင် နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်ထားပါတယ်။
■ ကာကွယ်ရေး ကန်ထရိုက်တာတွေကို ကုန်ကျစရိတ် ထိရောက်စွာဖြင့် အရှိန်မြှင့်ထုတ်လုပ်ပေးဖို့လည်း ဖိအားပေးထားပါတယ်။
■ ကာကွယ်ရေးကန်ထရိုက်တာတွေရဲ့ စီမံကိန်းတွေ ဘက်ဂျက်များလွန်းနေပြီး အချိန်ကြန့်ကြာတာတွေကို အစိုးရက ဖြေရှင်းဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
Source: Reuters
#World_Science
Published 23 December 2025
■ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ကာလအပိုင်းအခြားအလိုက် ဖြစ်စဉ်ပြောင်းလဲလာပြီး ဦးနှောက်အာရုံကြောကွန်ရက် ပြောင်းလဲကာ စဉ်းစားတွေးခေါ်ပုံတွေလည်း မတူတော့ပါဘူး။
■ ပျမ်းမျှအားဖြင့် အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ ဦးနှောက်ဖွဲ့စည်းပုံ စရိုက်လက္ခဏာတွေ သိသိသာသာ ပြောင်းလဲသွားကြတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိလာပါတယ်။
■ အသက် ၉ နှစ်မှ ၃၂ နှစ်ကြားကာလက အာရုံကြောကွန်ရက်များ အလွန်အကျိုးရှိထိရောက်တဲ့ တစ်ခုတည်းသောကာလ ဖြစ်နေပါတယ်။
■ ၃၂ နှစ်နဲ့ ၆၆ နှစ်ကြား အရွယ်ရောက်ပြီးကာလမှာ ဦးနှောက်က ပြောင်းလဲမှုကြီးတွေ မရှိတော့ဘဲ တည်ငြိမ်သွားကြပါတယ်။
■ ၈၃ နှစ်နောက်ပိုင်းမှာတော့ ဦးနှောက်ကြား ချိတ်ဆက်မှုတွေ စတင်ယုတ်လျော့လာပါတယ်။
■ ဒါဟာ ဦးနှောက်ပြောင်းလဲမှုက အသက်အရွယ်အလိုက် အတက်အကျရှိနိုင်တယ်ဆိုတာကို နားလည်စေတဲ့ ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ သုတေသီ အလက်ဆာမော်စလေက ပြောပါတယ်။
■ သုတေသီအဖွဲ့က မွေးကင်းစအရွယ်ကနေ အသက် ၉၀ ကြားရှိတဲ့ လူပေါင်း ၃,၈၀၀ ခန့်ကို ဦးနှောက်အတွင်း မော်လီကျူးရွေ့လျားမှုပုံရိပ်တွေကို ဓာတ်မှန်ရိုက်ခဲ့ကာ အာရုံကြောချိတ်ဆက်မှုတွေကို လေ့လာဖို့ ကြိုးစားခဲ့ပါတယ်။
■ ၉ နှစ်မှ ၃၂ နှစ်ကြားကာလဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများဆုံးဖြစ်တတ်ကြတာကို တွေ့ခဲ့ကြပါတယ်။
■ တွေ့ရှိချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုပေမယ့် ဒါတွေကို အတည်ပြုနိုင်ဖို့နဲ့ ဦးနှောက်ပြောင်းလဲတဲ့ အသက်အရွယ်တွေကို အတိအကျသတ်မှတ်နိုင်ဖို့ဆိုတာ နောက်ထက်သုတေသနတွေ လိုအပ်နေပါသေးတယ်။
Source: NBC News
ဆစ်ဒနီမှ ဘွန်ဒီကမ်းခြေ သေနတ်ပစ်ခတ်မှုဟာ ဩစတြေးလျရဲ့ ထောက်လှမ်းရေးစနစ် ပြဿနာတွေရှိနေတာကို ပြသနေပြီး ပြန်လည်သုံးသပ်စစ်ဆေးဖို လိုလာပြီဆိုတာကို ဝန်ကြီးချုပ် သိုနီအယ်ဘေးနိစ်က ဝန်ခံလိုက်ပါတယ်။
#World_News
#ဩစတြေးလျ #ဘွန်ဒီကမ်းခြေ
Published 22 December 2025
#YMG #Yangon_Times #Yangon_Media_Group
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 22 December 2025
#ပုဂံ_ညောင်ဦး #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ယုဇနနဲ့ကျန်စစ်မင်းအိမ်ရာတွေမှာ အိမ်ရာအဆောက်အအုံ၂၄လုံးထပ်တိုးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 22 December 2025
#ယုဇန #ကျန်စစ်မင်းအိမ်ရာ
#YMG/SW #Yangon_Times
ယခုဘဏ္ဍာနှစ် ရှစ်လတာအတွင်း ပြည်ပနိုင်ငံတွေကို ပုစွန်တင်ပို့တာကနေ အမေရိကန်ဒေါ်လာ ၂၁သန်းကျော် ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 22 December 2025
#ပုစွန် #ငါး
#YMG/NN #Yangon_Times
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ နှစ်လကျော် ကာလအတွင်းခရီးသွားလေးသိန်းကျော်ဝင်ရောက်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 22 December 2025
#ကျိုက်ထီးရိုးဘုရား
#YMG/NN #Yangon_Times
#Daily_News
Published 22 December 2025
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပုစွန်တင်ပို့မှုမှ ဒေါ်လာ (၂၁)သန်းကျော်ရရှိထား
