#World_Health
Published 31 May 2026
■ ကြက်ဥပုံမှန် စားသုံးခြင်းက သက်ကြီးရွယ်အိုတွေမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
■ လူပေါင်း ၄ သောင်းနီးပါးကို ၁၅ နှစ်ကျော် စောင့်ကြည့်ခဲ့ကြပြီး အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။
■ လေ့လာချက်ကာလအတွင်း ၂,၈၀၀ ခန့်ဟာ အယ်ဇိုင်းမားရောဂါ ဖြစ်ခဲ့ပါတယ်။
■ ကြက်ဥစားသုံးတဲ့သူတွေက မစားတဲ့သူတွေထက်စာရင် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ပိုနည်းတာ တွေ့ခဲ့ကြပါတယ်။
■ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ၊ အခြားအလေ့အကျင့်များကို ထည့်သွင်းစဉ်းစားပြီးနောက် တစ်ပတ်ကို ကြက်ဥ ၂ ကြိမ်ကနေ ၄ ကြိမ်စားသုံးသူတွေဟာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုနည်းပြီး ၅ ကြိမ်နဲ့အထက် စားသုံးသူတွေကတော့ ၂၇ ရာခိုင်နှုန်း ပိုနည်းတာ တွေ့ရပါတယ်။
■ ကြက်ဥမစားတဲ့သူတွေကတော့ ဖြစ်နိုင်ခြေ ပိုမြင့်မားကြောင်းလည်း တွေ့ရပါတယ်။
■ ကိုလင်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-ဘီ၁၂ အပါအဝင် ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ် အများအပြားဟာ ဦးနှောက်ကျန်းမာရေးနဲ့ ဆက်စပ်နေပြီး မှတ်ဉာဏ် အသိဉာဏ်လုပ်ဆောင်ချက်တို့ကို အထောက်အကူ ပြုနိုင်ပါတယ်။
■ ဒါပေမဲ့ ကြက်ဥစားခြင်းဟာ အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်တယ်လို့တော့ သက်သေမပြထားပါဘူး။
■ အယ်ဇိုင်းမားနဲ့ ပတ်သက်လာရင် နေထိုင်စားသောက်မှုပုံစံတွေရဲ့ လွှမ်းမိုးမှုတွေကို ရှာဖွေဖို့ကလည်း အရေးကြီးပါတယ်။
■ ရေရှည်ဦးနှောက်ကျန်းမာရေးအပေါ် သက်ရောက်ပုံတွေကို လေ့လာဖို့ကတော့ နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
Source: Fox17