၂။ ယုဇနနှင့်ကျန်စစ်မင်းအိမ်ရာတို့တွင် အိမ်ရာအဆောက်အအုံ(၂၄)လုံးထပ်တိုးတည်ဆောက်မည်
၃။ ပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ဆောင်ရွက်နေ
၄။ ဩစတြေးလျထောက်လှမ်းရေးစနစ်လိုအပ်ချက်များရှိကြောင်း ဝန်ကြီးချုပ်ဝန်ခံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 December 2025
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယမာန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်ရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ခေတ်မီမွေးမြူရေးစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
▪️ ဒုတိယဝန်ကြီးသည် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ထွန်းမြင့်(အင်မိုင်ခ) မွေးမြူရေးခြံတွင် ဒေသနွားကောင်ရေ ၁၅၀ မွေးမြူထားရှိပြီး တိရစ္ဆာန်အစာ နှံစားပြောင်းစိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးလုပ်ငန်းရှင် ဦးအုန်းခိုင်၏ စူပါကောင်း နို့စားနွားမွေးမြူရေးခြံတွင် နို့စားနွား ၇၆ ကောင်မွေးမြူပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုတို့ကိုကြည့်ရှုရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းတာဝန်ခံနှင့် လုပ်ငန်းရှင်များက ရွှေမြို့မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထပ်မံတိုးချဲ့မွေးမြူနိုင်မှုအခြေအနေနှင့် ဈေးကွက်အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
▪️ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို သတ်မှတ်ချက်များအတိုင်း ထိုးနှံပေးရေး၊ အရည်အသွေးပြည့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်နိုင်စေရန် သမားရိုးကျမွေးမြူရေးစနစ်မှ ခေတ်မီမွေးမြူရေးစနစ်သို့ ကူးပြောင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် ကံကြီးမွေးမြူရေးဇုန်ရှိ ဒေါက်တာမြတ်စံ၏ ဥစားကြက်မွေးမြူရေးခြံတွင် ဥစားကြက်အကောင်ရေ ၂၆၀၀၀ မွေးမြူထားရှိမှု၊ ဦးဝင်းသူရဇော်၏ Win Family Farm တွင် မွေးမြူရေးအစာထုတ်လုပ်မှုနှင့် ဒေသနွား ၁၀၅ ကောင်၊ နို့စားနွားအကောင် ၂၀ နှင့် အသားတိုးနွား ၁၀ ကောင် မွေးမြူထားရှိမှု၊ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်မြိုင်၏ မွေးမြူရေးခြံတွင် အသားတိုးဝက်အကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှု၊ ဦးသန်းဌေး၏ မွေးမြူရေးခြံတွင် အသားတိုးကြက် ၁၂၀၀၀ နှင့် ဒေသဆိတ်အကောင် ၇၀ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ရွှေမြို့ရှိ မွေးမြူရေး သုတေသနစခန်း၌ ပျား၊ နွားနောက်၊ မြင်း၊ အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန် စသည့် ကုန်းနေသတ္တဝါများ၏ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ မြင်းများ ၏ မျိုးပွားမှုဆိုင်ရာ ခရိုမိုဆုန်းများ ပုံမှန်ဟုတ်/ မဟုတ်ကို Polymerase Chain Reaction- PCR နည်းအားဖြင့် စစ်ဆေးသည့် သုတေသနလုပ်ငန်းများ၊ မျိုးမွေး မြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး မွေးမြူသူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် မွေးမြူရေးအခြေခံစီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးသုတေသန လုပ်ငန်းများ၏အရေးပါမှုနှင့် အချိန်တိုပြီးအသုံးချ သုတေသနဖြစ်သည့် ဒေသကြက်နှင့် ဥစားကြက်သုတေ သနရလဒ်ကောင်းများ အမြန်ဆုံး ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
▪️ မွန်းလွဲပိုင်းတွင် မြင်းမေထုန်မဲ့နှင့် မျိုးရိုးဗီဇဓာတ်ခွဲခန်း၊ ပျားမေထုန်မဲ့နှင့် မျိုးရိုးဗီဇဓာတ်ခွဲခန်း၊ တိုင်းရင်းကြက်စစ်တကောင်း၊ အင်ပင်ဝနှင့် ရွှေတဆုပ်ကြက်များ အသားစားကြက်မျိုးသစ် ဖော်ထုတ်ခြင်းနှင့် ဒေသနွားများ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
Page 148 of 2002